ကလေးငယ်တစ်ဦးတစ်ယောက်အပေါ်၌ မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ ကောင်းကင်ဘုံတွင်ရှိသော ထိုကလေးငယ်တို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြော်ကြရသည်ဟု သင်တို့အား ငါပြောဆို၏။
ရှင်မာကု 10:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ထိုအခြင်းအရာကို မြင်သောအခါ တပည့်တော်တို့ကို အမျက်တော်ထွက်၍ “ကလေးငယ်များ ငါ့ထံလာပါစေ။ သူတို့ကို မတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံတော်ဖြစ်၏။ Common Language Bible သခင်ယေရှုသည်ထိုအခြင်းအရာကိုမြင်တော် မူလျှင် အမျက်ထွက်တော်မူ၍ ``ကလေးသူငယ်တို့ ကိုငါ့ထံသို့လာကြပါစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည်ထိုသို့သော သူတို့၏နိုင်ငံဖြစ်၏။- Garrad Bible ယေ ရှု သိ မြင် လျှင် စိတ် တော် ညို၍ သူ ငယ် တို့ ကို ငါ့ ထံ လာ စေ ကြ လော့။ မ ဆီး တား ကြ နှင့်။ ဘု ရား သ ခင့် နိုင် ငံ တော် သည် ထို သို့ သော သူ တို့၏ နိုင် ငံ ဖြစ် သည်။ Judson Bible ယေရှုသည် မြင်တော်မူလျှင် အမျက်တော်ထွက်၍၊ ထိုသူငယ်တို့ကို ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ထိုအခြင်းအရာကိုမြင်လျှင် အမျက်တော်ထွက်၍“ကလေးသူငယ်တို့ငါ့ထံသို့လာကြပါလေစေ။ သူတို့ကိုမတားဆီးကြနှင့်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။ မြန်မာ ယေရှုသည် မြင်တော်မူလျှင် အမျက်တော်ထွက်၍၊ ထိုသူငယ်တို့ကို ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။- |
ကလေးငယ်တစ်ဦးတစ်ယောက်အပေါ်၌ မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ ကောင်းကင်ဘုံတွင်ရှိသော ထိုကလေးငယ်တို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြော်ကြရသည်ဟု သင်တို့အား ငါပြောဆို၏။
သို့သော် ယေရှုက “ကလေးငယ်များ ငါ့ထံလာပါစေ။ သူတို့ကို မတားကြနှင့်။ ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံတော်ဖြစ်သည်” ဟု မိန့်တော်မူ၏။
ဖြောင့်မတ်စွာလုပ်ဆောင်ခြင်းကြောင့် ညှဉ်းပန်းနှိပ်စက်ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်သောကြောင့်ပင်။
ယေရှုက “စိတ်အားငယ်၍ ဘုရားသခင်ကို လိုအပ်ကြောင်းသိမြင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်သောကြောင့်ပင်။
ယေရှုသည် အမျက်တော်ဖြင့် ထိုသူတို့ပတ်လည်သို့ ကြည့်ပြီးမှ သူတို့၏ ခေါင်းမာမှုအတွက် ဝမ်းနည်းတော်မူ၏။ ထို့နောက် လက်တစ်ဖက်သေသောသူအား “သင်၏လက်ကို ဆန့်လော့” ဟု မိန့်တော်မူ၏။ ထိုသူသည် လက်ကိုဆန့်သောအခါ သူ၏လက်သည် အကောင်းပကတိအတိုင်း ဖြစ်လေ၏။
ယေရှုက တပည့်တော်တို့ကို လှည့်၍ ကြည့်တော်မူလျက် ပေတရုအား “အို စာတန်… ငါ့အနားမှ ထွက်သွားလော့။ သင်သည် ဘုရားသခင်၏ရှုထောင့်မှ မတွေးဘဲ လူ့ရှုထောင့်ဖြင့်သာ တွေးသည်” ဟု ဆုံးမတော်မူ၏။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်နိုင်” ဟု မိန့်တော်မူ၏။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ ရေဖြင့်လည်းကောင်း၊ ဝိညာဉ်တော်ဖြင့်လည်းကောင်း အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်နိုင်။
ထိုကတိတော်သည် သင်တို့မှစ၍ သင်တို့၏သားသမီးများနှင့် ကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားခေါ်တော်မူသည့် အဝေး၌ ရှိသောသူအပေါင်းတို့အတွက် ဖြစ်သည်” ဟု ဟောပြောလေ၏။
သင်တို့သည် ပရောဖက်တို့၏သားသမီးများဖြစ်ကြ၍ ဘုရားသခင်နှင့် ဘိုးဘေးတို့အကြား ဖွဲ့သည့် ပဋိညာဉ်တရားတော်နှင့်ဆိုင်သော မျိုးဆက်များလည်း ဖြစ်ကြ၏။ ဘုရားသခင်သည် အာဗြဟံအား ‘သင်၏အမျိုးအနွယ်အားဖြင့် မြေကြီးပေါ်၌ လူမျိုးစုရှိသမျှတို့သည် ကောင်းချီးမင်္ဂလာကို ခံရလိမ့်မည်’ ဟူ၍ မိန့်တော်မူ၏။
အဦးသီးအဖြစ် ပူဇော်သည့် အနည်းငယ်သောမုန့်ညက်သည် သန့်ရှင်းလျှင် မုန့်ညက်တစ်ပုံလုံးသည် သန့်ရှင်းလိမ့်မည်။ သစ်ပင်၏ အမြစ်သည် သန့်ရှင်းလျှင် အကိုင်းအခက်များသည်လည်း သန့်ရှင်းလိမ့်မည်။
အစ္စရေးလူမျိုးတို့သည် သတင်းကောင်းကို ငြင်းပယ်ကြသောကြောင့် ဘုရားသခင်၏ ရန်သူများဖြစ်ကြပြီး ထိုအရာသည် လူမျိုးခြားဖြစ်သော သင်တို့အတွက် အကျိုးဖြစ်လာစေ၏။ သို့သော်လည်း ဘုရားသခင်သည် သူတို့၏ ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ကို ရွေးကောက်ထားတော်မူသောကြောင့် သူတို့အား ချစ်တော်မူဆဲ ဖြစ်၏။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ကလေးဆန်စွာ မတွေးခေါ်ကြနှင့်။ မကောင်းမှုနှင့်ပတ်သက်လျှင် ကလေးငယ်ကဲ့သို့ ဖြစ်၍ စဉ်းစားတွေးခေါ်မှုနှင့်ပတ်သက်လျှင် ရင့်ကျက်သောသူများကဲ့သို့ ဖြစ်ကြလော့။
အဘယ်ကြောင့်ဆိုသော် မယုံကြည်သောခင်ပွန်းသည် မိမိဇနီးအားဖြင့် သန့်ရှင်းစင်ကြယ်ပြီး မယုံကြည်သောဇနီးသည်လည်း မိမိခင်ပွန်းအားဖြင့် သန့်ရှင်းစင်ကြယ်သောကြောင့်ဖြစ်၏။ သို့မဟုတ်ပါက သင်တို့၏ သားသမီးများသည် သန့်ရှင်းစင်ကြယ်မည်မဟုတ်။ ယခုတွင်မူ သန့်ရှင်းစင်ကြယ်ပြီဖြစ်၏။
ခရစ်တော်ကို သင်အမှန်တကယ်ယုံကြည်ကြောင်း ကျွန်ုပ်သတိရ၏။ သင့်အဖွားလောဣနှင့် သင့်မိခင်ဥနိတ်တို့သည် ဦးစွာ ယုံကြည်ကြပြီး ယခု သင်၌လည်း ထိုယုံကြည်ခြင်းမျိုး ရှိကြောင်း ကျွန်ုပ်စိတ်ချယုံကြည်၏။
ယေရှုခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခံရရန် လမ်းညွှန်သည့်ဉာဏ်ပညာကို သင့်အား ပေးနိုင်သော ကျမ်းစာတော်နှင့် သင်သည် ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်သည်ကို သင်သိ၏။
သခင်ဘုရား၏ကျေးဇူးတော် မည်မျှချိုမြိန်သည်ကို ယခု သင်တို့မြည်းစမ်းခဲ့ပြီဖြစ်၏။ ထို့ကြောင့် မွေးကင်းစကလေးများကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာနို့ရည်အစစ်ကို တောင့်တကြလော့။ သို့မှသာ သင်တို့သည် ကယ်တင်ခြင်းကို အပြည့်အဝခံစားရမည့်အချိန်တိုင်အောင် ကြီးထွားလိမ့်မည်။