ရောမ 5:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုမျှမက ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့ကို ပြန်လည်သင့်မြတ်စေတော်မူ၏။ ထို့ကြောင့် ယခု ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးအသစ်တွင် ကျွန်ုပ်တို့ဂုဏ်ယူဝမ်းမြောက်နိုင်ကြပြီ။ Common Language Bible ဤမျှသာမက၊ ဘုရားသခင်သည်ငါတို့အား ကိုယ်တော်၏မိတ်ဆွေဖြစ်စေတော်မူသော ငါတို့ သခင်ယေရှုခရစ်အားဖြင့်ပြုတော်မူသော အမှုကြောင့်ငါတို့ရွှင်လန်းဝမ်းမြောက်ကြ၏။ Garrad Bible ထို မျှ မ က မိတ် သ ဟာ ယ ဖွဲ့ ခြင်း ကို ယ ခု ရ စေ သော၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ကြောင့် ဘု ရား သ ခင်၌ ရွှင် လန်း ရ ကြ၏။ Judson Bible ထိုမျှမက၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် မိတ်သဟာယဖွဲ့ရာ ကျေးဇူးကို ယခုခံပြီးလျှင်၊ ထိုသခင်အားဖြင့် ဘုရားသခင်၌ ဝါကြွားဝမ်းမြောက်ခြင်း ရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုမျှမက ယခု ငါတို့အား ပြန်လည်သင့်မြတ်ခြင်းအခွင့်ကိုရရှိစေသော ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ငါတို့သည် ဘုရားသခင်၌ ဂုဏ်ယူဝမ်းမြောက်လျက်ရှိကြ၏။ |
သို့ရာတွင် ထိုအရှင်သည် မိမိကိုယုံကြည်၍ လက်ခံသမျှသောသူတို့ကို ဘုရားသခင်၏ သားသမီးများဖြစ်ခွင့် ပေးတော်မူ၏။
သူတို့ကို ဘုရားသခင် စွန့်ပယ်တော်မူခြင်းသည် လောကီသားတို့အား ပြန်လည်သင့်မြတ်ခွင့်ကို ဖြစ်စေလျှင် သူတို့ကို လက်ခံတော်မူခြင်းသည် ပို၍ပင် အံ့ဖွယ်ဖြစ်လိမ့်မည်။ သေလွန်သောသူတို့ အသက်ပြန်ရှင်သကဲ့သို့ပင် ဖြစ်လိမ့်မည်။
သင်သည် မိမိကိုယ်ကိုယ် ဂျူးလူမျိုးဟု ဆို၍ ဘုရားသခင်၏ပညတ်တရားကို အမှီပြုလျက် ဘုရားသခင်နှင့် သင်၏ဆက်နွယ်မှုကို ကြွားဝါ၏။
သို့ဖြစ်၍ ကျွန်ုပ်တို့သည် ယုံကြည်၍ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောကြောင့် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်လုပ်ဆောင်ပေးခဲ့သောအမှုအားဖြင့် ဘုရားသခင်နှင့် ငြိမ်းချမ်းမှုကို ရရှိကြပြီ။
ဘုရားသခင်၏ ရန်သူဖြစ်စဉ်ကပင် ဘုရားသခင်၏ သားတော်အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ခွင့်ကို ကျွန်ုပ်တို့ရရှိလျှင် ပြန်လည်သင့်မြတ်ခွင့်ကို ရရှိပြီးသော ကျွန်ုပ်တို့သည် သားတော်အသက်ရှင်ခြင်းအားဖြင့် ပို၍ပင် ကယ်တင်ခြင်းခံရလိမ့်မည်။
ထိုမျှမက ဆင်းရဲဒုက္ခများနှင့် ကြုံတွေ့ရလျှင်လည်း ကျွန်ုပ်တို့သည် ဂုဏ်ယူဝမ်းမြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုဆင်းရဲဒုက္ခများသည် ကျွန်ုပ်တို့အား သည်းခံခြင်းကိုလည်းကောင်း၊
ဖန်ဆင်းခံလောကသာ ညည်းတွားနေသည်မဟုတ်။ ဘုရားသခင်၏ အဦးဆုံးဆုကျေးဇူးဖြစ်သည့် ဝိညာဉ်တော်ကို ရရှိသော ကျွန်ုပ်တို့သည်လည်း ခန္ဓာရွေးနုတ်ခြင်းဟူသော သားသမီးဖြစ်ခွင့်ကို စောင့်မျှော်၍ ညည်းတွားနေကြ၏။
ထိုသားမှာ ကျွန်ုပ်တို့၏ ဘိုးဘေးဣဇာက်ဖြစ်၏။ ဣဇာက်သည် ရေဗက္ကနှင့် လက်ထပ်၍ ရေဗက္ကသည် အမြွှာနှစ်ဦးကို မွေးခဲ့၏။
ကောင်းချီးမင်္ဂလာခွက်ကို ကျွန်ုပ်တို့ကောင်းချီးပေး၍ သောက်သည်မှာ ခရစ်တော်၏ အသွေးတော်ကို မျှဝေခံယူကြခြင်းဖြစ်သည် မဟုတ်လော။ မုန့်ကို ဖဲ့၍ စားသည်မှာ ခရစ်တော်၏ ကိုယ်ခန္ဓာကို မျှဝေခံယူကြခြင်းဖြစ်သည် မဟုတ်လော။
ထို့ပြင် ကျွန်ုပ်တို့ကောက်ခံဆောင်ရွက်နေသော အလှူငွေကို သယ်ယူပို့ဆောင်ပေးသည့်အမှု၌ ကျွန်ုပ်တို့နှင့်အတူ ခရီးပြုရန် အသင်းတော်များ၏ ရွေးချယ်ခန့်ထားခြင်းခံရသူလည်း ဖြစ်၏။ ဤအလှူငွေကောက်သည့်အမှုမှာ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်နှင့် ကျွန်ုပ်တို့၏ စေတနာစိတ်ကို ပြရန်ဖြစ်၏။
ယခုမှာမူ သင်တို့သည် ဘုရားသခင်ကို သိကြပြီ။ ထိုသို့မဟုတ်ဘဲ ဘုရားသခင်သည် သင်တို့ကို သိတော်မူပြီဟု ကျွန်ုပ်ပြောဆိုသင့်၏။ သို့ဖြစ်လျှင် အားနည်း၍ ချမ်းသာမပေးနိုင်သော လောကီအခြေခံမူဘက်သို့ အဘယ်ကြောင့် ပြန်လှည့်လိုကြသနည်း။ အဘယ်ကြောင့် ထိုလောကီအခြေခံမူထံ ပြန်၍ ကျွန်ခံလိုကြသနည်း။
သို့သော် ဝိညာဉ်တော်က ဖြစ်စေသော အသီးအပွင့်မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်သိခြင်း၊
ထို့ပြင် ညီအစ်ကိုမောင်နှမတို့… သင်တို့အတွက် သခင်ဘုရား ပြုတော်မူသောအမှုကြောင့် ဝမ်းမြောက်ကြလော့။ သင်တို့ထံ ယခင်က ကျွန်ုပ် ရေးခဲ့သော အကြောင်းအရာများကို ယခုထပ်မံ၍ ရေးရခြင်းသည် ကျွန်ုပ်အတွက် အပန်းမကြီးပေ။ မှားယွင်းသောသွန်သင်မှုဘေးမှ သင်တို့ကို ပို၍ ကာကွယ်ရန် ဖြစ်၏။
ထိုသူတို့သည် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူထားသောကြောင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ လူများဟု ထင်တတ်ကြ၏။ သို့သော် ကျွန်ုပ်တို့သာလျှင် ဘုရားသခင်၏ စစ်မှန်သောလူများဖြစ်ကြ၏။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်၏ အကူအညီဖြင့် ဘုရားသခင်ကို ကိုးကွယ်၍ လူ့အားထုတ်မှုအပေါ် အားမကိုးဘဲ ယေရှုခရစ်တော် ပြုပေးသော အမှုအပေါ် အားကိုးကြ၏။
သင်တို့အတွက် သခင်ဘုရား ပြုတော်မူသောအမှုကြောင့် အစဉ်အမြဲ ဝမ်းမြောက်ကြလော့။ ကျွန်ုပ် ထပ်မံ၍ ပြောမည်။ ဝမ်းမြောက်ကြလော့။
ထို့ကြောင့် သင်တို့သည် ယေရှုခရစ်တော်ကို သခင်အဖြစ် လက်ခံကြသည့်အားလျော်စွာ ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်သောသူများအနေဖြင့် ဆက်လက် ပြုမူနေထိုင်ကြလော့။
သင်တို့သည် ကိုယ်တော်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ယခု ကိုယ်တော်ကို မတွေ့ရသေးသော်လည်း ယုံကြည်ကြ၏။ သင်တို့တွင် ဘုန်းအသရေနှင့်ပြည့်စုံသည့် ပြောမပြနိုင်လောက်သော ဝမ်းမြောက်ခြင်းရှိ၏။