ရှင်ယောဟန် 17:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း13 ယခုအကျွန်ုပ်သည် ကိုယ်တော်ထံသို့ လာပါတော့မည်။ သူတို့သည် အကျွန်ုပ်၏ဝမ်းမြောက်ခြင်းကို အပြည့်အဝခံစားကြရစေရန် အကျွန်ုပ်သည် ဤလောကတွင် သူတို့နှင့်အတူ ရှိနေစဉ် ဤအကြောင်းအရာများကို ပြောပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible13 ယခုမှာအကျွန်ုပ်သည်ကိုယ်တော်၏ထံသို့ လာပါမည်။ ထိုသူတို့သည်အကျွန်ုပ်၏ဝမ်း မြောက်ခြင်းကိုစိတ်နှလုံးထဲတွင်အပြည့် အဝခံစားကြရစေရန် ဤလောကတွင် ရှိနေစဉ်အကျွန်ုပ်သည်ဤစကားများကို မြွက်ဆိုပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible13 ယခုမှာ သူတို့ကိုအကျွန်ုပ်၏ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံကြစေရန် ကိုယ်တော့်ထံမလာမီဤလောက၌ ထိုသို့အကျွန်ုပ်တောင်းလျှောက်ပါ၏။ အခန်းကိုကြည့်ပါ။Judson Bible13 ယခုတွင် အကျွန်ုပ်သည် ကိုယ်တော်ထံသို့သွားရမည်ဖြစ်၍၊ ဤသူတို့သည် အကျွန်ုပ်ကို အမှီပြုသဖြင့် ဝမ်းမြောက်ခြင်းနှင့် ပြည်စုံမည်အကြောင်း၊ ဤစကားကို ဤလောက၌ အကျွန်ုပ်ပြောပါ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ယခု ကိုယ်တော်ထံသို့ အကျွန်ုပ်လာပါ၏။ သူတို့သည် အကျွန်ုပ်၏ဝမ်းမြောက်ခြင်းကို မိမိတို့၌ အပြည့်အဝခံစားရမည့်အကြောင်း ဤလောက၌နေစဉ် ဤအရာများကို အကျွန်ုပ်ပြောပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ13 ယခုတွင် အကျွန်ုပ်သည် ကိုယ်တော်ထံသို့သွားရမည်ဖြစ်၍၊ ဤသူတို့သည် အကျွန်ုပ်ကို အမှီပြုသဖြင့် ဝမ်းမြောက်ခြင်းနှင့် ပြည်စုံမည်အကြောင်း၊ ဤစကားကို ဤလောက၌ အကျွန်ုပ်ပြောပါ၏။- အခန်းကိုကြည့်ပါ။ |
ယခု အကျွန်ုပ်သည် ဤလောကမှ ထွက်ခွာ၍ ကိုယ်တော်ထံသို့ လာပါတော့မည်။ ထိုသူတို့သည် ဤလောက၌ ကျန်ရစ်ခဲ့မည်။ သန့်ရှင်းတော်မူသောအဖ… ကိုယ်တော်နှင့် အကျွန်ုပ်သည် တစ်သားတည်းဖြစ်သကဲ့သို့ ထိုသူတို့သည် တစ်သားတည်းဖြစ်စေရန် အကျွန်ုပ်ထံ ပေးအပ်တော်မူသော ကိုယ်တော်၏တန်ခိုးတော်အားဖြင့် ထိုသူတို့ကို ကာကွယ်စောင့်ရှောက်တော်မူပါ။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စေ၍ ပြီးပြည့်စုံစေသော ယေရှု၏အကြောင်းကို အစဉ်တွေးတောဆင်ခြင်ကြစို့။ ကိုယ်တော်သည် မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်၏ဝေဒနာကို သည်းခံတော်မူ၏။ ယခုတွင်မူ ဘုရားသခင်၏ ရာဇပလ္လင် လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။