ဘုရားသခင်သည် သမ္မာတရားကို မတရားမှုဖြင့် ဖုံးကွယ်တားဆီးကြသော ဘုရားတရားမဲ့သူများနှင့် ဆိုးယုတ်သူများအား မိမိ၏ အမျက်တော်ကို ကောင်းကင်ဘုံမှ ဖော်ပြတော်မူ၏။
ရောမ 9:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ ဘုရားသခင်သည် မိမိ၏ အမျက်တော်နှင့် တန်ခိုးတော်တို့ကို ပြပိုင်ခွင့်ရှိ၏။ သို့သော်လည်း ဘုရားသခင်သည် မိမိ၏ အမျက်တော်သင့်၍ ဖျက်ဆီးခံရမည့်သူများအပေါ် အလွန်သည်းခံတော်မူ၏။ Common Language Bible ဘုရားသခင်သည်လည်းဤနည်းအတိုင်းပင်ပြု တော်မူသည်။ ကိုယ်တော်သည်အမျက်တော်ကိုပြ ရန်နှင့် တန်ခိုးတော်ကိုထင်ရှားစေရန်အလိုရှိ တော်မူ၏။ သို့ရာတွင်အမျက်တော်သင့်၍ပျက်စီး ဆုံးရှုံးထိုက်သူတို့အားအလွန်သည်းခံတော် မူ၏။- Garrad Bible အ ကယ်၍ ဘု ရား သ ခင် သည် ယု ဒ လူ မျိုး အ နက် သာ မ ဟုတ်၊ လူ မျိုး ခြား တို့ အ နက် လည်း ငါ တို့ ကို ခေါ် ထား တော် မူ သည့် အ လျောက် ဘုန်း ပွင့် ခြင်း အ ဖို့ ပြင် ဆင် ပြီး သော ကျေး ဇူး တော့် ဆိုင် ရာ အိုး များ ၌ ကြွယ် ဝ သော ဘုန်း တော် ကို ဖော် ပြ ခွင့် ရ အံ့ သော ငှါ အ မျက် တော် ကို ထင် ရှား စေ ၍ တန် ခိုး တော် ကို လည်း ဖော် ပြ မည့် သ ဘော တော် ရှိ လျက် ပင် ပျက် စီး ခြင်း အ ဖို့ အ ရံ သင့် သော အ မျက် တော့် ဆိုင် ရာ အိုး များ ကို အ လွန် စိတ် ရှည် စွာ သည်း ခံ တော် မူ လျှင် မည် သို့ နည်း။ Judson Bible ဘုရားသခင်သည် မိမိအမျက်တော်ကိုပြ၍၊ တန်ခိုးတော်ကို ထင်ရှားစေခြင်းငှာ အလိုတော်ရှိလျက်၊ ပျက်စီးခြင်းအဖို့ ပြင်ဆင်သော အမျက်ခံရာအိုးများတို့ကို အလွန်သည်းခံခြင်းခန္တီနှင့် သည်းခံတော်မူသည် မှန်လျှင် အဘယ်ပြောဖွယ်ရှိအံ့နည်း။- မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ဘုရားသခင်သည် အမျက်တော်ကိုပြသရန်နှင့် မိမိ၏တန်ခိုးတော်ကိုသိစေရန် အလိုတော်ရှိလျက်နှင့်ပင် ဖျက်ဆီးရန်ပြင်ဆင်ထားသော အမျက်တော်ဆိုင်ရာအိုးခွက်များကို အလွန်စိတ်ရှည်စွာသည်းခံတော်မူလျှင် မည်သို့နည်း။ |
ဘုရားသခင်သည် သမ္မာတရားကို မတရားမှုဖြင့် ဖုံးကွယ်တားဆီးကြသော ဘုရားတရားမဲ့သူများနှင့် ဆိုးယုတ်သူများအား မိမိ၏ အမျက်တော်ကို ကောင်းကင်ဘုံမှ ဖော်ပြတော်မူ၏။
ကျမ်းစာ၌ ဘုရားသခင်က ဖာရောဘုရင်အား “သင့်ကို ဘုရင်အဖြစ် ခန့်အပ်သော ရည်ရွယ်ချက်မှာ ငါ့တန်ခိုးကို ပြရန်အတွက်နှင့် ကမ္ဘာတစ်ဝန်းလုံးတွင် ငါ့အမည်နာမ ကျော်စောရန်အတွက် ဖြစ်၏” ဟု မိန့်တော်၏။
သို့သော် သင်သည် မည်သူဖြစ်၍ ဘုရားသခင်ကို ဝေဖန်မည်နည်း။ ပုံသွင်းခံရသောအရာက ပုံသွင်းသောသူအား “အဘယ်ကြောင့် ငါ့ကို ဤသို့ဖန်ဆင်းသနည်း” ဟု မေးသင့်သလော။
အိုးလုပ်သူသည် ရွှံ့ဖြင့် အိုးကို ပြုလုပ်သောအခါ ထိုရွှံ့တုံး တစ်ခုတည်းမှ အိုးကောင်း၊ အိုးညံ့ စသဖြင့် ပြုလုပ်ပိုင်ခွင့်ရှိသည် မဟုတ်လော။
လူမျိုးခြားများ ကယ်တင်ခံရရန် ကျွန်ုပ်တို့ဟောပြောသည်ကို သူတို့တားမြစ်ကြ၏။ ဤသို့လုပ်ဆောင်ခြင်းဖြင့် သူတို့သည် မိမိတို့၏ အပြစ်များကို အစဉ်ပွားများစေကြ၏။ နောက်ဆုံးတွင် ဘုရားသခင်၏ အမျက်တော်သည် သူတို့အပေါ်သို့ သက်ရောက်လေ၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမျက်တော်ခံရစေရန် သတ်မှတ်ထားတော်မူသည်မဟုတ်။ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် လုပ်ဆောင်သောအမှုဖြင့် ကယ်တင်ခံရစေရန် သတ်မှတ်ထားတော်မူ၏။
စံအိမ်ကြီးတစ်အိမ်တွင် ရွှေငွေအသုံးအဆောင်များသာမက သစ်နှင့် မြေထည်အသုံးအဆောင်များလည်း ရှိ၏။ အချို့အသုံးအဆောင်များကို ဂုဏ်သရေရှိသောအရာအတွက် အသုံးပြု၍ အချို့ကို ဂုဏ်သရေမဲ့သောအရာအတွက် အသုံးပြု၏။
ထို့အပြင် ကျမ်းစာ၌ “၎င်းသည် ဆူးငြောင့်ခလုတ်ဖြစ်သောကျောက်၊ တိုက်မိ၍လဲစရာဖြစ်သောကျောက် ဖြစ်၏” ဟု ဖော်ပြထား၏။ သူတို့သည် နှုတ်ကပတ်တော်ကို မနာခံသောကြောင့် ထိမိ၍လဲကြ၏။ ဤထိမိ၍လဲခြင်းသည် သူတို့အတွက် ကြိုတင်သတ်မှတ်ထားသောအရာဖြစ်၏။
ထိုဝိညာဉ်များမှာ နောဧသည် သင်္ဘောဆောက်စဉ် ဘုရားသခင် စိတ်ရှည်စွာ စောင့်ဆိုင်းတော်မူသော်လည်း နောင်တမရသည့် မယုံကြည်သောသူများဖြစ်ကြ၏။ ထိုအချိန်တွင် သင်္ဘောထဲမှ အနည်းငယ်ဖြစ်သော လူရှစ်ဦးသာ ရေလွှမ်းမိုးခြင်းမှ ကယ်တင်ခံခဲ့ကြ၏။
ထိုသူတို့သည် မိမိတို့၏ လောဘစိတ်နှင့် လုပ်ကြံဇာတ်လမ်းများဖြင့် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ ဘုရားသခင်သည် ထိုသူတို့ ခံရမည့်ပြစ်ဒဏ်ကို ယခင်ကပင် ချမှတ်ထားတော်မူခဲ့၏။ သူတို့၏ ပျက်စီးခြင်းကိုလည်း နှောင့်နှေးစေတော်မူမည် မဟုတ်။
ထာဝရဘုရားသည် ယခင်က ထိုသို့ပြုတော်မူသောကြောင့် ဘုရားတရားကိုင်းရှိုင်းသူတို့ကို ဆင်းရဲဒုက္ခထဲမှ မည်သို့ကယ်တင်ရမည်ကိုလည်းကောင်း၊ မဖြောင့်မတ်သောသူတို့ကို တရားစီရင်ရာနေ့တိုင်အောင် မည်သို့အပြစ်ဒဏ်ပေး၍ ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။
ကျွန်ုပ်တို့၏ ချစ်ရသောညီအစ်ကိုပေါလုသည်လည်း ကျွန်ုပ်တို့၏သခင်ဘုရားပေးတော်မူသော ဉာဏ်ပညာဖြင့် သင်တို့ထံ စာရေးခဲ့သည့်အတိုင်း ကျွန်ုပ်တို့၏သခင်ဘုရား၏ စိတ်ရှည်တော်မူခြင်းသည် သင်တို့ကယ်တင်ခံရရန် ဖြစ်ကြောင်း မှတ်ယူကြလော့။
အဘယ်ကြောင့်ဆိုသော် ဘုရားတရားမဲ့သူတချို့သည် သင်တို့ထံသို့ တိတ်တဆိတ် ခိုးဝင်လာကြသောကြောင့်ဖြစ်၏။ ထိုသူတို့မှာ ပြစ်ဒဏ်စီရင်ခံရမည်ဟု ရှေးယခင်ကတည်းက သတ်မှတ်ထားခြင်းခံရသူများဖြစ်ကြ၏။ သူတို့သည် ကျွန်ုပ်တို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအတွက် အခွင့်အရေးအဖြစ် အလွဲသုံးစားလုပ်၍ ကျွန်ုပ်တို့၏တစ်ပါးတည်းသောအရှင်၊ သခင် ယေရှုခရစ်တော်ကို ငြင်းပယ်ကြ၏။