Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကု 13:35 - မြန်မာ

35 အိမ်​ရှင်​သည် ညဉ့်​ဦး​အ​ချိန်၊ သန်း​ခေါင်​အ​ချိန်၊ ကြက်​ဦး​တွန်​ချိန်၊ နံ​နက်​အ​ချိန်​တို့​တွင် အ​ဘယ်​အ​ချိန်၌ လာ​မည်​ကို သင်​တို့​မ​သိ​သော​ကြောင့် စောင့်​နေ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

35 သင်​တို့​သည်​အိမ်​ရှင်​အ​ဘယ်​အ​ခါ​ကြွ​လာ​မည် ကို​မ​သိ။ ညဥ့်​ဦး​ယံ​၌​ကြွ​ကောင်း​ကြွ​လာ​ပေ​မည်။ သို့​မ​ဟုတ်​သန်း​ခေါင်​ယံ​အ​ချိန်​၌​သော်​လည်း​ကောင်း ကြက်​ဦး​တွန်​ချိန်​၌​သော်​လည်း​ကောင်း၊ မိုး​သောက် ယံ​၌​သော်​လည်း​ကောင်း​ကြွ​လာ​နိုင်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

35 ည နေ အ ချိန်၊ သန်း ခေါင် အ ချိန်၊ ကြက် ဦး တွန် ချိန်၊ နံ နက် အ ချိန် တွင် အိမ့် ရှင့် ပြန် ရောက် မည် ကို သင် တို့ မ သိ သ ဖြင့် မ မြော် မ မြင် ခိုက် ရောက် လာ လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 အိမ်​ရှင်​သည် ညဉ့်​ဦး​အ​ချိန်၊ သန်း​ခေါင်​အ​ချိန်၊ ကြက်​ဦး​တွန်​ချိန်၊ နံ​နက်​အ​ချိန်​တို့​တွင် အ​ဘယ်​အ​ချိန်၌ လာ​မည်​ကို သင်​တို့​မ​သိ​သော​ကြောင့် စောင့်​နေ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 သို့ဖြစ်၍ အိမ်ရှင်​သည် မှောင်ရီပျိုးစချိန်၊ သို့မဟုတ် သန်းခေါင်​အချိန်၊ သို့မဟုတ် ကြက်ဦး​တွန်​ချိန်၊ သို့မဟုတ် နံနက်​စောစော​အချိန်​တို့​ထဲမှ မည်သည့်​အချိန်​၌​ရောက်လာ​မည်​ကို သင်​တို့​မ​သိ​သောကြောင့် သတိ​နှင့်​စောင့်​နေ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

35 ထို့ကြောင့် အိမ်ရှင်​သည် ညနေ၊ သို့မဟုတ် သန်းခေါင်၊ သို့မဟုတ် အရုဏ်​မတက်မီ၊ သို့မဟုတ် မိုးလင်းချိန်တို့​တွင် မည်သည့်​အချိန်​၌ ကြွလာမည်​ကို သင်တို့​မသိ​သောကြောင့် သတိ​နှင့် စောင့်နေကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 13:35
8 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ချိန်​ကာ​လ​သည် အ​ဘယ်​အ​ခါ၌ ရောက်​မည်​ကို သင်​တို့​မ​သိ​သော​ကြောင့် သ​တိ​ပြု၍ ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့။-


သင်​တို့​အ​ရှင်​သည် အ​ဘယ်​အ​ချိန်​နာ​ရီ၌ ရောက်​လာ​မည်​ကို သင်​တို့​မ​သိ​သော​ကြောင့် စောင့်​နေ​ကြ​လော့။-


ထို​ကြောင့် သင်​တို့​သည် ပြင်​ဆင်​လျက်​နေ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့ မ​ထင်​မ​မှတ်​သော အ​ချိန်​နာ​ရီ၌ လူ​သား​သည် ကြွ​လာ​လိမ့်​မည်။


ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​နေ့​ည​တွင်​ပင် ကြက်​သည်​နှစ်​ကြိမ်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို​ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျှင်၊-


လေ​မ​သင့်​သော​ကြောင့် တ​ပည့်​တော်​တို့​သည် တက်​ခတ်၍ ပင်​ပန်း​ကြ​သည်​ကို မြင်​တော်​မူ၏။ ည​သုံး​ချက်​တီး​ကျော်​အ​ချိန်၌ အိုင်​ပေါ်​မှ စက်​တော်​ဖြန့်​လျက်၊ သူ​တို့​ရှိ​ရာ​သို့​ကြွ၍ အ​နား​မှာ လျှောက်​သွား​မည် ပြု​တော်​မူ၏။-


ည​သုံး​ချက်​တီး​ကျော်​အ​ချိန်၌ ယေ​ရှု​သည် အိုင်​ပေါ်​မှာ စက်​တော်​ဖြန့်​လျက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ကြွ​တော်​မူ၏။-


သူ​ခိုး​လာ​မည်​အ​ချိန်​နာ​ရီ​ကို အိမ်​ရှင်​သိ​ရ​လျှင်၊ မိ​မိ​အိမ်​ကို မ​ထွင်း​မ​ဖောက်​စေ​ခြင်း​ငှာ၊ စောင့်​နေ​လိမ့်​မည်​ကို သင်​တို့​သိ​ကြ၏။-


စောင့်​နေ​ကြ​လော့​ဟု သင်​တို့​အား ငါ​ဆို​သည်​အ​တိုင်း၊ ခပ်​သိမ်း​သော​သူ​တို့​အား ငါ​ဆို​သည်​ဟု မိန့်​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ