Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 8:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ထို့ပြင် ကျွန်ုပ်တို့​ကောက်ခံ​ဆောင်ရွက်နေသော အလှူငွေ​ကို သယ်ယူပို့ဆောင်ပေးသည့်​အမှု​၌ ကျွန်ုပ်တို့​နှင့်အတူ ခရီးပြု​ရန် အသင်းတော်များ​၏ ရွေးချယ်​ခန့်ထားခြင်း​ခံရသူ​လည်း ဖြစ်၏။ ဤ​အလှူငွေ​ကောက်သည့်​အမှု​မှာ ဘုရားသခင်​၏ ဘုန်းတော်​ကို ထင်ရှား​စေရန်​နှင့် ကျွန်ုပ်တို့​၏ စေတနာစိတ်​ကို ပြ​ရန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ထို​မျှ​သာ​မ​က​ဤ​အ​လှူ​ငွေ​ကောက်​ခံ​မှု အ​တွက်​ငါ​တို့​နှင့်​အ​တူ​ခ​ရီး​ပြု​ရန် အ​သင်း တော်​များ​က​ရွေး​ချယ်​ခန့်​ထား​ခြင်း​ခံ​ရ သူ​လည်း​ဖြစ်​၏။ သ​ခင်​ဘု​ရား​၏​ဘုန်း​အ​သ ရေ​တော်​ထွန်း​တောက်​စေ​ရန်​နှင့် ငါ​တို့​၏​စိတ် စေ​တ​နာ​ကို​သိ​သာ​စေ​ရန် ငါ​တို့​သည်​ဤ အ​လှူ​ခံ​လုပ်​ငန်း​ကို​ဆောင်​ရွက်​နေ​ကြ ခြင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 အ ရှင် ဘု ရား၏ ဘုန်း တော် နှင့် ငါ တို့ စေ တ နာ ထင် ရှား မည့် ဤ သင်္ဂ ဟ ဝတ် ကို အ တူ ဆောင် ရွက် ခြင်း ငှာ ငါ တို့ ခ ရီး သွား ဖော် အ ဖြစ် အ သင်း တော် တို့ ခန့် ထား သူ ညီ အစ် ကို ကို လည်း တိ တု နှင့် တ ကွ ငါ တို့ လွှတ် လိုက် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ထို​ညီ​မူ​ကား၊ သ​ခင်​ဘု​ရား၏ ဂုဏ်​အ​သ​ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​စေ​တ​နာ​စိတ်​ကို​လည်း​ကောင်း၊ ငါ​တို့​သည် ထင်​ရှား​စေ၍၊ အ​သင်း​တော်​များ၏ အ​လှူ​ကျေး​ဇူး​ကို ပြု​စု​သည်​အ​မှု​မှာ ငါ​တို့​နှင့်​အ​တူ သွား​စေ​ခြင်း​ငှာ၊ အ​သင်း​တော်​တို့​သည် ရွေး​ကောက်၍ ခန့်​ထား​သော​သူ ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 သခင်​ဘုရား​ကိုယ်တော်တိုင်​၏​ဘုန်း​တော်​နှင့် ငါ​တို့​၏​စေတနာ​စိတ်​တို့​ကို​ထင်ရှား​စေရန် ငါ​တို့​ပြုစု​နေ​သော ဤ​ကျေးဇူးပြု​ခြင်း​အမှု​၌ ငါ​တို့​နှင့်အတူ​လိုက်ပါ​ရန် အသင်းတော်​များ​ထံမှ ခန့်ထား​ခြင်း​ခံရ​သူ​လည်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 8:19
20 ပူးပေါင်းရင်းမြစ်များ  

အသင်းတော်​တိုင်း​တွင် အကြီးအကဲများ​ကို​ခန့်ထားကြ၏။ ထို့နောက် အစာရှောင်​ဆုတောင်း​၍ ထို​အကြီးအကဲများ​ကို သူတို့​ယုံကြည်သော သခင်ဘုရား​ထံ အပ်နှံကြ၏။


ထို့နောက် တမန်တော်များ၊ အသင်းတော်​အကြီးအကဲများ​နှင့် အသင်းတော်​တစ်ခုလုံး​သည် သူတို့​အထဲ​မှ လူများ​ကို​ရွေးချယ်​၍ ပေါလု၊ ဗာနဗ​တို့​နှင့်အတူ ဆီးရီးယားပြည်​ရှိ​အန္တိအုတ်မြို့​သို့ စေလွှတ်​ရန် ဆုံးဖြတ်ကြ၏။ ထို​သူတို့​မှာ ယုံကြည်သူများ​ထဲမှ ခေါင်းဆောင်​ဖြစ်သော​ဗာရှဗ​ခေါ် ယုဒ​နှင့် သိလ​တို့​ဖြစ်ကြ၏။


သို့ဖြစ်၍ ကျွန်ုပ်တို့​သည် လူ​တချို့​ကို​ရွေးချယ်​၍ ကျွန်ုပ်တို့​ချစ်ခင်ရသော​ပေါလု၊ ဗာနဗ​တို့​နှင့်အတူ သင်တို့​ထံ​လွှတ်လိုက်​ရန် စိတ်သဘော​ညီညွတ်​စွာ ဆုံးဖြတ်ကြပါ၏။


သူ​သည် မိမိ​အား ကူညီဆောင်ရွက်ပေးသူ တိမောသေ​နှင့် ဧရတ္တု​ကို မာကေဒေါနိပြည်​သို့ စေလွှတ်​၍ အာရှပြည်​၌ ကာလ​အနည်းငယ်​ဆက်နေလေ၏။


တစ်မြို့လုံး​ဝရုန်းသုန်းကား​ဖြစ်​လျက် လူတို့​သည် ပေါလု​၏​ခရီးသွားဖော်များ​ဖြစ်ကြသော မာကေဒေါနိပြည်သား ဂါယု​နှင့် အာရိတ္တာခု​တို့​ကို ဖမ်းဆီး​ပြီး​လျှင် ဇာတ်ရုံ​ထဲသို့ တစ်ဟုန်ထိုး​ပြေးဝင်သွားကြ၏။


ထိုမျှမက ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​သည် ဘုရားသခင်​နှင့် ကျွန်ုပ်တို့​ကို ပြန်လည်​သင့်မြတ်​စေတော်မူ၏။ ထို့ကြောင့် ယခု ဘုရားသခင်​နှင့် ကျွန်ုပ်တို့​၏ ဆက်ဆံရေး​အသစ်​တွင် ကျွန်ုပ်တို့​ဂုဏ်ယူ​ဝမ်းမြောက်​နိုင်ကြပြီ။


ထိုမျှ​မက ဆင်းရဲ​ဒုက္ခများ​နှင့် ကြုံတွေ့ရ​လျှင်လည်း ကျွန်ုပ်တို့​သည် ဂုဏ်ယူ​ဝမ်းမြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထို​ဆင်းရဲဒုက္ခများ​သည် ကျွန်ုပ်တို့​အား သည်းခံခြင်း​ကို​လည်းကောင်း၊


ဤ​အခြင်းအရာ​အားလုံး​သည် သင်တို့​အကျိုး​အတွက်​ဖြစ်၏။ ဤသည်​မှာ ဘုရားသခင်​၏ ကျေးဇူးတော်​ကို ခံစားရသောသူ ပို၍​များလာသည်​နှင့်အမျှ ဘုရားသခင်​၏ ဘုန်းတော်​ထင်ရှား​ရန် ကျေးဇူးတော်​ချီးမွမ်းခြင်း​သည်လည်း ပို၍ များလာ​ရန်​ဖြစ်၏။


သို့ဖြစ်၍ သင်တို့​အစပြုခဲ့သည့်​အရာ​ကို ပြီးမြောက်​အောင် ဆောင်ရွက်ကြလော့။ ဆောင်ရွက်​ရန် ဆန္ဒ​ပြင်းပြခဲ့ကြ​သကဲ့သို့ ဆောင်ရွက်ရာ​တွင်​လည်း စေတနာစိတ်​ရှိကြလော့။ သင်တို့​တတ်နိုင်သမျှ​ကို လှူဒါန်းကြလော့။


သင်တို့​လှူဒါန်း​ရန် စေတနာစိတ်​ရှိလျှင် ဘုရားသခင်​သည် သင်တို့​၌ မရှိသော​အရာ​ကို မထောက်ဘဲ ရှိသော​အရာ​ကို ထောက်​၍ သင်တို့​၏ လှူဒါန်းခြင်း​ကို လက်ခံတော်မူ​လိမ့်မည်။


ဤသို့ ရက်ရော​စွာ လှူဒါန်းကြသော အလှူငွေ​ကို ကိုင်တွယ်​စီမံခြင်း​နှင့်​ပတ်သက်၍ ကျွန်ုပ်တို့​ကို မည်သူမျှ အပြစ်မတင်​စေရန် ကျွန်ုပ်တို့​သတိ​နှင့် ဆောင်ရွက်​လျက် ရှိကြ၏။


လှူဒါန်း​လိုသော သင်တို့​၏​စေတနာစိတ်​ကို ကျွန်ုပ်​သိ၏။ ထိုသို့​စေတနာစိတ်​ရှိကြောင်း​ကို မာကေဒေါနိပြည်သားတို့​အား “အခါယပြည်​၌​ရှိသော ညီအစ်ကိုတို့​သည် လွန်ခဲ့သော​နှစ်​ကတည်း​ကပင် လှူဒါန်း​ရန် အသင့်​ရှိကြပြီ” ဟု ဂုဏ်ယူဝင့်ကြွား​စွာ ကျွန်ုပ်​ပြောပြထား၏။ ထိုအခါ သင်တို့​၏ စေတနာစိတ်​သည် သူတို့​အားလုံး​နီးနီး​ကို နှိုးဆော်စေခဲ့၏။


ဘုရားသခင်​သည် သင်တို့​အတွက် ကျေးဇူးတော်​တိုင်း​ကို ကြွယ်ဝ​စွာ ပေးသနား​ရန် တတ်နိုင်တော်မူ၏။ ဤ​သည်​မှာ လိုအပ်သော​အရာများ​ကို အစဉ်​ရရှိခြင်း​အားဖြင့် သင်တို့​သည် ကောင်းမှု​တိုင်း​တွင် ကူညီမစ​နိုင်ရန်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ