Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရော​မ 9:33 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

33 ကျမ်းစာ​၌ “ငါ​သည် ဆူးငြောင့်ခလုတ်​ဖြစ်သော ကျောက်တုံး​ကို ဇိအုန်မြို့​တွင် ချထား၏။ ထို​ကျောက်​သည် လူတို့​ကို လဲကျစေ​လိမ့်မည်။ သို့သော် ထို​အရှင်​ကို ယုံကြည်သောသူ​သည် အရှက်ရ​လိမ့်မည် မဟုတ်” ဟု ဖော်ပြထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

33 ကျမ်း​စာ​တော်​တွင်၊ ``ကြည့်​လော့။ လူ​တို့​တိုက်​မိ​၍​လဲ​စေ​ရန်​ကျောက်​တစ်​လုံး​ကို ဇိ​အုန်​တောင်​ပေါ်​မှာ​ငါ​ချထား​မည်။ ထို​ကျောက်​ကို​လူ​တို့​တိုက်​မိ​၍​လဲ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ကိုယ်​တော်​ကို​ယုံ​ကြည်​သူ​သည် အ​ဘယ်​အ​ခါ​၌​မျှ​စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဖော်​ပြ​ပါ​ရှိ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 ထို အ တိုင်း ပင် ကြည့် လော့။ တိုက် လဲ ရာ ကျောက်၊ ထိ လဲ ရာ ကျောက် ကို ဇိ အုန် မြို့၌ ငါ ချ ထား၏။ ကိုယ် တော် ကို ယုံ ကြည် သူ သည် အ ရှက် မ ကွဲ ရ ဟု ကျမ်း ဆို ရှိ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 ကျမ်း​စာ၌​လာ​သည်​ကား၊ ထိ​မိ၍ လဲ​စ​ရာ​ကျောက်၊ မှား​ယွင်း​စ​ရာ​ကျောက်​ကို ဇိ​အုန်​တောင်​ပေါ်​မှာ ငါ​ချ​ထား၏။ ထို​ကျောက်​ကို အ​မှီ​ပြု​သော​သူ မည်​သည်​ကား၊ ရှက်​ကြောက်​ခြင်း မ​ရှိ​နိုင်​ရာ​ဟု​လာ​သည်​နှင့် အ​ညီ၊ ထို​ကျောက်​ကို ဣ​သ​ရေ​လ​လူ​တို့​သည် ထိ​မိ၍ လဲ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 ဤသည်ကား “ကြည့်ရှု​လော့။ ခလုတ်တံသင်း​ဖြစ်​သော​ကျောက်၊ မှားယွင်း​စေ​သော​ကျောက်​ကို ဇိအုန်​၌ ငါ​ချ​ထား​၏။ ထို​ကျောက်​ကို​ယုံကြည်​သော​သူ​သည် အရှက်ရ​လိမ့်မည်​မ​ဟုတ်”​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 9:33
19 ပူးပေါင်းရင်းမြစ်များ  

ကျမ်းစာ​ကလည်း “ထို​အရှင်​ကို ယုံကြည်သောသူ​သည် အရှက်ရ​လိမ့်မည်​မဟုတ်” ဟု ဆိုထား၏။


ဤ​မျှော်လင့်ခြင်း​သည် ကျွန်ုပ်တို့​ကို စိတ်ပျက်စေမည်​မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ကျွန်ုပ်တို့​အား ပေးသနားတော်မူသော သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ကျွန်ုပ်တို့​၏ စိတ်နှလုံး​ကို မိမိ​၏​မေတ္တာတော်​နှင့် ပြည့်စေတော်မူ​သောကြောင့်​ဖြစ်၏။


သားသမီးတို့… ကိုယ်တော်​ကြွလာတော်မူ​သောအခါ ကျွန်ုပ်တို့​သည် ရှေ့တော်​၌ ရှက်ကြောက်​နေစရာ​မလိုဘဲ စိတ်ချ​ယုံကြည်မှု​ရှိ​နိုင်ရန်​အတွက် ကိုယ်တော်​နှင့် တပေါင်းတစည်းတည်း​ရှိကြလော့။


ကျွန်ုပ်​သည် မည်သည့်​အခါ​မျှ မရှက်ကြောက်ဘဲ ယခင်က​ကဲ့သို့ ယခု​အချိန်​တွင်​လည်း အစဉ်​ရဲရင့်​နိုင်မည်​ဟု အပြည့်အဝ​ယုံကြည်​၍ မျှော်လင့်ပါ၏။ ကျွန်ုပ်​အသက်​ရှင်သည်​ဖြစ်စေ၊ သေသည်​ဖြစ်စေ ကျွန်ုပ်​ပြောဆို​ပြုမူသော​အရာများ​ကြောင့် ခရစ်တော်​သည် ချီးမွမ်းခံရမည်​ဖြစ်ကြောင်း ကျွန်ုပ်​ယုံကြည်၏။


ထို​အကြောင်း​ကြောင့် ဤ​ဆင်းရဲဒုက္ခ​ကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်​မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် မိမိ​ယုံကြည်သော​အရှင်​ကို သိ​ပြီး ကိုယ်တော်​ထံ၌ မိမိ​အပ်ထားသော​အရာ​ကိုလည်း ထို​နေ့ရက်​တိုင်အောင် ကိုယ်တော်​စောင့်ထိန်းတော်မူမည်​ဟု စိတ်ချ​သောကြောင့်​ဖြစ်၏။


ထို​ကျောက်​ပေါ်သို့ ကျသော​သူ​သည် တစ်စစီ​ကျိုးပဲ့​လိမ့်မည်။ ထို​ကျောက်​သည် တစ်စုံတစ်ဦး​အပေါ်သို့ ကျ​လျှင်​လည်း ထို​သူ​သည် ညက်ညက်ကြေ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထိုအခါ ယေရှု​က “ကျမ်းစာ​၌ ‘တိုက်ဆောက်သော​သူတို့ ပယ်ထားသည့်​ကျောက်​သည် အရေးပါသော​ထောင့်ချုပ်ကျောက် ဖြစ်လာရ၏။ ဤ​အမှု​သည် ထာဝရဘုရား ပြုတော်မူသော​အမှု​ဖြစ်၏။ ငါတို့​မျက်စိ​ရှေ့​၌လည်း အံ့ဖွယ်​ဖြစ်၏’ ဟု ရေးထားသည်​ကို သင်တို့ မဖတ်ဖူးကြသလော။


ချစ်သော ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​၏ ပြင်းပြသော စိတ်ဆန္ဒ​နှင့် ဘုရားသခင်​ထံ တောင်းသော ဆု​မှာ အစ္စရေးလူမျိုးများ ကယ်တင်ခံရ​ရန် ဖြစ်၏။


ညီအစ်ကို​မောင်နှမတို့… အရေပြားလှီးခြင်း​မင်္ဂလာ​တရား လိုအပ်ကြောင်း​ကို ကျွန်ုပ်​ဟောပြောနေ​သေး​လျှင် အဘယ်ကြောင့် ညှဉ်းဆဲခံနေရ​သေးသနည်း။ ထိုသို့ ဟောပြောသည်​မှန်​လျှင် ကျွန်ုပ်​ဟောပြောသည့် လက်ဝါးကပ်တိုင်​၌ ခရစ်တော်​အသေခံခြင်း​အကြောင်း​သည် အနှောင့်အယှက် ဖြစ်တော့မည်​မဟုတ်ပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ