ထို့နောက် လမ်း၌ ယေရှုက “ကျမ်းစာတွင် ‘ငါသည် သိုးထိန်းကို ရိုက်တော်မူသဖြင့် သိုးအုပ်သည် ကွဲလွင့်သွားကြရမည်’ ဟု ရေးထားသည့်အတိုင်း ယနေ့ညတွင် သင်တို့သည် ငါ့ကို စွန့်ခွာသွားကြလိမ့်မည်။
ရှင်မာကု 2:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း သတို့သားကို သူတို့ထံမှ ခေါ်ယူသွားမည့်အချိန်ကာလ ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။ Common Language Bible သို့ရာတွင်သူတို့ထံမှသတို့သားကို ခွဲခွာ ယူဆောင်သွားမည့်နေ့ရက်ရောက်ရှိလာသော အခါ သူတို့သည်အစာရှောင်ကြလိမ့်မည်။ Garrad Bible သို့ သော် လည်း မင်္ဂ လာ ဆောင် သ တို့ သား ကို ရုပ် သိမ်း မည့် နေ့ ရက် ကာ လ ရောက် တော့ မည်။ ထို နေ့ ရက် ကာ လ အ စာ ရှောင် ကြ လ တ္တံ့။ Judson Bible မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဖော်တို့နှင့်ခွာ၍ ယူသွားသောအချိန်ကာလ ရောက်လိမ့်မည်။ ထိုကာလအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် သတို့သားကို သူတို့ထံမှခေါ်ဆောင်သွားမည့် နေ့ရက်များရောက်လာလိမ့်မည်။ ထိုနေ့ရက်ရောက်လာသည့်အခါ၌ သူတို့သည် အစာရှောင်ကြလိမ့်မည်။ မြန်မာ မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဖော်တို့နှင့်ခွာ၍ ယူသွားသောအချိန်ကာလ ရောက်လိမ့်မည်။ ထိုကာလအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။- |
ထို့နောက် လမ်း၌ ယေရှုက “ကျမ်းစာတွင် ‘ငါသည် သိုးထိန်းကို ရိုက်တော်မူသဖြင့် သိုးအုပ်သည် ကွဲလွင့်သွားကြရမည်’ ဟု ရေးထားသည့်အတိုင်း ယနေ့ညတွင် သင်တို့သည် ငါ့ကို စွန့်ခွာသွားကြလိမ့်မည်။
ထိုအခါ ယေရှုက “သတို့သား၏ မိတ်ဆွေအပေါင်းအသင်းများသည် ထိုသတို့သားနှင့်အတူရှိနေစဉ် ဝမ်းနည်းပူဆွေးတတ်ကြသလော။ သို့သော်လည်း သတို့သားကို သူတို့ထံမှ ခေါ်ယူသွားမည့်အချိန် ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
ထိုအခါ ယေရှုက “သတို့သား၏ မိတ်ဆွေအပေါင်းအသင်းများသည် ထိုသတို့သားနှင့်အတူရှိနေစဉ် အစာရှောင်တတ်ကြသလော။ သတို့သား ရှိနေသည့်ကာလပတ်လုံး သူတို့သည် အစာမရှောင်ကြ။
မည်သူမျှ အထည်ဟောင်းကို ပိတ်စသစ်ဖြင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ပိတ်စသစ်သည် ရုန်းသဖြင့် အထည်ဟောင်း၏စုတ်ပြဲရာအပေါက်သည် ပို၍ ကျယ်လိမ့်မည်။
ထို့နောက် တပည့်တော်တို့အား “သင်တို့မြင်တွေ့လိုသည့် လူသား၏နေ့ရက်များထဲမှ တစ်ရက်သည် ရောက်လာလိမ့်မည်။ သို့ရာတွင် ထိုနေ့ရက်ကို သင်တို့ မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း သတို့သားကို သူတို့ထံမှ ခေါ်ယူသွားမည့်အချိန် ရောက်လာလိမ့်မည်။ ထိုအခါ ထိုသူတို့သည် အစာရှောင်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ဆင်းရဲသားများသည် သင်တို့နှင့်အတူ အစဉ်အမြဲရှိကြ၏။ သို့ရာတွင် ငါသည် သင်တို့နှင့်အတူ အစဉ်အမြဲ ရှိနေမည်မဟုတ်” ဟု မိန့်တော်မူ၏။
ချစ်သားတို့… ငါသည် သင်တို့နှင့်အတူ ခဏမျှသာနေရတော့မည်။ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ သို့ရာတွင် ‘ငါသွားမည့်အရပ်သို့ သင်တို့လိုက်နိုင်ကြမည်မဟုတ်’ ဟု ဂျူးဘာသာရေးခေါင်းဆောင်တို့အား ငါပြောနှင့်ခဲ့ပြီးသည့်အတိုင်း သင်တို့အား ယခုငါပြော၏။
ငါသည် ခမည်းတော်ထံမှ ဤလောကသို့ လာခဲ့၏။ ယခု ဤလောကမှ ထွက်ခွာ၍ ခမည်းတော်ထံသို့ ငါပြန်မည်” ဟု မိန့်တော်မူ၏။
သင်တို့အား ငါအမှန်ဆို၏။ ထိုသို့ငါသွားရခြင်းသည် သင်တို့အတွက် အကျိုးရှိ၏။ ငါမသွားလျှင် ကူညီမစမည့်အရှင်သည် ကြွလာမည်မဟုတ်။ ငါသွားလျှင် ထိုအရှင်ကို သင်တို့ထံသို့ ငါစေလွှတ်မည်။
ယခု အကျွန်ုပ်သည် ဤလောကမှ ထွက်ခွာ၍ ကိုယ်တော်ထံသို့ လာပါတော့မည်။ ထိုသူတို့သည် ဤလောက၌ ကျန်ရစ်ခဲ့မည်။ သန့်ရှင်းတော်မူသောအဖ… ကိုယ်တော်နှင့် အကျွန်ုပ်သည် တစ်သားတည်းဖြစ်သကဲ့သို့ ထိုသူတို့သည် တစ်သားတည်းဖြစ်စေရန် အကျွန်ုပ်ထံ ပေးအပ်တော်မူသော ကိုယ်တော်၏တန်ခိုးတော်အားဖြင့် ထိုသူတို့ကို ကာကွယ်စောင့်ရှောက်တော်မူပါ။
ယခုအကျွန်ုပ်သည် ကိုယ်တော်ထံသို့ လာပါတော့မည်။ သူတို့သည် အကျွန်ုပ်၏ဝမ်းမြောက်ခြင်းကို အပြည့်အဝခံစားကြရစေရန် အကျွန်ုပ်သည် ဤလောကတွင် သူတို့နှင့်အတူ ရှိနေစဉ် ဤအကြောင်းအရာများကို ပြောပါ၏။
သတို့သမီးကို လက်ထပ်သောသူသည် သတို့သားဖြစ်၏။ အနားတွင် ရပ်လျက်ရှိသောသတို့သား၏ မိတ်ဆွေသည် သတို့သား၏အသံကို ကြားသောအခါ အလွန်ဝမ်းမြောက်၏။ ထိုကဲ့သိုပင် ငါသည်လည်း အပြည့်အဝ ဝမ်းမြောက်လျက်ရှိ၏။
ထိုသို့ မိန့်တော်မူပြီးနောက် တမန်တော်တို့သည် ကြည့်ရှုနေကြစဉ် သခင်ဘုရားသည် ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကိုခံတော်မူ၍ မိုးတိမ်သည် ကိုယ်တော်ကို သူတို့၏မြင်ကွင်းမှ ဖုံးကွယ်လေ၏။
အသင်းတော်တိုင်းတွင် အကြီးအကဲများကိုခန့်ထားကြ၏။ ထို့နောက် အစာရှောင်ဆုတောင်း၍ ထိုအကြီးအကဲများကို သူတို့ယုံကြည်သော သခင်ဘုရားထံ အပ်နှံကြ၏။
ရှေးအခါကပင် သန့်ရှင်းသောပရောဖက်များအားဖြင့် ဘုရားသခင်မိန့်တော်မူခဲ့သည့် အရာခပ်သိမ်းတို့ကို ပြန်လည်အသစ်ပြုပြင်မည့်အချိန်အထိ ထိုအရှင်သည် ကောင်းကင်ဘုံတွင် ရှိတော်မူမည်။
လင်မယားဝတ်ကို မရှောင်ကြနှင့်။ သို့သော် ဆုတောင်းချိန်တွင် အပြည့်အဝဆုတောင်းနိုင်ရန် နှစ်ဦးသဘောတူညီချက်ဖြင့် သတ်မှတ်ထားသော အချိန်အတိုင်းအတာအတွင်း ရှောင်ကြဉ်နိုင်၏။ လင်မယားဝတ်ကို ရှောင်လျှင် စာတန်သည် သင်တို့၏ မထိန်းချုပ်နိုင်ခြင်းအပေါ် အခွင့်ကောင်းယူ၍ သင်တို့ကို သွေးဆောင်မည်ကို စိုးရသောကြောင့် အချိန်စေ့လျှင် လင်မယားဝတ်ကို ပြန်၍ ပြုကြလော့။
ကျွန်ုပ်သည် ဘုရားသခင်၏ သဝန်တိုခြင်းမျိုးဖြင့် သင်တို့ကို သဝန်တို၏။ ကျွန်ုပ်သည် သင်တို့ကို စင်ကြယ်သောအပျိုစင်အဖြစ် တစ်ဦးတည်းသောခင်ပွန်းဟူသော ခရစ်တော်ထံ အပ်နှင်းရန် ကတိပြုထား၏။
အလုပ်ကို ခက်ခက်ခဲခဲဖြင့် ပင်ပန်းကြီးစွာလုပ်ကိုင်ရခြင်း၊ မကြာခဏအိပ်ရေးပျက်ခြင်း၊ ဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ မကြာခဏအစာပြတ်လပ်ခြင်း၊ အအေးဒဏ်ခံရခြင်း၊ ဝတ်စရာမလုံလောက်ခြင်း စသည်တို့နှင့် ကြုံခဲ့ရ၏။
ရိုက်နှက်ခံရခြင်း၊ ထောင်ကျခြင်း၊ ရုန်းရင်းဆန်ခတ်ပြုလုပ်ခံရခြင်း၊ အလုပ်ပင်ပန်းခြင်း၊ အိပ်ရေးပျက်ခြင်း၊ အစာပြတ်လပ်ခြင်းတို့ကို သည်းခံကြ၏။
ရွှင်လန်းဝမ်းမြောက်လျက် ကိုယ်တော်၏ ဘုန်းအသရေတော်ကို ချီးမွမ်းကြပါစို့။ သိုးသငယ်၏မင်္ဂလာပွဲသည် အချိန်ကျပြီဖြစ်၍ သူ၏ သတို့သမီးသည် မိမိကိုယ်မိမိ ပြင်ဆင်လေပြီ။
နောက်ဆုံးသောဘေးဒဏ် ခုနစ်ပါးနှင့်ပြည့်နေသော ဖလားခုနစ်လုံးကို ကိုင်ဆောင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးအနက် တစ်ပါးသည် လာ၍ “လာလော့။ သိုးသငယ်၏ဇနီးလောင်းဖြစ်သူ သတို့သမီးကို ငါပြမည်” ဟု ကျွန်ုပ်အားဆို၏။