လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 13:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ငါ့ကို ဆရာတော်ဟူ၍လည်းကောင်း၊ သခင်ဟူ၍လည်းကောင်း ခေါ်ဆိုကြ၏။ ငါသည် သင်တို့ခေါ်ဆိုသည့်အတိုင်းဖြစ်သောကြောင့် ထိုသို့ ခေါ်ဆိုသည်မှာ မှန်ကန်၏။ Common Language Bible သင်တို့သည်ငါ့ကိုဆရာတော်ဟူ၍လည်း ကောင်း၊ အရှင်ဘုရားဟူ၍လည်းကောင်းခေါ် တတ်ကြ၏။ ဤအတိုင်းလည်းဟုတ်မှန်သဖြင့် သင်တို့ခေါ်သည်မှာလျောက်ပတ်ပေ၏။- Garrad Bible ငါ့ကိုဆရာတော်ဟူ၍လည်းကောင်း၊ အရှင်ဘုရားဟူ၍လည်းကောင်း ခေါ်ကြသည်မှာ ထိုသို့ငါဖြစ်သောကြောင့်ခေါ်သင့်၏။ Judson Bible သင်တို့သည် ငါ့ကို အရှင်ဘုရားဟူ၍လည်းကောင်း၊ သခင်ဟူ၍လည်းကောင်း ခေါ်တတ်ကြ၏။ ထိုစကားသည်လည်း ဟုတ်မှန်သောစကားဖြစ်၏။ အကြောင်းမူကား၊ သင်တို့ခေါ်ကြသည်အတိုင်း ငါမှန်၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ငါ့ကို ဆရာဟူ၍လည်းကောင်း၊ သခင်ဘုရားဟူ၍လည်းကောင်း ခေါ်ကြ၏။ ငါသည် ထိုအတိုင်းဖြစ်သောကြောင့် သင်တို့ ထိုသို့ခေါ်ကြသည်မှာ လျောက်ပတ်ပေ၏။ မြန်မာ သင်တို့သည် ငါ့ကို အရှင်ဘုရားဟူ၍လည်းကောင်း၊ သခင်ဟူ၍လည်းကောင်း ခေါ်တတ်ကြ၏။ ထိုစကားသည်လည်း ဟုတ်မှန်သောစကားဖြစ်၏။ အကြောင်းမူကား၊ သင်တို့ခေါ်ကြသည်အတိုင်း ငါမှန်၏။- |
လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
ယေရှုကလည်း “သင်ပြောသည့်အတိုင်း မှန်ပါ၏။ ထိုသို့ပြုလျှင် သင်သည် အသက်ကို ရလိမ့်မည်” ဟု မိန့်တော်မူ၏။
သင်တို့သည် ငါ့စကားကို နားမထောင်ဘဲ အဘယ်ကြောင့် ငါ့ကို ‘သခင်… သခင်…’ ဟု ခေါ်ကြသနည်း။
ရှိမုန်က “ပို၍များသောအကြွေးကို ပယ်ဖျက်ခံရသောသူသည် ပို၍ ချစ်လိမ့်မည်ထင်ပါ၏” ဟု လျှောက်သော် ယေရှုက “သင်ထင်သည်အတိုင်း မှန်ပေ၏” ဟု မိန့်တော်မူ၏။
ထိုမာရိသည် ယေရှု၏ ခြေကို ဆီမွှေးလိမ်း၍ မိမိဆံပင်ဖြင့် သုတ်ပေးသောသူဖြစ်၏။ သူ၏ မောင် လာဇရုသည် ဖျားနာလျက်ရှိသောကြောင့်
ထိုသို့လျှောက်ထားပြီးနောက် မာသသည် ပြန်သွား၍ ငိုကြွေးနေကြသူများအထဲမှ မိမိညီမ မာရိကို ခေါ်လျက် “ဆရာတော် ကြွလာပြီ။ သင့်ကို ခေါ်တော်မူသည်” ဟု တိတ်တဆိတ်ပြောလေ၏။
ထိုညီအစ်မနှစ်ဦးက “သခင်… သခင်ချစ်တော်မူသောသူသည် အပြင်းဖျားလျက်ရှိပါ၏” ဟု ယေရှုထံတော်သို့ သတင်းပို့ကြ၏။
ထို့ကြောင့် သင်တို့အား ကျွန်ုပ်သိစေလိုသည်မှာ မည်သူကမျှ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ယေရှုကို ကျိန်မည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မဟုတ်လျှင် မည်သူကမျှ ယေရှုသည် သခင်ဖြစ်ကြောင်း ပြောနိုင်မည်မဟုတ်။
ကျွန်ုပ်တို့အတွက်မှာမူ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အဖဘုရားသခင် တစ်ဆူတည်းသာရှိ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်အတွက် အသက်ရှင်ကြ၏။ ထို့ပြင် ကျွန်ုပ်တို့အတွက် ယေရှုခရစ်တော်ဟူသော သခင်တစ်ပါးတည်းသာ ရှိ၍ အရာခပ်သိမ်းသည် ထိုအရှင်အားဖြင့် ဖြစ်လာပြီး ကျွန်ုပ်တို့သည်လည်း ထိုအရှင်အားဖြင့်သာ အသက်ရှင်ကြ၏။
သခင်ဖြစ်သူတို့… သင်တို့သည်လည်း ကျွန်များကို ထိုနည်းတူ ကောင်းမွန်စွာ ဆက်ဆံကြလော့။ သူတို့ကို မခြိမ်းခြောက်ကြနှင့်။ သင်တို့နှင့် သင်တို့ကျွန်များ၏ သခင်သည် ကောင်းကင်ဘုံတွင် ရှိတော်မူကြောင်းနှင့် ထိုသခင်သည် မျက်နှာမလိုက်တတ်ကြောင်းကို သိမှတ်ကြလော့။
“ယေရှုခရစ်တော်သည် သခင်ဖြစ်တော်မူသည်” ဟု နှုတ်ဖြင့် ဝန်ခံလျက် ခမည်းတော်ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားကြစေရန် ဖြစ်၏။
ထိုမျှမက ကျွန်ုပ်၏ သခင်ယေရှုခရစ်တော်ကို ရင်းနှီးကျွမ်းဝင်ရခြင်း၏ ကြီးမားသည့်တန်ဖိုးနှင့်ယှဉ်လျှင် အရာအားလုံးကို အရှုံးဟူ၍ မှတ်ယူ၏။ ခရစ်တော်အတွက်ကြောင့် အရာအားလုံးကို အရှုံးခံ၍ ၎င်းတို့ကို မစင်ကဲ့သို့ မှတ်ယူ၏။ ဤအရာမှာ ခရစ်တော်ကို ရရှိရန်နှင့်
ဘုရားသခင်တစ်ဆူတည်းရှိသည်ဟု သင်ယုံကြည်၏။ ကောင်းပေ၏။ နတ်ဆိုးများပင် ယုံကြည်၍ ကြောက်ရွံ့ထိတ်လန့်ကြ၏။