ကိုယ်တော်အပေါ် ဘဝင်မကျဖြစ်ကြ၏။ သို့သော် ယေရှုက သူတို့အား “ပရောဖက်သည် မိမိနေရပ်မြို့၊ မိမိအိမ်မှလွဲ၍ အခြားသောအရပ်တွင် ဂုဏ်အသရေရှိသည်” ဟု မိန့်တော်မူ၏။
ရောမ 9:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်နည်း။ ထိုသူတို့သည် ဖြောင့်မတ်ကြောင်း သတ်မှတ်ခံရရန် ဘုရားသခင်ကို ယုံကြည်မည့်အစား ပညတ်တရားကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ကြိုးပမ်းကြသောကြောင့် ဖြစ်၏။ သူတို့သည် ကျမ်းစာတွင် ဖော်ပြထားသည့် ဆူးငြောင့်ခလုတ်ဖြစ်သောကျောက်ကို တိုက်မိကြ၏။ Common Language Bible အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သူတို့၏လုပ်ဆောင်ချက်သည်ဘုရားသခင် အားယုံကြည်မှုအပေါ်၌အခြေမပြုဘဲ မိမိတို့၏အကျင့်သီလအပေါ်၌အခြေ ပြုသောကြောင့်ဖြစ်၏။ သို့ဖြစ်၍ကျမ်းစာတော် တွင်ဖော်ပြသည့်ကျောက်ကိုတိုက်မိ၍လဲ ကြ၏။- Garrad Bible အ သို့ နည်း ဟု ဆို သော် ယုံ ကြည် ခြင်း အား ဖြင့် မ ဟုတ်။ ကိုယ် ကျင့် အား ဖြင့် လိုက် ရှာ၍ တိုက် လဲ ရာ ကျောက် ကို တိုက် လဲ ကြ သော ကြောင့် တည်း။ Judson Bible အဘယ်ကြောင့် မမီကြသနည်း။ ယုံကြည်ခြင်းအားဖြင့် မလိုက်၊ ပညတ်တရား၏ အကျင့်အားဖြင့်သာ လိုက်ကြသတည်း။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့် မပေါက်ရောက်သနည်း။ ယုံကြည်ခြင်းအားဖြင့်မဟုတ်ဘဲ အကျင့်အားဖြင့်ရရှိနိုင်သကဲ့သို့ ကြိုးစားသောကြောင့်ဖြစ်၏။ သူတို့သည် ခလုတ်တံသင်းဖြစ်သောကျောက်ကို တိုက်မိကြပြီ။ |
ကိုယ်တော်အပေါ် ဘဝင်မကျဖြစ်ကြ၏။ သို့သော် ယေရှုက သူတို့အား “ပရောဖက်သည် မိမိနေရပ်မြို့၊ မိမိအိမ်မှလွဲ၍ အခြားသောအရပ်တွင် ဂုဏ်အသရေရှိသည်” ဟု မိန့်တော်မူ၏။
ထို့နောက် ရှိမောင်သည် သူတို့ကို ကောင်းချီးပေး၍ မိခင်မာရိအား “ဤသူငယ်သည် အစ္စရေးလူမျိုးထဲမှ လူများစွာကို လဲစေရန်သော်လည်းကောင်း၊ များစွာကို ထစေရန်သော်လည်းကောင်း ခန့်အပ်ခြင်းခံရသောသူဖြစ်၏။ ဆန့်ကျင်ခြင်းခံရမည့် နိမိတ်လက္ခဏာအဖြစ် စေလွှတ်ခံရသောသူလည်းဖြစ်၏။
ထိုသူတို့သည် ဘုရားသခင်က ဖြောင့်မတ်သည်ဟု သတ်မှတ်ပေးတော်မူသော နည်းလမ်းကို နားမလည်သောကြောင့် ထိုနည်းလမ်းကို မလိုက်ဘဲ မိမိတို့၏ကိုယ်ပိုင် လမ်းစဉ်ကို လိုက်ကြ၏။
သို့ဖြစ်လျှင် ဘုရားသခင်၏ လူမျိုးတော်တို့သည် တိုက်မိ၍ လဲပြီလောဟု မေးသော် ထိုသို့မလဲကြ။ အစ္စရေးလူမျိုးတို့ မနာခံသောကြောင့် ဘုရားသခင်သည် ကယ်တင်ခြင်းကို လူမျိုးခြားတို့အား ပေးတော်မူ၏။ ထိုသို့ပြုတော်မူသည်မှာ မိမိလူမျိုးဖြစ်သော အစ္စရေးလူမျိုးတို့၌ သဝန်တိုစိတ်ရှိလာစေရန် ဖြစ်၏။
ထို့ကြောင့် ဘုရားသခင်၏ကတိတော်ကို ယုံကြည်ခြင်းအားဖြင့် လက်ခံရရှိ၏။ ထိုကတိတော်ကို ကျေးဇူးတော်အားဖြင့် အာဗြဟံ၏ မျိုးဆက်အားလုံး လက်ခံရရှိမည်မှာ အမှန်ပင်ဖြစ်၏။ ပညတ်တရားကို လိုက်နာကျင့်သုံးသောသူတို့ဖြစ်စေ၊ မကျင့်သုံးသောသူတို့ဖြစ်စေ အာဗြဟံ၌ရှိသည့် ယုံကြည်ခြင်းမျိုး ရှိသောသူမှန်လျှင် လက်ခံရရှိမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည် ယုံကြည်သောသူတို့၏ ဖခင်ကြီးဖြစ်သောကြောင့်ပင်ဖြစ်၏။
သို့ရာတွင် ကျွန်ုပ်တို့သည် လက်ဝါးကပ်တိုင်တွင် ခရစ်တော်အသေခံသည့်အကြောင်းကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည် ဂျူးလူမျိုးတို့အတွက် ဆူးငြောင့်ခလုတ်ဖြစ်ပြီး လူမျိုးခြားတို့အတွက် အဓိပ္ပာယ်မဲ့သောအရာ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “ကြည့်ရှုလော့။ ရွေးချယ်ထားသည့် အဖိုးတန်သောထောင့်ချုပ်ကျောက်ကို ဇိအုန်မြို့၌ ငါချထားမည်။ ကိုယ်တော်ကို ယုံကြည်သောသူသည် မည်သည့်အခါမျှ အရှက်ရမည်မဟုတ်” ဟု ဆိုထားသောကြောင့်ဖြစ်၏။
ထို့အပြင် ကျမ်းစာ၌ “၎င်းသည် ဆူးငြောင့်ခလုတ်ဖြစ်သောကျောက်၊ တိုက်မိ၍လဲစရာဖြစ်သောကျောက် ဖြစ်၏” ဟု ဖော်ပြထား၏။ သူတို့သည် နှုတ်ကပတ်တော်ကို မနာခံသောကြောင့် ထိမိ၍လဲကြ၏။ ဤထိမိ၍လဲခြင်းသည် သူတို့အတွက် ကြိုတင်သတ်မှတ်ထားသောအရာဖြစ်၏။