မြွေဆိုးနှင့် မြွေပွေးအမျိုးတို့… သင်တို့သည် ငရဲသို့သွားရမည့် အပြစ်ဒဏ်မှ မည်သို့လွတ်နိုင်ကြမည်နည်း။
ရောမ 2:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့သောဆိုးယုတ်မှုများကို ကိုယ်တိုင် ပြုကျင့်လျက်နှင့်ပင် ထိုသို့ပြုကျင့်သည့်တစ်ပါးသူကို အပြစ်တင်သောသင်သည် ဘုရားသခင်၏ စီရင်တော်မူခြင်းနှင့် ကင်းလွတ်မည်ဟု ထင်သလော။ Common Language Bible သို့သော်လည်းမိတ်ဆွေ၊ သင်ကသူတစ်ပါး အားအပြစ်စီရင်သည့်အပြစ်မျိုးကို သင် ကိုယ်တိုင်ပင်ကူးလွန်လျက်နေပါသည် တကား။ သင်သည်ဘုရားသခင်၏အပြစ် စီရင်ခြင်းနှင့်ကင်းလွတ်လိမ့်မည်ဟုထင် မှတ်ပါသလော။- Garrad Bible ထို အ တိုင်း ပြု ကျင့် သူ တို့ ကို စီ ရင် လျက် ကိုယ် တိုင် ပြု တတ် သော အ ချင်း လူ၊ သင် သည် ဘု ရား သ ခင် စီ ရင် တော် မူ ချက် နှင့် ကင်း လွတ် မည် ထင် မှတ် သ လော။ Judson Bible ထိုသို့သောအမှုကို ကိုယ်တိုင်ပြုလျက်ပင်၊ သူတစ်ပါးပြုသည်ကို စစ်ကြောစီရင်သောသူ၊ သင်သည် ဘုရားသခင်စီရင်တော်မူခြင်းနှင့် လွတ်မည်ဟု ထင်မှတ်သလော။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ထိုသို့သောအမှုများကိုပြုကျင့်သောသူတို့အား စီရင်လျက်နှင့် ထိုအမှုတို့ကို ကိုယ်တိုင်ပြုသောအချင်းလူ၊ သင်သည် ဘုရားသခင်၏ပြစ်ဒဏ်စီရင်ခြင်းမှလွတ်မည်ဟု ထင်မှတ်သလော။ |
မြွေဆိုးနှင့် မြွေပွေးအမျိုးတို့… သင်တို့သည် ငရဲသို့သွားရမည့် အပြစ်ဒဏ်မှ မည်သို့လွတ်နိုင်ကြမည်နည်း။
ယခုပင် ငါတို့ကို ကာကွယ်ရန် ဆယ့်နှစ်တပ်ထက်မကသော ကောင်းကင်တမန်တပ်များကို ငါ့ထံသို့ စေလွှတ်ရန် တောင်းဆိုလျှင် ငါ၏ ခမည်းတော်သည် ချက်ချင်းစေလွှတ်ပေးနိုင်သည်ကို သင်တို့မသိသလော။
ယေရှုက ထိုသူအား “မိတ်ဆွေ… မည်သူသည် ငါ့ကို တရားသူကြီးအဖြစ်၊ သို့မဟုတ် အမွေခွဲပေးသူအဖြစ် ခန့်ထားသနည်း” ဟု မိန့်တော်မူ၏။
ခဏကြာသော် အခြားတစ်ယောက်သည် ပေတရုကိုမြင်၍ “သင်သည်လည်း ထိုသူတို့ထဲမှ တစ်ယောက်ဖြစ်သည်” ဟု ဆို၏။ သို့သော် ပေတရုကလည်း “မိတ်ဆွေ… ကျွန်ုပ်မပါပါ” ဟု ငြင်းဆိုလေ၏။
သို့ရာတွင် ပေတရုက “မိတ်ဆွေ… သင်ပြောဆိုနေသည့်အရာကို ကျွန်ုပ်မသိပါ” ဟု ဆို၏။ ထိုစကားကို ပြောနေစဉ်အတွင်း၌ပင် ကြက်တွန်လေ၏။
ထိုသို့ပြုကျင့်သောသူတို့သည် သေဒဏ်ခံထိုက်သည်ဟု ဘုရားသခင်သတ်မှတ်ပြဋ္ဌာန်းထားကြောင်းကို သိလျက်နှင့်ပင် မိမိတို့ကိုယ်တိုင်ပြုကျင့်သည်သာမက ထိုသို့ပြုကျင့်သောအခြားသူတို့ကိုလည်း အားပေးအားမြှောက်ပြုကြသေး၏။
ထို့ကြောင့် သူတစ်ပါးကို အပြစ်စီရင်တတ်သောသူ… သင်သည် မိမိ၌အပြစ်မရှိဟု ဆင်ခြေပေး၍ မရ။ အဘယ်ကြောင့်ဆိုသော် သင်သည်လည်း ထိုဆိုးယုတ်မှုများကို ကိုယ်တိုင် ကျူးလွန်နေသူဖြစ်သောကြောင့် သူတစ်ပါးကို အပြစ်တင်လျှင် သင့်ကိုယ်သင်အပြစ်တင်ရာရောက်၏။
ထိုသို့သောဆိုးယုတ်မှုများကို ကျူးလွန်သောသူတို့အား ဘုရားသခင် အပြစ်စီရင်သည်မှာ သမ္မာတရားနှင့် ညီကြောင်း ကျွန်ုပ်တို့သိကြ၏။
သို့သော် သင်သည် မည်သူဖြစ်၍ ဘုရားသခင်ကို ဝေဖန်မည်နည်း။ ပုံသွင်းခံရသောအရာက ပုံသွင်းသောသူအား “အဘယ်ကြောင့် ငါ့ကို ဤသို့ဖန်ဆင်းသနည်း” ဟု မေးသင့်သလော။
လူတို့က “ငြိမ်းချမ်း၍ လုံခြုံသည်” ဟု ပြောနေသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး ရုတ်တရက် ဝေဒနာခံစားရသကဲ့သို့ ဘေးဒုက္ခသည် သူတို့အပေါ် ရုတ်တရက် ကျရောက်လာပြီး သူတို့သည် လွတ်မြောက်ကြမည်မဟုတ်။
သင်တို့အား မိန့်တော်မူသော အရှင်ကို မငြင်းပယ်မိစေရန် သတိပြုလော့။ အကယ်၍ မြေကြီးပေါ်ရှိ သတိပေးသူများကို မနာခံသောအစ္စရေးလူမျိုးသည် ပြစ်ဒဏ်မှ မလွတ်မြောက်နိုင်လျှင် ကောင်းကင်ဘုံမှ သတိပေးသော ဘုရားသခင်ကို မနာခံသောအခါ ပြစ်ဒဏ်မှ ပို၍ လွတ်မြောက်စရာအကြောင်းမရှိ။
ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရားကို ကျွန်ုပ်တို့ လျစ်လျူရှုပါက အပြစ်ဒဏ်မှ မည်သို့လွတ်မြောက်နိုင်ကြမည်နည်း။ ဤကယ်တင်ခြင်းတရားကို သခင်ဘုရားကိုယ်တိုင် ဦးစွာ ဟောတော်မူပြီးနောက် ကြားနာသူများက ကျွန်ုပ်တို့အား ထိုတရားတော်မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ကြ၏။