Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 13:35 - Common Language Bible

35 သင်​တို့​သည်​အိမ်​ရှင်​အ​ဘယ်​အ​ခါ​ကြွ​လာ​မည် ကို​မ​သိ။ ညဥ့်​ဦး​ယံ​၌​ကြွ​ကောင်း​ကြွ​လာ​ပေ​မည်။ သို့​မ​ဟုတ်​သန်း​ခေါင်​ယံ​အ​ချိန်​၌​သော်​လည်း​ကောင်း ကြက်​ဦး​တွန်​ချိန်​၌​သော်​လည်း​ကောင်း၊ မိုး​သောက် ယံ​၌​သော်​လည်း​ကောင်း​ကြွ​လာ​နိုင်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

35 ည နေ အ ချိန်၊ သန်း ခေါင် အ ချိန်၊ ကြက် ဦး တွန် ချိန်၊ နံ နက် အ ချိန် တွင် အိမ့် ရှင့် ပြန် ရောက် မည် ကို သင် တို့ မ သိ သ ဖြင့် မ မြော် မ မြင် ခိုက် ရောက် လာ လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 အိမ်​ရှင်​သည် ညဉ့်​ဦး​အ​ချိန်၊ သန်း​ခေါင်​အ​ချိန်၊ ကြက်​ဦး​တွန်​ချိန်၊ နံ​နက်​အ​ချိန်​တို့​တွင် အ​ဘယ်​အ​ချိန်၌ လာ​မည်​ကို သင်​တို့​မ​သိ​သော​ကြောင့် စောင့်​နေ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 သို့ဖြစ်၍ အိမ်ရှင်​သည် မှောင်ရီပျိုးစချိန်၊ သို့မဟုတ် သန်းခေါင်​အချိန်၊ သို့မဟုတ် ကြက်ဦး​တွန်​ချိန်၊ သို့မဟုတ် နံနက်​စောစော​အချိန်​တို့​ထဲမှ မည်သည့်​အချိန်​၌​ရောက်လာ​မည်​ကို သင်​တို့​မ​သိ​သောကြောင့် သတိ​နှင့်​စောင့်​နေ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

35 ထို့ကြောင့် အိမ်ရှင်​သည် ညနေ၊ သို့မဟုတ် သန်းခေါင်၊ သို့မဟုတ် အရုဏ်​မတက်မီ၊ သို့မဟုတ် မိုးလင်းချိန်တို့​တွင် မည်သည့်​အချိန်​၌ ကြွလာမည်​ကို သင်တို့​မသိ​သောကြောင့် သတိ​နှင့် စောင့်နေကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

35 အိမ်​ရှင်​သည် ညဉ့်​ဦး​အ​ချိန်၊ သန်း​ခေါင်​အ​ချိန်၊ ကြက်​ဦး​တွန်​ချိန်၊ နံ​နက်​အ​ချိန်​တို့​တွင် အ​ဘယ်​အ​ချိန်၌ လာ​မည်​ကို သင်​တို့​မ​သိ​သော​ကြောင့် စောင့်​နေ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 13:35
8 ပူးပေါင်းရင်းမြစ်များ  

မိုး​သောက်​ယံ​အ​ချိန်​ခန့်​တွင်​ကိုယ်​တော်​သည်​ရေ​ပေါ် မှာ​စက်​တော်​ဖြန့်​၍​တ​ပည့်​တော်​တို့​ထံ​သို့​ကြွ​လာ တော်​မူ​၏။-


သို့​ဖြစ်​၍​သ​တိ​နှင့်​စောင့်​နေ​ကြ​လော့။ သင်​တို့​၏ အ​ရှင်​သည်​အ​ဘယ်​အ​ခါ​ကြွ​လာ​တော်​မူ​မည် ကို​သင်​တို့​မ​သိ​ကြ။-


အ​ကယ်​၍​အိမ်​ရှင်​သည်​သူ​ခိုး​လာ​မည့်​အ​ချိန်​ကို သာ​သိ​ရ​လျှင်​သ​တိ​နှင့်​နေ​လျက် မိ​မိ​အိမ်​ကို သူ​ခိုး​ဖောက်​ခွင့်​ပြု​မည်​မ​ဟုတ်​ကြောင်း​သင်​တို့ သိ​မှတ်​ကြ​လော့။-


လူ​သား​သည်​သင်​တို့​မ​မျှော်​သော​အ​ချိန်​၌​ကြွ လာ​တော်​မူ​မည်​ဖြစ်​၍​သင်​တို့​သည်​လည်း​အ​မြဲ အ​ဆင်​သင့်​ရှိ​ကြ​လော့။


ထို​နေ့​ရက်​ကာ​လ​သည်​အ​ဘယ်​အ​ခါ​ကျ​ရောက် မည်​ကို သင်​တို့​မ​သိ​ကြ​သ​ဖြင့်​သ​တိ​နှင့်​စောင့် နေ​ကြ​လော့။ နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။-


ဤ​သို့​သင်​တို့​အား​သ​တိ​ပေး​သည်​အ​တိုင်း ခပ် သိမ်း​သော​သူ​တို့​အား​လည်း​ငါ​သ​တိ​ပေး​၏။ သ​တိ​နှင့်​စောင့်​နေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။


သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား ယ​နေ့​ည​၌​ပင်​ကြက်​နှစ်​ကြိမ်​မ​တွန်​မီ သင်​သည်​သုံး​ကြိမ်​တိုင်​တိုင်​ငါ့​ကို​မ​သိ​ဟု​ငြင်း ဆို​လိမ့်​မည်'' ဟု​ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။


လေ​ကို​ဆန်​၍​ခက်​ခဲ​စွာ​လှော်​ခတ်​ရ​ကြ​သ​ဖြင့် တ​ပည့်​တော်​တို့​သည်​ဒုက္ခ​ရောက်​လျက်​ရှိ​ကြ​သည် ကို​မြင်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​သည်​ရေ​ပေါ် မှာ​လျှောက်​၍​သူ​တို့​ထံ​သို့​ကြွ​တော်​မူ​၏။ အ​ချိန် ကား​မိုး​သောက်​ယံ​အ​ချိန်​ဖြစ်​၏။ ကိုယ်​တော်​သည် သူ​တို့​အ​နီး​မှ​ဖြတ်​ကျော်​၍​ကြွ​မည်​ပြု​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ