Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 26:53 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

53 ယခု​ပင် ငါတို့​ကို ကာကွယ်​ရန် ဆယ့်နှစ်တပ်​ထက်​မကသော ကောင်းကင်တမန်​တပ်များ​ကို ငါ့​ထံသို့ စေလွှတ်​ရန် တောင်းဆို​လျှင် ငါ​၏ ခမည်းတော်​သည် ချက်ချင်း​စေလွှတ်ပေးနိုင်သည်​ကို သင်တို့​မသိသလော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

53 ငါ​သည်​ခ​မည်း​တော်​ထံ​မှ​အ​ကူ​အ​ညီ​တောင်း​ခံ လျှင်​ခ​မည်း​တော်​သည်​တပ်​ကြီး​တစ်​ဆယ့်​နှစ်​တပ် ထက်​များ​ပြား​လှ​သော​ကောင်း​ကင်​တ​မန်​တို့​ကို ငါ့​ထံ​သို့​စေ​လွှတ်​တော်​မူ​မည်​ကို​သင်​တို့​မ​သိ ကြ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

53 တစ် ဆယ် နှစ် တပ် ထက် များ သော စေ တ မန် တော် တို့ ကို ယ ခု ပင် ငါ့ ထံ လွှတ် တော် မူ စေ ခြင်း ငှာ ခ မည်း တော် အား ငါ မ လျှောက် တောင်း နိုင် ဟု သင် ထင် သ လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

53 ယ​ခု​ပင် ငါ့​အ​ဘ​ကို ငါ​တောင်း​နိုင်​သည်​ကို​လည်း​ကောင်း၊ တောင်း​လျှင် ကောင်း​ကင်​တ​မန်​တစ်​ဆယ်​နှစ်​တပ်​မ​က ငါ့​ထံ​သို့ စေ​လွှတ်​တော်​မူ​မည်​ကို​လည်း​ကောင်း၊ သင်​သည်​မ​ထင်​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

53 ယခု​ပင် တစ်ဆယ့်နှစ်​တပ်​ထက်​များပြား​သော ကောင်းကင်တမန်​ကို ငါ့​ထံသို့​စေလွှတ်​တော်မူ​မည့်​အကြောင်း ခမည်းတော်​ထံသို့ ငါ​မ​တောင်း​နိုင်​ဟု သင်​ထင်​သလော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

53 ယ​ခု​ပင် ငါ့​အ​ဘ​ကို ငါ​တောင်း​နိုင်​သည်​ကို​လည်း​ကောင်း၊ တောင်း​လျှင် ကောင်း​ကင်​တ​မန်​တစ်​ဆယ်​နှစ်​တပ်​မ​က ငါ့​ထံ​သို့ စေ​လွှတ်​တော်​မူ​မည်​ကို​လည်း​ကောင်း၊ သင်​သည်​မ​ထင်​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 26:53
12 ပူးပေါင်းရင်းမြစ်များ  

လူသား​သည် မိမိ​၏​ဘုန်းအသရေ​ကို ဆောင်​၍ ကောင်းကင်တမန်များ​ခြံရံ​လျက် ကြွလာ​သောအခါ ဘုန်းအသရေ​နှင့် ပြည့်စုံသော သူ​၏ ရာဇပလ္လင်​ပေါ်​တွင် ထိုင်တော်မူ​လိမ့်မည်။


ထိုအခါ မာရ်နတ်​သည် ထွက်ခွာသွား​ပြီး ကောင်းကင်တမန်တို့​သည် လာ​၍ ယေရှု​ကို လုပ်ကျွေးပြုစုကြ၏။


ယေရှု​ထံသို့ ထို​သူတို့ ရောက်​သောအခါ လေဂေါင်​နတ်ဆိုးပူးခံရသူ​သည် အဝတ်​ကို​ဝတ်ထား​လျက် လူကောင်း​ပကတိစိတ်​ဖြင့် ထိုင်နေသည်​ကို တွေ့မြင်ကြ​လျှင် ကြောက်ရွံ့ကြ၏။


ယေရှု​က “သင့်​နာမည် မည်သို့​ခေါ်သနည်း” ဟု မေး​လျှင် ထို​သူ​က “အကျွန်ုပ်​၏ နာမည်​မှာ လေဂေါင်​ဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော် ဤ​လူ​အထဲ​၌ အကျွန်ုပ်တို့​သည် များစွာ​ရှိနေ​သောကြောင့်​ဖြစ်သည်” ဟု ပြန်လျှောက်၏။


ယေရှု​က “သင့်​နာမည် မည်သို့​ခေါ်သနည်း” ဟု မေးတော်မူ​လျှင် “လေဂေါင်​ဖြစ်ပါ၏” ဟု ဖြေလေ၏။ အကြောင်းမှာ နတ်ဆိုး​အများအပြားတို့​သည် ထို​သူ​အထဲ​၌ ဝင်ပူး​သောကြောင့်​ဖြစ်၏။


မည်သူ​ကမျှ ငါ့​အသက်​ကို စွန့်စေသည်​မဟုတ်။ မိမိ​သဘော​ဖြင့်သာ ငါ​စွန့်၏။ အဘယ်ကြောင့်ဆိုသော် ငါ့​အသက်​ကို စွန့်​ရန်​နှင့် ပြန်ယူ​ရန် ငါ့​ထံ၌ အခွင့်အာဏာ​ရှိ​သောကြောင့်​ဖြစ်၏။ ထို​အမိန့်​ကို ခမည်းတော်​ထံမှ ငါ​ရရှိ၏” ဟု မိန့်တော်မူ၏။


ယေရှု​က “ငါ့​နိုင်ငံ​သည် လောကီ​နိုင်ငံ​မဟုတ်။ ဟုတ်​လျှင် ဂျူးခေါင်းဆောင်​များ​၏​ဖမ်းဆီးခြင်း​ကို ငါ​မခံရ​စေရန် ငါ့​တပည့်တို့​က တိုက်ခိုက်ကြ​လိမ့်မည်။ သို့ရာတွင် ငါ့​နိုင်ငံ​သည် ဤ​ကမ္ဘာလောက​မှ မဟုတ်” ဟု မိန့်တော်မူ၏။


ဆင်းရဲ​ဒုက္ခရောက်​နေသော သင်တို့​နှင့်အတူ ကျွန်ုပ်တို့​ကိုလည်း စိတ်သက်သာရာ​ရစေတော်မူ​လိမ့်မည်။ သခင်​ယေရှု​သည် မီးလျှံ​ကြား​က တန်ခိုးကြီးသော ကောင်းကင်တမန်များ​ခြံရံ​လျက် ကောင်းကင်ဘုံ​မှ ပေါ်ထွက်လာ​သောအခါ


အာဒံ​မှ ဆင်းသက်​၍ ခုနစ်ဆက်​မြောက်သော​မျိုးဆက် ဧနောက်​သည် သူတို့​နှင့်​ပတ်သက်၍ “နားထောင်လော့။ ထာဝရဘုရား​သည် မိမိ​၏ မြောက်မြားစွာသော​ကောင်းကင်တမန်များ​နှင့်အတူ ကြွလာ​၍


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ