Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 5:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 အပြစ်​သည် လူတစ်ဦး​ကြောင့် ကမ္ဘာလောက​သို့ ဝင်လာခဲ့၏။ အပြစ်​ကြောင့် သေခြင်းတရား​ပေါ်ပေါက်လာသည်​နှင့်အညီ လူအပေါင်းတို့​သည် အပြစ်ကျူးလွန်​သောကြောင့် သေခြင်းတရား​နှင့် ရင်ဆိုင်ကြရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 အ​ပြစ်​တ​ရား​သည်​လူ​တစ်​ယောက်​ကြောင့်​ဤ ကမ္ဘာ​လော​က​သို့​သက်​ရောက်​လာ​၏။ ထို​သူ​၏ အ​ပြစ်​ကြောင့်​သေ​ခြင်း​တ​ရား​ပေါ်​ပေါက်​လာ ရ​၏။ သို့​ဖြစ်​၍​လူ​အ​ပေါင်း​တို့​သည်​အ​ပြစ် ကူး​လွန်​ကြ​သ​ဖြင့်​သေ​ရ​ကြ​ကုန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 သို့ ဖြစ်၍ လူ တစ် ယောက် ကြောင့် အ ပြစ် တ ရား သည် ဤ လော က ထဲ သို့ ဝင် လာ လျက် သေ ခြင်း တ ရား လည်း အ ပြစ် တ ရား ကြောင့် ဝင် ရောက် သ ဖြင့် လူ ခပ် သိမ်း တို့ ပြစ် မှား ကြ သည့် အ လျောက် ရှိ သ မျှ အ ပေါ် သို့ သေ ခြင်း တ ရား သင့် ရောက် သည် နှင့် အ ညီ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ဤ​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ အ​ပြစ်​တ​ရား​သည် တစ်​ယောက်​သော​သူ​အား​ဖြင့် ဤ​လော​က​သို့​ဝင်၍၊ အ​ပြစ်​တ​ရား​အား​ဖြင့် သေ​ခြင်း​တ​ရား ဝင်​သည်​နှင့်​အ​ညီ၊ လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​ရှိ​သော​ကြောင့် သေ​ခြင်း​သို့ ရောက်​ရ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ထို့ကြောင့် တစ်​ယောက်​သော​သူ​အားဖြင့် အပြစ်​တရား​သည် ဤ​လောက​ထဲသို့​ဝင်​လာ​၍ အပြစ်​တရား​အားဖြင့် သေ​ခြင်း​တရား​ဝင်လာ​သည်​နှင့်အညီ လူ​အပေါင်း​တို့​သည် အပြစ်​ပြု​သဖြင့် လူသား​အားလုံး​အပေါ်၌ သေ​ခြင်း​တရား​သက်ရောက်​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 5:12
20 ပူးပေါင်းရင်းမြစ်များ  

လူအပေါင်းတို့​သည် အပြစ်ကျူးလွန်​သောကြောင့် ဘုရားသခင်​၏ ဘုန်းကြီးသော​စံနှုန်း​ကို မမီနိုင်ကြ။


သို့ဖြစ်၍ အာဒံ​၏ အပြစ်​တစ်ခု​ကြောင့် လူအပေါင်းတို့​သည် ပြစ်ဒဏ်​ချမှတ်ခံရ​သကဲ့သို့ ခရစ်တော်​၏ ဖြောင့်မတ်ခြင်း​တစ်ခု​ကြောင့် လူအပေါင်းတို့​သည် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရပြီး အသက်ရှင်ခွင့်​ကို​ရကြ၏။


လူတစ်ဦး​၏ မနာခံခြင်း​ကြောင့် လူများစွာတို့​သည် အပြစ်သားများ​အဖြစ် သတ်မှတ်ခြင်း​ခံကြရ​သကဲ့သို့ လူတစ်ဦး​၏ နာခံခြင်း​ကြောင့် လူများစွာတို့​သည် ဖြောင့်မတ်သူများ​အဖြစ် သတ်မှတ်ခြင်း​ခံကြရ၏။


ဤသို့ဖြင့် အပြစ်တရား​သည် သေခြင်းတရား​အားဖြင့် အုပ်စိုးခဲ့​သကဲ့သို့ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ထာဝရ​အသက်​ကို ရရှိ​စေရန် ဘုရားသခင်​၏ ကျေးဇူးတော်​သည်လည်း ဖြောင့်မတ်ခြင်းတရား​အားဖြင့် အုပ်စိုးတော်မူ၏။


ထိုစဉ်​က ပြုကျင့်ခဲ့သော​အရာ​မှ မည်သည့် အကျိုး​ကို ရသနည်း။ သင်တို့​သည် ယခင်က ကျူးလွန်ခဲ့ဖူးသော​အရာများ​အတွက် ယခု​ရှက်ကြောက်ရ၏။ ထို​အရာတို့​သည် သေခြင်း​၌ လမ်းဆုံး၏။


အပြစ်​၏​အဖိုးအခ​သည် သေခြင်း​ဖြစ်၏။ ဘုရားသခင် အခမဲ့​ပေးတော်မူသော​ဆုကျေးဇူး​မှာ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ရရှိသော​ထာဝရ​အသက်​ဖြစ်၏။


သေမင်း​၏ အစွယ်​သည် အပြစ်​ဖြစ်၏။ အပြစ်​သည် ပညတ်တရား​မှ တန်ခိုး​ကို ရရှိ၏။


ကျွန်ုပ်တို့​အားလုံး​သည်လည်း တစ်ချိန်​က ထို​သူတို့​ကဲ့သို့​ပင် လူ့​ဗီဇစိတ်​၏ တပ်မက်မှု​အတိုင်း လုပ်ဆောင်​၍ စိတ်​နှင့် ခန္ဓာတို့​၏ အလို​အတိုင်း ပြုမူနေထိုင်ခဲ့ကြ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့​သည် သဘာဝ​အားဖြင့် အခြားသူတို့​ကဲ့သို့ပင် ဘုရားသခင်​၏ အမျက်တော်​ကို ခံထိုက်သူများ​ဖြစ်ကြ၏။


ထို​မကောင်းသော​တပ်မက်မှု​သည် သန္ဓေတည်​၍ အပြစ်​ကို မွေးဖွား၏။ ထို​အပြစ်​သည် ကြီးထွားလာ​သောအခါ သေခြင်း​ကို ဖြစ်ပေါ်စေ၏။


ကျွန်ုပ်တို့​အားလုံး​သည် နည်း​အမျိုးမျိုး​ဖြင့် မှားယွင်းတတ်ကြ၏။ အပြောအဆို​၌ အမှားအယွင်း​မရှိသောသူ​သည် ပြီးပြည့်စုံသော​သူ​ဖြစ်၏။ ထို​သူ​သည် မိမိ​တစ်ကိုယ်လုံး​ကို ချုပ်တည်းနိုင်သော​သူ​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ