Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 26:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 သူတို့​သည် စားသောက်နေကြ​စဉ် ယေရှု​က “သင်တို့​အား ငါ​အမှန်​ဆို၏။ သင်တို့​အထဲမှ တစ်ယောက်​သည် ငါ့​ကို သစ္စာဖောက်​လိမ့်မည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ထို​အ​ခါ​ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့ အား​ငါ​ဆို​သည်​ကား၊ သင်​တို့​အ​နက်​က​တစ်​စုံ တစ်​ယောက်​သော​သူ​သည်​ငါ့​ကို​ရန်​သူ့​လက်​သို့ အပ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 သုံး ဆောင် နေ ကြ စဉ် ကိုယ် တော် က သင် တို့ အ နက် တစ် ယောက် ယောက် သည် ငါ့ ကို ပို့ အပ် လိမ့် မည်။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 စား၍​နေ​ကြ​စဉ် ကိုယ်​တော်​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို အပ်​နှံ​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 သူ​တို့​သည်​စား​လျက်​နေ​ကြ​စဉ် ကိုယ်တော်​က“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သင်​တို့​အထဲမှ​တစ်​ယောက်​သည် ငါ့​ကို​အပ်နှံ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

21 စား၍​နေ​ကြ​စဉ် ကိုယ်​တော်​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို အပ်​နှံ​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 26:21
11 ပူးပေါင်းရင်းမြစ်များ  

“သင်တို့ သိ​နှင့်​ပြီး​ဖြစ်သည့်​အတိုင်း နှစ်ရက်​ကြာ​လျှင် ပသခါပွဲတော်​ကျရောက်မည်။ ထိုအခါ လူသား​ကို လက်ဝါးကပ်တိုင်​ပေါ်တွင် သတ်​ရန် ရန်သူ့​လက်​သို့ အပ်နှံကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထိုအခါ တပည့်တော်တို့​သည် အလွန်​စိတ်ထိခိုက်​လျက် “သခင်ဘုရား… ထို​သူ​သည် အကျွန်ုပ်​လော” ဟု တစ်ဦး​ပြီး​တစ်ဦး မေးလျှောက်ကြ၏။


သင်တို့​အားလုံး​ကို ရည်ညွှန်း​၍ ငါ​ပြောသည်​မဟုတ်။ ငါ​ရွေးချယ်ထားသော​သူတို့​ကို ငါ​သိ၏။ သို့ရာတွင် ‘ငါ​နှင့်အတူ လက်ဆုံ​စားသောသူ​သည် ငါ့​ကို ပုန်ကန်လေပြီ’ ဟု ကျမ်းစာ​တွင် ဖော်ပြထားသည့်​အတိုင်း ဖြစ်လာ​ရမည်။


ဤ​အကြောင်းအရာများ​ကို ပြောဆို​ပြီးနောက် ယေရှု​သည် အလွန်​စိတ်ပူပန်တော်မူ​လျက် “သင်တို့​အား ငါ​အမှန်​ဆို၏။ သင်တို့​အထဲမှ တစ်ယောက်​သည် ငါ့​ကို သစ္စာဖောက်​လိမ့်မည်” ဟု မိန့်တော်မူ၏။


မည်သူ​ကို ရည်ညွှန်း​၍ မိန့်တော်မူသည်​ကို တပည့်တော်တို့​သည် တွေးတော​လျက် အချင်းချင်း​တစ်ဦး​ကို​တစ်ဦး ကြည့်ကြ၏။


ဖန်ဆင်းတော်မူသော​အရာ​မှန်သမျှ​သည် ဘုရားသခင်​ရှေ့တော်​၌ ထင်ရှား၏။ ဘုရားသခင်​၏ မျက်မှောက်တော်​တွင် မထင်ရှားသည့်​အရာ တစ်စုံတစ်ခု​မျှ မရှိပေ။ ကျွန်ုပ်တို့​သည် မိမိတို့​၏​လုပ်ဆောင်ချက်များ​အတွက် ထို​အရှင်​ထံ ဝန်ခံ​ကြရမည်။


ငါ​သည် သူ​၏​သားသမီးများ​ကို အသက်​ဆုံး​စေမည်။ ငါ​သည် လူတို့​၏​စိတ်နှလုံး​နှင့် အကြံအစည်​ကို​ဆန်းစစ်သောသူ​ဖြစ်ကြောင်း အသင်းတော်​အပေါင်းတို့​သည် သိကြ​လိမ့်မည်။ သင်တို့​အသီးသီး​၏​အကျင့်​နှင့်​အညီ ထိုက်သင့်သည့်​အတိုင်း ငါ​ပေးဆပ်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ