ရောမ 9:22 - Common Language Bible22 ဘုရားသခင်သည်လည်းဤနည်းအတိုင်းပင်ပြု တော်မူသည်။ ကိုယ်တော်သည်အမျက်တော်ကိုပြ ရန်နှင့် တန်ခိုးတော်ကိုထင်ရှားစေရန်အလိုရှိ တော်မူ၏။ သို့ရာတွင်အမျက်တော်သင့်၍ပျက်စီး ဆုံးရှုံးထိုက်သူတို့အားအလွန်သည်းခံတော် မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible22-24 အ ကယ်၍ ဘု ရား သ ခင် သည် ယု ဒ လူ မျိုး အ နက် သာ မ ဟုတ်၊ လူ မျိုး ခြား တို့ အ နက် လည်း ငါ တို့ ကို ခေါ် ထား တော် မူ သည့် အ လျောက် ဘုန်း ပွင့် ခြင်း အ ဖို့ ပြင် ဆင် ပြီး သော ကျေး ဇူး တော့် ဆိုင် ရာ အိုး များ ၌ ကြွယ် ဝ သော ဘုန်း တော် ကို ဖော် ပြ ခွင့် ရ အံ့ သော ငှါ အ မျက် တော် ကို ထင် ရှား စေ ၍ တန် ခိုး တော် ကို လည်း ဖော် ပြ မည့် သ ဘော တော် ရှိ လျက် ပင် ပျက် စီး ခြင်း အ ဖို့ အ ရံ သင့် သော အ မျက် တော့် ဆိုင် ရာ အိုး များ ကို အ လွန် စိတ် ရှည် စွာ သည်း ခံ တော် မူ လျှင် မည် သို့ နည်း။ အခန်းကိုကြည့်ပါ။Judson Bible22 ဘုရားသခင်သည် မိမိအမျက်တော်ကိုပြ၍၊ တန်ခိုးတော်ကို ထင်ရှားစေခြင်းငှာ အလိုတော်ရှိလျက်၊ ပျက်စီးခြင်းအဖို့ ပြင်ဆင်သော အမျက်ခံရာအိုးများတို့ကို အလွန်သည်းခံခြင်းခန္တီနှင့် သည်းခံတော်မူသည် မှန်လျှင် အဘယ်ပြောဖွယ်ရှိအံ့နည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 သို့ရာတွင် ဘုရားသခင်သည် အမျက်တော်ကိုပြသရန်နှင့် မိမိ၏တန်ခိုးတော်ကိုသိစေရန် အလိုတော်ရှိလျက်နှင့်ပင် ဖျက်ဆီးရန်ပြင်ဆင်ထားသော အမျက်တော်ဆိုင်ရာအိုးခွက်များကို အလွန်စိတ်ရှည်စွာသည်းခံတော်မူလျှင် မည်သို့နည်း။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း22 ထိုနည်းတူ ဘုရားသခင်သည် မိမိ၏ အမျက်တော်နှင့် တန်ခိုးတော်တို့ကို ပြပိုင်ခွင့်ရှိ၏။ သို့သော်လည်း ဘုရားသခင်သည် မိမိ၏ အမျက်တော်သင့်၍ ဖျက်ဆီးခံရမည့်သူများအပေါ် အလွန်သည်းခံတော်မူ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်ကယ်တင်ခြင်းတရားကိုလူမျိုး ခြားတို့အား ငါတို့ဟောပြောမှုကိုပင်လျှင် တားဆီးရန်ကြိုးစားကြသည်။ ဤအပြစ် သည်သူတို့ကူးလွန်နေကျဖြစ်သော အပြစ်များကို ပြည့်စုံအောင်နောက်ဆုံး ကူးလွန်သောအပြစ်ဖြစ်၏။ သို့ဖြစ်၍ နောက်ဆုံး၌ဘုရားသခင်၏အမျက် တော်သည်သူတို့အပေါ်သို့သက်ရောက် လေပြီ။
ထိုဝိညာဉ်တို့ကားသင်္ဘောကိုနောဧတည်ဆောက် လျက်နေစဉ်တွင် သည်းခံစောင့်ဆိုင်းလျက်နေတော် မူသောဘုရားသခင်၏စကားကိုနားမထောင် ခဲ့သူတို့၏ဝိညာဉ်များပင်ဖြစ်သတည်း။ သို့ ရာတွင်ရေအားဖြင့်ကယ်ဆယ်ခြင်းခံရသူ များမှာသင်္ဘောပေါ်တွင်အနည်းငယ်သာရှိ ၍အရေအတွက်အားဖြင့်ရှစ်ယောက်မျှသာ ဖြစ်၏။-
သို့ဖြစ်၍ဘုရားကြည်ညိုသူတို့အားမိမိ တို့ခံရသောစုံစမ်းနှောင့်ယှက်ခြင်းများမှ ကယ်တင်တော်မူရန်လည်းကောင်း၊ သူယုတ်မာ များအထူးသဖြင့်မိမိတို့၏ကိလေသာ စိတ်ဆွဲဆောင်ရာသို့လိုက်၍ ဘုရားသခင် အာဏာတော်ကိုမထီမဲ့မြင်ပြုသူများ အားတရားစီရင်တော်မူရာနေ့တိုင်အောင် ပြစ်ဒဏ်ပေးထားရန်လည်းကောင်းထာဝရ ဘုရားပြုတော်မူတတ်၏။ ထိုမိစ္ဆာဆရာတို့သည်အတင့်ရဲ၍မာန ထောင်လွှားလျက် တန်ခိုးကြီးသောကောင်း ကင်သားတို့အားမရိုသေဘဲစော်ကား ပြောဆိုကြ၏။-
အဘယ်ကြောင့်ဆိုသော်တရားမဲ့သူလူ အချို့တို့သည် သင်တို့အထဲသို့အမှတ် မထင်ဝင်ရောက်လျက်ရှိနေကြသောကြောင့် ပင်ဖြစ်၏။ သူတို့သည်ဘုရားမရှိသူများ ဖြစ်၍ ငါတို့ဘုရားသခင်၏ကျေးဇူးတော် ကိုမိမိတို့၏အပျော်အပါးလိုက်စားမှု များအတွက်အလွဲသုံးစားပြုလုပ်ကြ လျက် ငါတို့၏တစ်ပါးတည်းသောအရှင် သခင်ဖြစ်တော်မူသည့်သခင်ယေရှုခရစ် ကိုပစ်ပယ်ကြလေသည်။ ထိုသူတို့ကား ရှေးမဆွကပင်လျှင် အပြစ်ဒဏ်စီရင်ရန် သတ်မှတ်ထားခြင်းခံရကြသူများ ဖြစ်သတည်း။