ရှင်ယောဟန် 11:55 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂျူးလူမျိုးတို့၏ ပသခါပွဲတော် နီးလာသဖြင့် ကျေးရွာအသီးသီးမှ လူများစွာတို့သည် သန့်ရှင်းစင်ကြယ်ခြင်းအမှုကို ပြုရန် ပွဲတော်မစမီ ဂျေရုဆလင်မြို့သို့ ကြိုတင်ရောက်လာကြ၏။ Common Language Bible ယုဒအမျိုးသားတို့၏ပသခါပွဲတော်အခါ နီးကပ်လာပြီဖြစ်၍ ကျေးလက်တောရွာများ မှလူအများပင်သန့်စင်ခြင်းဝတ်ကိုပြုရန် ပွဲတော်မစမီယေရုရှလင်မြို့သို့တက်လာ ကြ၏။- Garrad Bible ထိုအခါ ယုဒလူမျိုး၏ပသခါပွဲတိုင်လုနီးသည်ဖြစ်၍ အများတို့သည်ကျေးတောမှ ယေရုရှလင်မြို့သို့ သန့်စေခြင်းဝတ်ကိုပြုရန် ပွဲမတိုင်မီရောက်ကြရာ၊ ယေရှုကိုရှာ၍ ဗိမာန်တော်တွင်ရှိနေကြစဉ်၊ Judson Bible ယုဒပသခါပွဲခံခါနီးတွင် လူများတို့သည် မိမိတို့ကိုသန့်ရှင်းစေခြင်းငှာ ပွဲမခံမီ အရပ်ရပ်တို့မှ ယေရုရှလင်မြို့သို့ လာကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဂျူးလူမျိုးတို့၏ပသခါပွဲတော်နီးကပ်လာပြီဖြစ်၍ များစွာသောသူတို့သည် မိမိတို့ကိုယ်ကိုသန့်ရှင်းစင်ကြယ်စေရန် ပသခါပွဲတော်မတိုင်မီ ကျေးလက်ဒေသမှ ဂျေရုဆလင်မြို့သို့ တက်လာကြ၏။ မြန်မာ ယုဒပသခါပွဲခံခါနီးတွင် လူများတို့သည် မိမိတို့ကိုသန့်ရှင်းစေခြင်းငှာ ပွဲမခံမီ အရပ်ရပ်တို့မှ ယေရုရှလင်မြို့သို့ လာကြ၏။- |
“သင်တို့ သိနှင့်ပြီးဖြစ်သည့်အတိုင်း နှစ်ရက်ကြာလျှင် ပသခါပွဲတော်ကျရောက်မည်။ ထိုအခါ လူသားကို လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ရန် ရန်သူ့လက်သို့ အပ်နှံကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ပသခါပွဲတော်နှင့် တဆေးမဲ့မုန့်ပွဲတော်များ မကျင်းပမီ နှစ်ရက်အလိုတွင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည် ယေရှုကို တိတ်တဆိတ် ဖမ်းဆီး၍ သတ်ရန် အခွင့်ကောင်းကို ရှာကြ၏။
ပသခါပွဲတော် မကျင်းပမီ ခြောက်ရက်အလိုတွင် ယေရှုသည် ဗေသနိရွာသို့ ကြွတော်မူ၏။ ထိုရွာမှာ ယေရှုကိုယ်တိုင် သေရာမှပြန်ရှင်စေတော်မူခဲ့သော လာဇရု နေထိုင်သည့်ရွာ ဖြစ်၏။
ထိုအချိန်သည် ပသခါပွဲတော်မတိုင်မီတစ်ရက် ဖြစ်၏။ ယေရှုသည် ဤလောကမှ ထွက်ခွာ၍ မိမိ၏ခမည်းတော်ထံသို့ ပြန်ကြွတော်မူရမည့် အချိန်ရောက်ပြီဖြစ်ကြောင်းကို သိတော်မူ၏။ ကိုယ်တော်သည် ဤလောက၌ ရှိသော မိမိတပည့်တို့ကို ချစ်တော်မူ၏။ သူတို့ကို အဆုံးတိုင်အောင် ချစ်တော်မူ၏။
ထို့နောက် နံနက်စောစောအချိန်တွင် လူတို့သည် ယေရှုကို ကယာဖထံမှ ဘုရင်ခံပိလတ်မင်း၏ ရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ ထိုသူတို့သည် ပသခါပွဲတော်ညစာကို စားနိုင်ရန်အတွက် ညစ်ညူးခြင်းမှ ရှောင်လိုသဖြင့် ရုံးတော်ထဲသို့ မဝင်ဘဲနေကြ၏။
ဂျူးလူမျိုးတို့၏ ပသခါပွဲတော် နီးလာသဖြင့် ယေရှုသည် ဂျေရုဆလင်မြို့သို့ ကြွတော်မူ၏။
ထိုနေရာ၌ ဂျူးဘာသာဝင်တို့ဓလေ့ထုံးတမ်းအရ ဆေးကြောသန့်စင်ခြင်းကိုပြုလုပ်ရန် ထားသော ဂါလန်နှစ်ဆယ်၊ သို့မဟုတ် သုံးဆယ်စီ ဝင်ဆံ့သည့် ကျောက်ရေအိုးခြောက်လုံးရှိ၏။
ထို့နောက် ဂျူးလူမျိုးတို့၏ ပွဲတော်တစ်ခုရှိသဖြင့် ယေရှုသည် ဂျေရုဆလင်မြို့သို့ ကြွတော်မူ၏။
ထိုသူတို့ကို ခေါ်သွား၍ သင်သည်လည်း ထိုသူတို့နှင့်အတူ သန့်ရှင်းစင်ကြယ်ခြင်းဝတ်ကို ပြုလော့။ သူတို့၏ဆံပင်ရိတ်ရန် ကုန်ကျသမျှကိုလည်း သင်ပေးဆောင်လော့။ ဤသို့ဖြင့် သင်နှင့်ပတ်သက်၍ သူတို့ကြားသိထားသောသတင်းသည် မဟုတ်မမှန်ဘဲ သင်ကိုယ်တိုင်ပင်လျှင် ပညတ်တရားကို စောင့်ထိန်းလျက် လိုက်နာနေကြောင်း အားလုံးကသိမြင်လာကြလိမ့်မည်။
နောက်တစ်နေ့တွင် ပေါလုသည် ထိုလေးဦးတို့ကိုခေါ်၍ သူတို့နှင့်တကွ သန့်ရှင်းစင်ကြယ်ခြင်းဝတ်ကို ပြု၏။ ထို့နောက် ဗိမာန်တော်ထဲသို့ဝင်၍ သူတို့တစ်ဦးစီအတွက် ပူဇော်စရာဆက်သမည့်အချိန်ဖြစ်သော သန့်ရှင်းစင်ကြယ်ခြင်းဝတ်ကို ပြုသည့်ရက်များ ပြီးဆုံးမည့်အချိန်ကို အသိပေးကြေညာလေ၏။
သန့်ရှင်းစင်ကြယ်ခြင်းဝတ်ကိုပြုပြီးနောက် ဗိမာန်တော်၌ ပူဇော်စရာများလှူဒါန်းနေစဉ် သူတို့သည် အကျွန်ုပ်ကိုတွေ့မြင်ခဲ့ပါ၏။ ထိုအချိန်တွင်အကျွန်ုပ်နှင့်အတူ လူစုလူဝေးလည်းမရှိပါ။ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းလည်းမရှိပါ။
သို့ဖြစ်၍ သင်တို့သည် မုန့်ကို မစားမီနှင့် ခွက်ကို မသောက်မီ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြလော့။
ဘုရားသခင်ထံသို့ ချဉ်းကပ်လော့။ သို့ပြုလျှင် ဘုရားသခင်သည် သင်တို့ထံသို့ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်သားတို့… သင်တို့လက်ကို ဆေးကြောကြလော့။ စိတ်နှစ်ခွရှိသောသူတို့… သင်တို့၏စိတ်နှလုံးသားကို သန့်ရှင်းစေကြလော့။