Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 13:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ငါ​သည် သင်တို့​၏​သခင်​လည်း ဖြစ်၏။ ဆရာ​လည်း ဖြစ်၏။ သို့ဖြစ်လျက်​ပင် ငါ​သည် သင်တို့​၏ ခြေ​ကို ဆေး​လျှင် သင်တို့​သည်လည်း အချင်းချင်းတို့​၏​ခြေ​ကို ဆေးကြရမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ငါ​သည်​သင်​တို့​၏​ဆ​ရာ​တော်​ဖြစ်​၏။ အ​ရှင် ဘု​ရား​လည်း​ဖြစ်​၏။ သို့​ဖြစ်​ပါ​လျက်​သင်​တို့ ၏​ခြေ​ကို​ငါ​ဆေး​ပေး​ခဲ့​၏။ သို့​ဖြစ်​၍​သင်​တို့ သည်​လည်း​အ​ချင်း​ချင်း​တို့​၏​ခြေ​ကို​ဆေး ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14-15 အရှင်ဘုရားနှင့် ဆရာတော်ဖြစ်သောငါသည် သင်တို့ခြေများကိုဆေးလျှင် သင်တို့၌ ငါပြုသည့်နည်းတူပြုကြစေရန် ငါပုံစံပြထားသည့်အလျောက် သင်တို့လည်းအချင်းချင်းတို့ခြေကိုဆေးထိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ငါ​သည် သ​ခင်​ဖြစ်​လျက်၊ အ​ရှင်​ဘု​ရား​လည်း​ဖြစ်​လျက်​နှင့် သင်​တို့၏​ခြေ​ကို​ဆေး​လျှင် သင်​တို့​သည် အ​ချင်း​ချင်း​တို့၏​ခြေ​ကို ဆေး​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ထို့ကြောင့် သခင်​ဘုရား​လည်း​ဖြစ်၍ ဆရာ​လည်း​ဖြစ်​သော​ငါ​သည် သင်​တို့​၏​ခြေ​ကို​ဆေး​လျှင် သင်​တို့​သည်​လည်း အချင်းချင်း​တို့​၏​ခြေ​ကို​ဆေး​ကြ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

14 ငါ​သည် သ​ခင်​ဖြစ်​လျက်၊ အ​ရှင်​ဘု​ရား​လည်း​ဖြစ်​လျက်​နှင့် သင်​တို့၏​ခြေ​ကို​ဆေး​လျှင် သင်​တို့​သည် အ​ချင်း​ချင်း​တို့၏​ခြေ​ကို ဆေး​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 13:14
22 ပူးပေါင်းရင်းမြစ်များ  

ထို​မာရိ​သည် ယေရှု​၏ ခြေ​ကို ဆီမွှေး​လိမ်း​၍ မိမိ​ဆံပင်​ဖြင့် သုတ်ပေးသော​သူ​ဖြစ်၏။ သူ​၏ မောင် လာဇရု​သည် ဖျားနာ​လျက်​ရှိ​သောကြောင့်


ဤ​အရာ​အားလုံးတို့​တွင် အလုပ်​ကို ကြိုးစား​လုပ်ဆောင်ခြင်း​အားဖြင့် ဆင်းရဲသားများ​အား မစထောက်ပံ့​ရမည်​ကို ကျွန်ုပ်​ပြသခဲ့၏။ ထို့ကြောင့် သခင်​ယေရှု​ကိုယ်တိုင် မိန့်တော်မူခဲ့သည့် ‘ပေးကမ်းခြင်း​သည် ရယူခြင်း​ထက် ပို၍​မင်္ဂလာရှိ၏’ ဟူသော စကားတော်​ကို သတိရကြလော့” ဟု ဆိုလေ၏။


တစ်ဦး​ကို တစ်ဦး ညီအစ်ကို​မောင်နှမ​မေတ္တာ​ဖြင့် ချစ်ကြလော့။ တစ်ဦး​ကို​တစ်ဦး ဦးစားပေး​၍ ချီးမြှောက်ကြလော့။


တစ်ဦး​နှင့် တစ်ဦး စည်းလုံး​ညီညွတ်​စွာ နေကြလော့။ နိမ့်ပါးသော​သူတို့​နှင့် မာန​မထောင်လွှားဘဲ ပေါင်းသင်း​ဆက်ဆံကြလော့။ မိမိကိုယ်ကိုယ် ငါ​သည် ပို၍ ပညာရှိသည်​ဟု မထင်မှတ်နှင့်။


ထို့ကြောင့် သင်တို့​အား ကျွန်ုပ်​သိစေလိုသည်​မှာ မည်သူ​ကမျှ ဘုရားသခင်​၏ ဝိညာဉ်တော်​အားဖြင့် ယေရှု​ကို ကျိန်မည်​မဟုတ်။ သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် မဟုတ်လျှင် မည်သူ​ကမျှ ယေရှု​သည် သခင်​ဖြစ်ကြောင်း ပြော​နိုင်မည်​မဟုတ်။


ထို့ကြောင့် ရုပ်တု​အား ပူဇော်ထားသော အသား​ကို ကျွန်ုပ်​စား​သဖြင့် အခြား​ယုံကြည်သူ​ကို မှားယွင်း​စေမည်​ဆိုပါက ထိုသို့​မမှားယွင်း​စေရန် ကျွန်ုပ် အသက်ရှင်​သမျှ​ကာလပတ်လုံး အသား​ကို မစားဘဲ​နေမည်။ အဘယ်ကြောင့်ဆိုသော် အခြား​ယုံကြည်သူ​ကို မမှားယွင်း​စေလို​သောကြောင့်​ဖြစ်၏။


သင်တို့​နှင့် လူချင်းတွေ့​သောအခါ မဝံ့မရဲ​ဖြစ်၍ အဝေး​တွင် ရှိ​သောအခါ ရဲဝံ့ပြတ်သားသည်​ဟု သင်တို့​မှတ်ယူသော ကျွန်ုပ်​ပေါလု​သည် ခရစ်တော်​၏ နှိမ့်ချမှု​နှင့် နူးညံ့သိမ်မွေ့မှု​တို့​ဖြင့် သင်တို့​ကို တိုက်တွန်း​နှိုးဆော်ပါ၏။


ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​ကို သင်တို့​သိကြ၏။ ကိုယ်တော်​သည် ချမ်းသာ​သော်လည်း သင်တို့​၏ အကျိုး​ကို​ထောက်​၍ ဆင်းရဲ​ခံတော်မူ၏။ ထိုသို့​ဆင်းရဲ​ခံတော်မူခြင်း​မှာ သင်တို့ ချမ်းသာလာ​စေရန် ဖြစ်၏။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် လွတ်လပ်ခွင့်​ရ​ရန်​အတွက် ခေါ်တော်မူခြင်း​ခံရသူများ ဖြစ်၏။ သို့သော် သင်တို့​၏ လွတ်လပ်ခွင့်​ကို မိမိ​ဗီဇစိတ်​အလို​သို့ လိုက်​ရန်​အတွက် အခွင့်အရေး​အဖြစ်​အသုံးမပြုဘဲ မေတ္တာ​ဖြင့် အချင်းချင်း​အစေခံခြင်း​အတွက် အသုံးပြုကြလော့။


“ယေရှု​ခရစ်တော်​သည် သခင်​ဖြစ်တော်မူသည်” ဟု နှုတ်​ဖြင့် ဝန်ခံ​လျက် ခမည်းတော်​ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားကြ​စေရန် ဖြစ်၏။


သူ​သည် မိမိ​သားသမီးများ​ကို ပြုစု​ပျိုးထောင်ခြင်း၊ ဧည့်ဝတ်​ကို ကျေပွန်​စွာ ပြုခြင်း၊ ယုံကြည်သူများ​၏​ခြေ​ကို ဆေးခြင်း၊ ဆင်းရဲဒုက္ခ​ကြုံတွေ့နေသူများ​ကို ကူညီခြင်း၊ အမျိုးမျိုးသော​ကောင်းမှုများ​ကို အားထုတ်​လုပ်ဆောင်ခြင်း စသည့် ကောင်းမှု​ကုသိုလ်များ​ကြောင့် နာမည်ကောင်းရသူ​ဖြစ်ရမည်။


ကျွန်ုပ်တို့​၏​ယုံကြည်ခြင်း​ကို စတင်​ဖြစ်တည်စေ​၍ ပြီးပြည့်စုံစေသော ယေရှု​၏​အကြောင်း​ကို အစဉ်​တွေးတော​ဆင်ခြင်ကြစို့။ ကိုယ်တော်​သည် မိမိ​ရှေ့​၌ရှိသော ဝမ်းမြောက်စရာ​အကြောင်း​ကြောင့် အရှက်​ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်​၏​ဝေဒနာ​ကို သည်းခံတော်မူ၏။ ယခု​တွင်မူ ဘုရားသခင်​၏ ရာဇပလ္လင် လက်ယာတော်​ဘက်​၌ ထိုင်တော်မူ၏။


ခရစ်တော်​သည် ကိုယ်ခန္ဓာ​၏​ဆင်းရဲဒုက္ခ​ကို ခံစားခဲ့ရ​သောကြောင့် သင်တို့​သည်လည်း ခရစ်တော်​ကဲ့သို့သော သဘောထား​ဖြင့် ဆင်းရဲဒုက္ခ​ကို ရင်ဆိုင်​ရန် ပြင်ဆင်ထားရမည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ခန္ဓာ​၏​ဆင်းရဲဒုက္ခ​ကို ခံစားရသော​သူတို့​သည် အပြစ်​မကျူးလွန်တော့​ရန် ဆုံးဖြတ်ထား​သောကြောင့်​ဖြစ်၏။


ထိုနည်းတူ ငယ်ရွယ်သော​သူတို့… အသင်းတော်​အကြီးအကဲတို့​ကို နာခံကြလော့။ တစ်ဦး​ကို​တစ်ဦး အချင်းချင်း ဆက်ဆံရာ​၌ နှိမ့်ချသော​စိတ်​ကို တန်ဆာ​ဆင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ​၌ “မာန​ထောင်လွှားသော​သူတို့​ကို ဘုရားသခင်​သည် ဆန့်ကျင်​၍ နှိမ့်ချသော​သူတို့​ကို ကျေးဇူးပြုတော်မူ၏” ဟု ဆိုထား​သောကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ