Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 9:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 အိုးလုပ်သူ​သည် ရွှံ့​ဖြင့် အိုး​ကို ပြုလုပ်​သောအခါ ထို​ရွှံ့တုံး တစ်ခုတည်း​မှ အိုးကောင်း၊ အိုးညံ့ စသဖြင့် ပြုလုပ်ပိုင်ခွင့်​ရှိသည် မဟုတ်လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 အိုး​ထိန်း​သည်​၌​ရွှံ့​စေး​ကို​မိ​မိ​အ​လို​ဆန္ဒ အ​တိုင်း​ပြု​လုပ်​ပိုင်​ခွင့်​ရှိ​သည်​မ​ဟုတ်​လော။ သူ​သည်​ရွှံ့​တုံး​တစ်​ခု​တည်း​မှ​အိုး​ကောင်း အိုး​ညံ့​ကို​ပြု​လုပ်​ပိုင်​သည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 အိုး ထိန်း သည် မြေ စေး တစ် ပုံ ထဲ မှ အိုး ယုတ် အိုး မြတ် လုပ် နိုင် ရန် မြေ စေး ပေါ် တွင် အ ခွင့် မ ရှိ လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 အိုး​ထိန်း​သ​မား​သည် အိုး​မြေ​ကို ပိုင်​သည် မ​ဟုတ်​လော။ အိုး​မြေ​တစ်​ပုံ​တည်း​နှင့် အိုး​မြတ်၊ အိုး​ယုတ်​ကို လုပ်​ပိုင်​သည်​မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 အိုးထိန်းသည်​သည် ရွှံ့စေး​တစ်ပုံ​တည်း​ထဲမှ အသရေ​ရှိ​သော​အရာ​အတွက်​သုံး​ရန် အိုးခွက်​ကို​လည်းကောင်း၊ အသရေ​မ​ရှိ​သော​အရာ​အတွက်​သုံး​ရန် အိုးခွက်​ကို​လည်းကောင်း လုပ်ပိုင်ခွင့်​ရှိ​သည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 9:21
13 ပူးပေါင်းရင်းမြစ်များ  

သို့သော် သခင်ဘုရား​က “သွားလော့။ ထို​သူ​သည် လူမျိုးခြားများ၊ ဘုရင်များ​နှင့် အစ္စရေးလူမျိုးတို့​ရှေ့​တွင် ငါ့​အကြောင်း​ကို ပြောကြား​ရန် ငါ​ရွေးကောက်ထားသော တန်ဆာပလာ​ဖြစ်၏။


သို့သော် ထို​သား​နှစ်ဦး မမွေး​မီ​နှင့် ထို​သား​နှစ်ဦး အဆိုး​အကောင်း​တို့​ကို မပြု​မီ​ကပင် ဘုရားသခင်​သည် ရေဗက္က​အား “သင်​၏ သားကြီး​သည် သားငယ်​ထံ၌ အစေခံ​လိမ့်မည်” ဟု မိန့်တော်မူခဲ့၏။ ဤ​စကားတော်​ကို ထောက်​၍ ဘုရားသခင်​သည် မိမိ​အကြံအစည်တော်​အတိုင်း လူများ​ကို ရွေးကောက်တော်မူကြောင်း ကျွန်ုပ်တို့​သိရ၏။ ထိုသို့ ရွေးချယ်ရာ​တွင် ဘုရားသခင်​သည် လူတို့​၏ အကျင့်သီလ​အဆိုး​အကောင်း​အပေါ် မူတည်​၍ ရွေးချယ်တော်မမူပေ။


ထို့ကြောင့် ဘုရားသခင်​သည် ကျေးဇူးပြု​လိုသောသူ​ကို ကျေးဇူးပြုတော်မူ၏။ ခေါင်းမာ​စေလိုသောသူ​ကို ခေါင်းမာစေတော်မူ၏။


သို့သော် သင်​သည် မည်သူ​ဖြစ်​၍ ဘုရားသခင်​ကို ဝေဖန်မည်နည်း။ ပုံသွင်းခံရသော​အရာ​က ပုံသွင်းသောသူ​အား “အဘယ်ကြောင့် ငါ့​ကို ဤသို့​ဖန်ဆင်းသနည်း” ဟု မေးသင့်သလော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ