Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 1:32 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

32 ထိုသို့​ပြုကျင့်သော​သူတို့​သည် သေဒဏ်​ခံထိုက်သည်​ဟု ဘုရားသခင်​သတ်မှတ်​ပြဋ္ဌာန်းထားကြောင်း​ကို သိ​လျက်နှင့်ပင် မိမိတို့​ကိုယ်တိုင်​ပြုကျင့်သည်​သာမက ထိုသို့​ပြုကျင့်သော​အခြားသူတို့​ကိုလည်း အားပေး​အားမြှောက်​ပြုကြသေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

32 ဤ​သို့​သော​အ​ကျင့်​ရှိ​သူ​တို့​သည်​သေ​ဒဏ်​ခံ ထိုက်​သည်​ဟု ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​ချက်​ကို​ထို သူ​တို့​သိ​လျက်​ပင် မိ​မိ​တို့​ကိုယ်​တိုင်​ဤ​အ​မှု များ​ကို​ဆက်​လက်​၍​ပြု​ကျင့်​ကြ​သည်​သာ မ​က၊ ဤ​သို့​ပြု​ကျင့်​ကြ​သူ​များ​ကို​လည်း အား​ပေး​အား​မြှောက်​ပြု​ကြ​သည်​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 ထို သို့ ပြု ကျင့် သူ တိုင်း သေ ဒဏ် ခံ ထိုက် သည် ဟု ဘု ရား သ ခင် ပြ ဌာန်း ချက် ကို သိ လျက် ပင် ကိုယ် တိုင် ပြု သည် သာ မ က ပြု ကျင့် တတ် သူ တို့ ကို လည်း သ ဘော ကျ သူ များ ဖြစ် ကြ သည် တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 ထို​သို့ ကျင့်​သော​သူ​တို့​သည် သေ​ပြစ်​ကို​ခံ​ထိုက်​သည်​ဟု ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​ကြောင်း​ကို ထို​သူ​တို့​သည် သိ​လျက်​ပင် ကိုယ်​တိုင်​ကျင့်​သည်​သာ​မ​က၊ ထို​သို့​ကျင့်​သော​သူ​တို့၌ အား​ရ​ဝမ်း​မြောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 ဤ​အရာ​များ​ကို​ပြုကျင့်​သော​သူ​တို့​သည် သေဒဏ်​ခံ​ထိုက်​၏​ဟူသော​ဘုရားသခင်​၏​ပြဋ္ဌာန်း​ချက်​ကို သူ​တို့​သိ​လျက်​နှင့်​ပင် သူ​တို့​ကိုယ်တိုင်​ပြု​ကြ​သည်​သာမက ထိုသို့​ပြုကျင့်​သော​သူ​များ​ကို​လည်း သဘောတူ​ထောက်ခံ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 1:32
14 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ သင်တို့​သည် သင်တို့​၏​ဘိုးဘေးများ​ပြုသော​အမှုများ​ကို သဘောတူ​ထောက်ခံ​၍ ထို​အမှုတို့​၏​သက်သေများ​လည်း ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထို​ဘိုးဘေးများ​သည် ပရောဖက်များ​ကို သတ်​၍ သင်တို့​က အုတ်ဂူများ​တည်ကြ​သောကြောင့်​ဖြစ်၏။


အရှင်​၏​သက်သေခံ​ဖြစ်သော သတေဖန်​အသတ်ခံရ​စဉ်က အကျွန်ုပ်​သည်လည်း အနီး​တွင်​ရပ်​၍ အလိုတူ​အလိုပါ​ဖြစ်ကာ သူ့​ကို​သတ်သော​သူတို့​၏​အဝတ်များ​ကို စောင့်ကြည့်ခဲ့ပါ၏’ ဟု ပြန်လျှောက်၏။


သတေဖန်​ကို သတ်သည့်​အမှု​တွင် ရှောလု​သည်လည်း အလိုတူအလိုပါ​ဖြစ်ခဲ့၏။ ထို​နေ့​တွင် ဂျေရုဆလင်မြို့​ရှိ အသင်းတော်​အား ပြင်းထန်သော​ညှဉ်းပန်းနှိပ်စက်ခြင်းများ စတင်လာ​သဖြင့် တမန်တော်တို့​မှလွဲ၍ ယုံကြည်သူများ​သည် ယုဒပြည်​နှင့် ရှမာရိပြည်​တစ်လျှောက်​သို့ ကွဲလွင့်​ပျံ့နှံ့သွားကြလေ၏။


ဘုရားသခင်​သည် သမ္မာတရား​ကို မတရားမှု​ဖြင့် ဖုံးကွယ်​တားဆီးကြသော ဘုရားတရားမဲ့သူများ​နှင့် ဆိုးယုတ်သူများ​အား မိမိ​၏ အမျက်တော်​ကို ကောင်းကင်ဘုံ​မှ ဖော်ပြတော်မူ၏။


သူတို့​သည် ဘုရားသခင်​အကြောင်း​ကို သိကြ​သော်လည်း ဘုရား​အဖြစ် မကိုးကွယ်၊ ကျေးဇူး​လည်း​မတင်ကြ။ ထို့ပြင် သူတို့သည် ဘုရားသခင်​အကြောင်း​ကို ပညာမဲ့​စွာ တွေးခေါ်လာကြ​သဖြင့် သူတို့​၏ အသိတရား​မဲ့သော​စိတ်နှလုံး​၌ အမှောင်ဖုံးလေ၏။


ထိုစဉ်​က ပြုကျင့်ခဲ့သော​အရာ​မှ မည်သည့် အကျိုး​ကို ရသနည်း။ သင်တို့​သည် ယခင်က ကျူးလွန်ခဲ့ဖူးသော​အရာများ​အတွက် ယခု​ရှက်ကြောက်ရ၏။ ထို​အရာတို့​သည် သေခြင်း​၌ လမ်းဆုံး၏။


အပြစ်​၏​အဖိုးအခ​သည် သေခြင်း​ဖြစ်၏။ ဘုရားသခင် အခမဲ့​ပေးတော်မူသော​ဆုကျေးဇူး​မှာ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ရရှိသော​ထာဝရ​အသက်​ဖြစ်၏။


သို့ဖြစ်၍ သူတို့​အားလုံး​သည် သမ္မာတရား​ကို မယုံကြည်ဘဲ မတရားမှု​ကို နှစ်သက်​သောကြောင့် ပြစ်ဒဏ်​စီရင်တော်မူခြင်း ခံကြရလိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ