Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 9:31 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

31 သို့သော် ဘုရားသခင်​၏ ပညတ်တရား​ကို လိုက်နာကျင့်သုံးခြင်း​အားဖြင့် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခြင်း​ခံရ​ရန် ကြိုးပမ်းကြသော အစ္စရေးလူမျိုးတို့​မှာ မည်သည့်​အခါမျှ မအောင်မြင်ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 သို့​ရာ​တွင်​ရွေး​ကောက်​တော်​မူ​ခြင်း​ကို​ခံ​ရ သော​လူ​စု​တော်​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန် စွာ​ဆက်​သွယ်​စေ​မည့်​တ​ရား​ဥ​ပ​ဒေ​ကို​ရှာ သော်​လည်း​မ​တွေ့​ရှိ​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 ဖြောင့် မတ် ခြင်း တ ရား ကို လိုက် ရှာ သော ဣ သ ရေ လ လူ မျိုး တို့ မူ ကား ထို တ ရား ကို မ မှီ ကြ ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မီ​အောင်​လိုက်​သော ဣ​သ​ရေ​လ​လူ​တို့​မူ​ကား၊ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​မီ​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 သို့ရာတွင် ဖြောင့်မတ်​ခြင်း​နှင့်ဆိုင်သည့်​တရား​ကို ရရှိ​ရန်​ကြိုးစား​သော​အစ္စရေး​လူမျိုး​တို့​သည် ထို​တရား​သို့​မ​ပေါက်ရောက်​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 9:31
13 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ဘုရားသခင်​က “ငါ့​ကို မရှာသော​သူတို့​သည် ငါ့​ကို တွေ့ကြ၏။ ငါ့​အကြောင်း​ကို မမေးသော​သူတို့​အား ငါ​သည် ကိုယ်ထင်ပြ၏” ဟု မိန့်တော်မူကြောင်း ဟေရှာယ​သည် ရဲဝံ့စွာ ဖော်ပြထား၏။


ထို့ကြောင့် မည်သို့​ဆိုရမည်နည်း။ အစ္စရေးလူမျိုးတို့​သည် မိမိတို့​ကြိုးစား​ရှာဖွေကြသည့် ဘုရားသခင်​၏ မျက်နှာသာပေးခြင်း​ကို မရရှိကြပေ။ ဘုရားသခင်​ရွေးကောက်တော်မူခြင်း​ကို ခံရသောသူတို့​ကသာ ရရှိကြပြီး ကျန်ရှိသော​သူတို့​မှာ ခေါင်းမာကြ၏။


ထို့ကြောင့် ပညတ်တရား​၌​ပါသော​ပြဋ္ဌာန်းချက်တို့​ကို လိုက်နာ​ကျင့်သုံးခြင်း​အားဖြင့် မည်သူမျှ ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခြင်း​ခံရမည်​မဟုတ်။ ပညတ်တရား​သည် ကျွန်ုပ်တို့​မည်မျှ အပြစ်​ရှိကြောင်း​ကို သိ​ရန်သာ ဖော်ပြ၏။


သို့ဖြစ်လျှင် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရခြင်း​အတွက် ကြွားဝါစရာ​ရှိသလော။ မရှိပါ။ ထို​ကြွားဝါစရာ​သည် ဖယ်ရှားခံရပြီ။ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရခြင်း​မှာ ပညတ်တရား​ကို လိုက်နာ​ကျင့်သုံး​သောကြောင့်​မဟုတ်ဘဲ ယေရှု​ခရစ်တော်​ကို ယုံကြည်​သောကြောင့်​သာ ဖြစ်၏။


သို့ဖြစ်လျှင် ပညတ်တရား​သည် ဘုရားသခင်​၏ ကတိတော်​နှင့် ဆန့်ကျင်​နေသလော။ လုံးဝ​မဆန့်ကျင်ပေ။ အကယ်၍ ပညတ်တရား​သည် အသက်​ကို ရှင်​စေနိုင်​လျှင် ထို​ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခြင်း​ခံရမည်​မှာ အသေအချာ​ပင် ဖြစ်၏။


အသင်းတော်​ကို စိတ်အားထက်သန်​စွာ ညှဉ်းဆဲခဲ့သောသူ ဖြစ်၏။ ပညတ်တရား​ကို လိုက်နာ​၍ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရမည်​ဆိုလျှင် ကျွန်ုပ်​သည် အပြစ်ဆိုဖွယ်​မရှိသူ ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ