နံနက်သုံးနာရီအချိန်ခန့်တွင် ယေရှုသည် ရေပေါ်တွင် လမ်းလျှောက်တော်မူလျက် တပည့်တော်များထံသို့ ကြွတော်မူ၏။
ရှင်မာကု 13:35 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် အိမ်ရှင်သည် ညနေ၊ သို့မဟုတ် သန်းခေါင်၊ သို့မဟုတ် အရုဏ်မတက်မီ၊ သို့မဟုတ် မိုးလင်းချိန်တို့တွင် မည်သည့်အချိန်၌ ကြွလာမည်ကို သင်တို့မသိသောကြောင့် သတိနှင့် စောင့်နေကြလော့။ Common Language Bible သင်တို့သည်အိမ်ရှင်အဘယ်အခါကြွလာမည် ကိုမသိ။ ညဥ့်ဦးယံ၌ကြွကောင်းကြွလာပေမည်။ သို့မဟုတ်သန်းခေါင်ယံအချိန်၌သော်လည်းကောင်း ကြက်ဦးတွန်ချိန်၌သော်လည်းကောင်း၊ မိုးသောက် ယံ၌သော်လည်းကောင်းကြွလာနိုင်ပေသည်။- Garrad Bible ည နေ အ ချိန်၊ သန်း ခေါင် အ ချိန်၊ ကြက် ဦး တွန် ချိန်၊ နံ နက် အ ချိန် တွင် အိမ့် ရှင့် ပြန် ရောက် မည် ကို သင် တို့ မ သိ သ ဖြင့် မ မြော် မ မြင် ခိုက် ရောက် လာ လျှင်၊ Judson Bible အိမ်ရှင်သည် ညဉ့်ဦးအချိန်၊ သန်းခေါင်အချိန်၊ ကြက်ဦးတွန်ချိန်၊ နံနက်အချိန်တို့တွင် အဘယ်အချိန်၌ လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ အိမ်ရှင်သည် မှောင်ရီပျိုးစချိန်၊ သို့မဟုတ် သန်းခေါင်အချိန်၊ သို့မဟုတ် ကြက်ဦးတွန်ချိန်၊ သို့မဟုတ် နံနက်စောစောအချိန်တို့ထဲမှ မည်သည့်အချိန်၌ရောက်လာမည်ကို သင်တို့မသိသောကြောင့် သတိနှင့်စောင့်နေကြလော့။ မြန်မာ အိမ်ရှင်သည် ညဉ့်ဦးအချိန်၊ သန်းခေါင်အချိန်၊ ကြက်ဦးတွန်ချိန်၊ နံနက်အချိန်တို့တွင် အဘယ်အချိန်၌ လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။- |
နံနက်သုံးနာရီအချိန်ခန့်တွင် ယေရှုသည် ရေပေါ်တွင် လမ်းလျှောက်တော်မူလျက် တပည့်တော်များထံသို့ ကြွတော်မူ၏။
ထို့ကြောင့် သင်တို့သည်လည်း သင်တို့၏ သခင်ဘုရားသည် မည်သည့်နေ့၌ ကြွလာမည်ကို မသိကြသောကြောင့် သတိနှင့် စောင့်နေကြလော့။
အကယ်၍ အိမ်ရှင်သည် သူခိုးလာမည့်အချိန်ကို အတိအကျသိထားလျှင် သူသည် သတိနှင့်စောင့်နေလျက် မိမိအိမ်ကို ဖောက်ထွင်းခွင့်ပြုမည်မဟုတ်ကြောင်းကို သင်တို့သိကြ၏။
ထို့ကြောင့် လူသားသည် သင်တို့ မထင်မှတ်ထားသောအချိန်တွင် ကြွလာမည်ဖြစ်၍ သင်တို့သည်လည်း အဆင်သင့်ရှိနေကြလော့။
ထိုနေ့ရက်သည် မည်သည့်အချိန်ကာလ၌ ကျရောက်မည်ကို သင်တို့မသိသောကြောင့် သတိနှင့် စောင့်နေကြလော့။
သတိနှင့် စောင့်နေကြလော့ဟူ၍ သင်တို့ကို သတိပေးသည့်အတိုင်း လူအပေါင်းတို့ကို ငါသတိပေးတော်မူ၏” ဟု မိန့်တော်မူ၏။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ ယနေ့ည၌ပင် ကြက်နှစ်ကြိမ်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
လေသည် ဆန့်ကျင်ဘက်တိုက်သောကြောင့် တပည့်တော်တို့သည် ပင်ပန်းစွာ အားစိုက်လှော်ခတ်ကြရသည်ကို မြင်တော်မူ၏။ နံနက်သုံးနာရီခန့်တွင် ကိုယ်တော်သည် ရေပေါ်တွင် လမ်းလျှောက်တော်မူ၍ တပည့်တော်တို့ ရှိရာသို့ ကြွကာ သူတို့ကို ကျော်ဖြတ်ရန် ပြုတော်မူ၏။