Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 12:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ပသခါပွဲတော် မကျင်းပ​မီ ခြောက်ရက်​အလို​တွင် ယေရှု​သည် ဗေသနိရွာ​သို့ ကြွတော်မူ၏။ ထို​ရွာ​မှာ ယေရှု​ကိုယ်တိုင် သေရာ​မှ​ပြန်ရှင်​စေတော်မူခဲ့သော လာဇရု နေထိုင်သည့်​ရွာ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ပ​သ​ခါ​ပွဲ​တော်​ကျ​ရောက်​ရန်​ခြောက်​ရက်​မျှ အ​လို​၌ သေ​လွန်​ပြီး​မှ​ပြန်​၍​အ​သက်​ရှင် စေ​တော်​မူ​ခဲ့​သူ လာ​ဇ​ရု​နေ​ထိုင်​ရာ​ဗေ​သ​နိ ရွာ​သို့​သ​ခင်​ယေ​ရှု​ကြွ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ပသခါပွဲမတိုင်မီခြောက်ရက်က ယေရှုသည် သူသေတို့အထဲမှရှင်ပြန်ထမြောက်စေသူ လာဇရုနေရာ ဗေသနိရွာသို့ကြွရောက်တော်မူပြီးလျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ပ​သ​ခါ​ပွဲ​ခံ​ချိန် ခြောက်​ရက်​လို​သေးသော​အ​ခါ၊ အ​ထက်​က​သေ​လွန်၍ သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော လာ​ဇ​ရု​နေ​ရာ​အ​ရပ်၊ ဗေ​သ​နိ​ရွာ​သို့ ယေ​ရှု​သည်​ရောက်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ပသခါ​ပွဲတော်​မတိုင်မီ ခြောက်​ရက်​အလို​တွင် ယေရှု​သည် ဗေသနိ​ရွာ​သို့​ကြွ​တော်မူ​၏။ ထို​ရွာ​သည် သေ​သော​သူ​တို့​ထဲမှ ယေရှု​ထမြောက်​စေ​ခဲ့​သော လာဇရု​နေထိုင်​ရာ​အရပ်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

1 ပ​သ​ခါ​ပွဲ​ခံ​ချိန် ခြောက်​ရက်​လို​သေးသော​အ​ခါ၊ အ​ထက်​က​သေ​လွန်၍ သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော လာ​ဇ​ရု​နေ​ရာ​အ​ရပ်၊ ဗေ​သ​နိ​ရွာ​သို့ ယေ​ရှု​သည်​ရောက်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 12:1
13 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယေရှု​သည် သူတို့​ထံမှ ထွက်ခွာ​၍ ဗေသနိရွာ​သို့ ကြွ​ကာ ထို​ရွာ​၌ တစ်ညတာ​တည်းခိုတော်မူ၏။


ထို့နောက် ကိုယ်တော်​သည် ဂျေရုဆလင်မြို့​သို့ ကြွ​၍ ဗိမာန်တော်​သို့ ဝင်တော်မူ​လျက် ရှိသမျှ​အရာတို့​ကို ကြည့်ရှုတော်မူ၏။ ထို့နောက် ညနေပိုင်း​အချိန်​ရောက်​သဖြင့် တပည့်တော်​ဆယ့်နှစ်ပါး​နှင့်အတူ ဗေသနိရွာ​သို့ ကြွတော်မူ၏။


ထို့နောက် ယေရှု​သည် တပည့်တော်တို့​အား ဗေသနိရွာ​ထိတိုင် ခေါ်ဆောင်သွားပြီး​လျှင် လက်တော်​ကို​မြှောက်​၍ ကောင်းချီးပေးတော်မူ၏။


ယေရှု​သည် ဖာရိရှဲ​အိမ်​၌ စားသောက်နေကြောင်း​ကို ထို​မြို့​ရှိ အပြစ်များသော အမျိုးသမီး​တစ်ဦး​သည် သိရှိ​လျှင် ဆီမွှေး​ထည့်ထားသော​ကျောက်ဖြူဘူး​တစ်လုံး​ကို ယူခဲ့လေ၏။


လာဇရု​အမည်​ရှိသော လူတစ်ဦး​သည် ဖျားနာ​လျက်​ရှိ၏။ သူ​သည် မာရိ​နှင့် မာသ​ဟု ခေါ်သော သူ​၏ အစ်မ​နှစ်ဦးတို့​နှင့်အတူ ဗေသနိရွာ​တွင်​နေထိုင်၏။


ထိုသို့ မြွက်ဆိုတော်မူပြီး​မှ “လာဇရု ထွက်ခဲ့လော့” ဟု ကျယ်လောင်​စွာ ဟစ်ခေါ်တော်မူ၏။


လာဇရု​သည်လည်း ခြေလက်တို့​၌ ပိတ်စ​ဖြင့် ရစ်ပတ်​လျက် မျက်နှာ​ကိုလည်း ပဝါ​နှင့် စည်းထားသည့်​အတိုင်း ထွက်လာ၏။ ယေရှု​က “သူ့​ကို ပတ်ထားသော​အဝတ်များ​ကို ဖြေပေး​၍ လွှတ်ကြလော့” ဟု မိန့်တော်မူ၏။


ဂျူးလူမျိုးတို့​၏ ပသခါပွဲတော် နီးလာ​သဖြင့် ကျေးရွာ​အသီးသီး​မှ လူများစွာတို့​သည် သန့်ရှင်းစင်ကြယ်ခြင်း​အမှု​ကို ပြု​ရန် ပွဲတော်​မစမီ ဂျေရုဆလင်မြို့​သို့ ကြိုတင်​ရောက်လာကြ၏။


နောက်​တစ်နေ့​တွင် ပသခါပွဲတော်​သို့ ရောက်လာသော​လူအုပ်ကြီး​သည် ဂျေရုဆလင်မြို့​သို့ ယေရှု​ကြွလာမည်​ဟူသော သတင်း​ကို ကြား​သဖြင့်


ပသခါပွဲတော်​တွင် ဘုရားသခင်​ကို ဝတ်ပြုကိုးကွယ်​ရန် ဂျေရုဆလင်မြို့​သို့ လာကြသော​သူတို့​ထဲ၌ ဂရိလူမျိုး​တချို့​ပါ၏။


ယေရှု​ကြွရောက်လာတော်မူ​သည့် သတင်း​ကို ကြား​သောအခါ ဂျူးလူမျိုး​များစွာ​သည် ကိုယ်တော်​ကိုသာ မဟုတ်၊ ကိုယ်တော်​က သေရာ​မှ​ပြန်ရှင်​စေတော်မူခဲ့သော လာဇရု​ကို​ပါ တွေ့မြင်လိုကြ​သဖြင့် ရောက်လာကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ