ထို့နောက် ရှင်ဘုရင်က သူ၏ လက်ယာတော်ဘက်၌ ရှိသောသူတို့အား ‘ငါ့ခမည်းတော်၏ ကောင်းချီးမင်္ဂလာကို ခံစားရသူတို့… လာကြလော့။ ကမ္ဘာတည်ကတည်းကပင် သင်တို့အဖို့ ပြင်ဆင်ထားသော နိုင်ငံတော်ကို အမွေဆက်ခံကြလော့။
ရောမ 5:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတစ်ဦးဖြစ်သော အာဒံ၏အပြစ်ကြောင့် လူများစွာကို သေခြင်းတရားက အုပ်စိုးလျှင် လူတစ်ဦးဖြစ်သော ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ ကြွယ်ဝသောဆုကျေးဇူးတော်နှင့် ဖြောင့်မတ်ခြင်းဟူသော လက်ဆောင်ကို လက်ခံရရှိသူအပေါင်းတို့က အသက်ရှင်လျက် ပို၍ပင် အုပ်စိုးကြလိမ့်မည်။ Common Language Bible တစ်ဦးကူးသည့်အပြစ်သည်သေခြင်းတရား စိုးမိုးမှုကိုဖြစ်ပေါ်စေပါက အခြားသူတစ်ဦး ဖြစ်သူယေရှုခရစ်ပြုသည့်အမှုတော်၏အကျိုး ဆက်ကားအဘယ်မျှပိုမိုကြီးမားလိမ့်မည်နည်း။ ဘုရားသခင်၏ကြွယ်ဝသောကျေးဇူးတော်ကို ခံစား၍ကိုယ်တော်နှင့်လွတ်လပ်မှန်ကန်စွာဆက် သွယ်ရသူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်လျက်စိုးစံရကြလတ္တံ့။ Garrad Bible တစ် ဦး၏ လွန် ကျူး မှု အ တွက် သေ ခြင်း တ ရား သည် ထို လူ ကြောင့် မင်း မူ သည် မှန် က ကြွယ် ဝ သော ကျေး ဇူး တော် နှင့် ဖြောင့် မတ် ခြင်း ဆု တော် ကို ခံ ရ သူ တို့ သည် ယေ ရှု ခ ရစ် တည်း ဟူ သော တစ် ပါး သူ ကြောင့် အ သက် ရှင် လျက် မု ချ မင်း မူ ရ ကြ လိမ့် မည်။ Judson Bible ထိုမှတစ်ပါး၊ လူတစ်ယောက်သည် ပြစ်မှားသောကြောင့်၊ ထိုတစ်ယောက်သော သူအားဖြင့် သေခြင်းတရားသည် အစိုးရ၏။ ကျေးဇူးတော်၏ ကြွယ်ဝခြင်းကိုလည်းကောင်း၊ ဖြောင့်မတ်ရာသို့ သွင်းပေးတော်မူခြင်းကိုလည်းကောင်း ခံရသောသူတို့သည် တစ်ယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် အသက်ရှင်လျက် သာ၍စိုးစံရကြလတ္တံ့။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား တစ်ယောက်သောသူကျူးလွန်သည့်အပြစ်ကြောင့် သေခြင်းသည် ထိုသူတစ်ယောက်အားဖြင့် စိုးမိုးခဲ့လျှင် ကျေးဇူးတော်နှင့်ဖြောင့်မတ်ခြင်း၏ကောင်းချီးလက်ဆောင်ကို ကြွယ်ဝစွာခံစားရသောသူတို့သည် တစ်ယောက်သောသူတည်းဟူသော ယေရှုခရစ်တော်အားဖြင့် အသက်ရှင်ခြင်း၌ ပို၍ပင် စိုးမိုးရကြလိမ့်မည်။ |
ထို့နောက် ရှင်ဘုရင်က သူ၏ လက်ယာတော်ဘက်၌ ရှိသောသူတို့အား ‘ငါ့ခမည်းတော်၏ ကောင်းချီးမင်္ဂလာကို ခံစားရသူတို့… လာကြလော့။ ကမ္ဘာတည်ကတည်းကပင် သင်တို့အဖို့ ပြင်ဆင်ထားသော နိုင်ငံတော်ကို အမွေဆက်ခံကြလော့။
သူခိုးသည် ခိုးဝှက်ရန်၊ သတ်ဖြတ်ရန်နှင့် ဖျက်ဆီးရန်အတွက်သာ လာ၏။ ငါသည် သိုးတို့ကို အသက်ကို ရရှိစေရန်သာမက ထိုအသက်ကို ကြွယ်ဝပြည့်စုံစွာ ရရှိစေရန်လည်း လာ၏။
အပြစ်သည် လူတစ်ဦးကြောင့် ကမ္ဘာလောကသို့ ဝင်လာခဲ့၏။ အပြစ်ကြောင့် သေခြင်းတရားပေါ်ပေါက်လာသည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ကျူးလွန်သောကြောင့် သေခြင်းတရားနှင့် ရင်ဆိုင်ကြရ၏။
သို့ရာတွင် အာဒံ၏အပြစ်နှင့် ဘုရားသခင်၏ ဆုကျေးဇူးသည် အလွန်ကွာခြား၏။ ဤလူတစ်ဦးဖြစ်သော အာဒံ၏ အပြစ်ကြောင့် လူများစွာသည် သေကြရ၏။ သို့သော် အခြားသူတစ်ဦးဖြစ်သော ယေရှုခရစ်တော်အားဖြင့် လူများစွာက ရရှိသောဘုရားသခင်၏ကျေးဇူးတော်နှင့် ခွင့်လွှတ်ခြင်းဟူသည့်လက်ဆောင်သည် ပို၍ ကြီးမား၏။
လူတို့အနေဖြင့် မိမိတို့မည်မျှအပြစ်များကြောင်း သိမြင်လာကြရန် ဘုရားသခင်သည် ပညတ်တရားကို ချမှတ်တော်မူခဲ့၏။ သို့သော်လည်း သူတို့ပို၍ အပြစ်ကျူးလွန်လေ ဘုရားသခင်၏ကျေးဇူးတော်သည် ပို၍ ကြွယ်ဝလေဖြစ်၏။
သင်တို့သည် ပညတ်တရား၏ လက်အောက်၌ အသက်မရှင်တော့ဘဲ ဘုရားသခင့်ကျေးဇူးတရား၏ လွပ်လပ်မှုအောက်တွင် အသက်ရှင်သဖြင့် အပြစ်တရားသည် သင်တို့၏ အရှင်သခင်မဟုတ်တော့ပေ။
အပြစ်၏အဖိုးအခသည် သေခြင်းဖြစ်၏။ ဘုရားသခင် အခမဲ့ပေးတော်မူသောဆုကျေးဇူးမှာ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ရရှိသောထာဝရအသက်ဖြစ်၏။
ကျွန်ုပ်တို့သည် ယခု မြေကြီးသား၏ ပုံသဏ္ဌာန်ကို ဆောင်သကဲ့သို့ နောင်တွင် ကောင်းကင်သား၏ ပုံသဏ္ဌာန်ကိုလည်း ဆောင်ကြလိမ့်မည်။
သင်တို့သည် အစစအရာရာပြည့်စုံကြပြီလော။ သင်တို့သည် ချမ်းသာပြီလော။ ဘုရားသခင်၏ နိုင်ငံတော်တွင် ကျွန်ုပ်တို့မပါဘဲ သင်တို့အုပ်ချုပ်နေကြပြီလော။ ကျွန်ုပ်တို့သည်လည်း သင်တို့နှင့်အတူ အုပ်ချုပ်ခွင့်ရရန်အတွက် သင်တို့ အမှန်တကယ်ပင် အုပ်ချုပ်နေပြီဖြစ်လျှင် ကောင်းပေမည်။
ခရစ်တော်နှင့် တပေါင်းတစည်းတည်း အသက်ရှင်ရန် ဖြစ်၏။ ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ရရှိသော ကျွန်ုပ်၏ ဖြောင့်မတ်ခြင်းကို အားမကိုးတော့ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရရှိသော ဖြောင့်မတ်ခြင်းကိုသာ အားကိုး၏။ ထိုဖြောင့်မတ်ခြင်းသည် ဘုရားသခင်သတ်မှတ်တော်မူသောအရာ ဖြစ်ပြီး ယုံကြည်ခြင်းကို အခြေခံ၍ ရရှိသောဖြောင့်မတ်ခြင်း ဖြစ်၏။
ကျွန်ုပ်တို့၏သခင်ဘုရားသည် အလွန်ကြွယ်ဝသောကျေးဇူးတော်ကို ကျွန်ုပ်အပေါ် သက်ရောက်စေတော်မူ၏။ ကျွန်ုပ်သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လာသောကြောင့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကိုလည်း ကိုယ်တော်ထံမှ ရရှိ၏။
ဆင်းရဲဒုက္ခကို ခံနိုင်လျှင် ကိုယ်တော်နှင့်အတူ စိုးစံရလိမ့်မည်။ ကိုယ်တော်ကို ငြင်းပယ်လျှင် ကိုယ်တော်သည်လည်း ကျွန်ုပ်တို့ကို ငြင်းပယ်လိမ့်မည်။
ချစ်ခင်ရသော ညီအစ်ကိုမောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ ကြွယ်ဝစေ၍ မိမိကိုချစ်သောသူတို့အတွက် ကတိထားတော်မူသည့် နိုင်ငံတော်ကို အမွေဆက်ခံသူများဖြစ်စေရန် ရွေးချယ်တော်မူသည်မဟုတ်လော။
သို့သော် သင်တို့မှာမူ ရွေးကောက်ခံရသောအမျိုး၊ တော်ဝင်ယဇ်ပုရောဟိတ်အမျိုး၊ သန့်ရှင်းသောလူမျိုး၊ ဘုရားသခင်ပိုင်ဆိုင်သောလူမျိုးဖြစ်ကြ၏။ ဤသည်မှာ သင်တို့ကို အမှောင်ထဲမှ အံ့ဖွယ်အလင်းထဲသို့ ခေါ်တော်မူသောဘုရားသခင်ပြုသည့် အံ့ဩဖွယ်အမှုများကို ကြွေးကြော်ရန်ဖြစ်၏။
ကိုယ်တော်သည် ကျွန်ုပ်တို့ကို လူမျိုးတော်ဖြစ်လာစေလျက် ခမည်းတော်ဘုရားသခင်ကို အစေခံသည့် ယဇ်ပုရောဟိတ်များဖြစ်စေတော်မူ၏။ ကိုယ်တော်၌ ဘုန်းအသရေနှင့်ဘုန်းတန်ခိုး အစဉ်ထာဝရ ရှိတော်မူပါစေသော။ အာမင်။
ထို့နောက် ပလ္လင်များနှင့် ၎င်းတို့ပေါ်တွင် ထိုင်နေသောသူတို့ကို ကျွန်ုပ်မြင်ရ၏။ ထိုသူတို့သည် တရားစီရင်ရန် အခွင့်အာဏာအပ်နှင်းခံကြရ၏။ သခင်ယေရှုအကြောင်းကို သက်သေခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောသောကြောင့် ခေါင်းဖြတ်ခံရသောသူတို့၏ ဝိညာဉ်များကိုလည်း ကျွန်ုပ်မြင်ရ၏။ သူတို့သည် သားရဲနှင့် ထိုသားရဲ၏ရုပ်တုကို မကိုးကွယ်ကြ။ သူတို့၏နဖူးနှင့် လက်များတွင် သားရဲ၏အမှတ်တံဆိပ်ကို မခံယူကြ။ သူတို့သည် အသက်ပြန်ရှင်၍ ခရစ်တော်နှင့်အတူ နှစ်ပေါင်းတစ်ထောင် အုပ်စိုးကြရ၏။
ပထမရှင်ပြန်ထမြောက်ခြင်းတွင် ပါဝင်သူများသည် မင်္ဂလာရှိပြီး သန့်ရှင်းကြ၏။ ဒုတိယသေခြင်းသည် သူတို့အပေါ် သြဇာအာဏာမရှိ။ သူတို့သည် ဘုရားသခင်နှင့် ခရစ်တော်၏ ယဇ်ပုရောဟိတ်များဖြစ်ကြပြီး ခရစ်တော်နှင့်အတူ အနှစ်တစ်ထောင်အုပ်စိုးရလိမ့်မည်။
ညဟူ၍ ရှိတော့မည်မဟုတ်။ ဘုရားသခင်သည် အလင်းကို ပေးတော်မူမည်ဖြစ်၍ သူတို့သည် ဆီမီး၏အလင်းနှင့် နေ၏အလင်းကို လိုအပ်တော့မည်မဟုတ်။ သူတို့သည် အစဉ်ထာဝရ အုပ်စိုးကြလိမ့်မည်။
ငါသည် အောင်မြင်၍ ငါ့ခမည်းတော်၏ရာဇပလ္လင်ပေါ်တွင် ငါ့ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့သို့ အောင်မြင်သောသူတို့ကိုလည်း ငါ၏ရာဇပလ္လင်ပေါ်တွင် ငါနှင့်အတူ ထိုင်ခွင့်ပေးမည်။