ယေရှုက ထိုသူအား “မိတ်ဆွေ… မည်သူသည် ငါ့ကို တရားသူကြီးအဖြစ်၊ သို့မဟုတ် အမွေခွဲပေးသူအဖြစ် ခန့်ထားသနည်း” ဟု မိန့်တော်မူ၏။
ရောမ 2:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သူတစ်ပါးကို အပြစ်စီရင်တတ်သောသူ… သင်သည် မိမိ၌အပြစ်မရှိဟု ဆင်ခြေပေး၍ မရ။ အဘယ်ကြောင့်ဆိုသော် သင်သည်လည်း ထိုဆိုးယုတ်မှုများကို ကိုယ်တိုင် ကျူးလွန်နေသူဖြစ်သောကြောင့် သူတစ်ပါးကို အပြစ်တင်လျှင် သင့်ကိုယ်သင်အပြစ်တင်ရာရောက်၏။ Common Language Bible သို့ဖြစ်၍မိတ်ဆွေ၊ သင်သည်သူတစ်ပါးအား အပြစ်စီရင်ပါသလော။ သင်သည်မည်သူဖြစ် စေကာမူသူတစ်ပါးအားအပြစ်စီရင်နိုင် သောအခြေအနေတွင်မရှိ။ သင်သည်သူတစ် ပါးကဲ့သို့အပြစ်ကူးလွန်သူဖြစ်လျက် နှင့် သူတစ်ပါးအားအပြစ်စီရင်လျှင်မိမိ ကိုယ်တိုင်အားလည်းအပြစ်စီရင်ရာရောက် ၏။- Garrad Bible ထို ကြောင့် သူ တစ် ထူး ကို စီ ရင် သော အ ချင်း လူ၊ သင်၌ ထု ချေ ရန် မ ရှိ။ စီ ရင် သော သင် သည်၊ ထို အ မှု အ တိုင်း ပင် ပြု ကျင့် တတ် သည် ဖြစ်၍ သူ တစ် ထူး ကို စီ ရင် ရာ တွင် ကိုယ် ကို အ ပြစ် စီ ရင် ရာ ရောက် သည် တ ကား။ Judson Bible သူတစ်ပါးကို စစ်ကြောစီရင်တတ်သောသူ၊ သင်သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။ အကြောင်းမူကား၊ သင်သည်စစ်ကြောစီရင်သော အမှုကိုပင် ကိုယ်တိုင်ပြုသည်ဖြစ်၍၊ သူတစ်ပါးကို စစ်ကြောစီရင်သည်တွင် ကိုယ်အပြစ်ရှိကြောင်းကို စီရင်ဆုံးဖြတ်ရာရောက်၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူတစ်ပါးကိုစီရင်တတ်သောအချင်းလူ၊ သင်သည် ဆင်ခြေပေး၍မရ။ အဘယ်ကြောင့်ဆိုသော် စီရင်နေသောသင်သည်လည်း တူညီသောအမှုများကိုပြုကျင့်နေသည်ဖြစ်၍ သူတစ်ပါးကိုစီရင်ရာတွင် သင့်ကိုယ်သင်ပြစ်ဒဏ်စီရင်ရာရောက်၏။ |
ယေရှုက ထိုသူအား “မိတ်ဆွေ… မည်သူသည် ငါ့ကို တရားသူကြီးအဖြစ်၊ သို့မဟုတ် အမွေခွဲပေးသူအဖြစ် ခန့်ထားသနည်း” ဟု မိန့်တော်မူ၏။
သခင်က ‘မိုက်မဲသောအစေခံ ငါသည် ခက်ထန်သောသူဖြစ်၍ ကိုယ်ရင်းနှီးမြုပ်နှံမထားသောအရာကို သိမ်းယူတတ်ပြီး ကိုယ်မစိုက်သောအရာကို ရိတ်သိမ်းတတ်သူဖြစ်ကြောင်း သင်သိသည်မှန်လျှင်
တစ်ပါးသူတို့ကို အပြစ်မစီရင်ကြနှင့်။ သို့မှသာ သင်တို့သည်လည်း အပြစ်စီရင်ခံရခြင်းမှ လွတ်လိမ့်မည်။ တစ်ပါးသူတို့ကို မဝေဖန်ကြနှင့်။ သို့မှသာ သင်တို့သည်လည်း ဝေဖန်ခံရခြင်းမှ လွတ်လိမ့်မည်။ တစ်ပါးသူတို့ကို ခွင့်လွှတ်ကြလော့။ သို့မှသာ သင်တို့သည် ခွင့်လွှတ်ခြင်းကို ခံရလိမ့်မည်။
သင်ပြုသောအမှုကိစ္စနှင့်ပတ်သက်၍ အမှားမရှိဟု သင်ယုံကြည်လျှင်လည်း ထိုယုံကြည်ခြင်းကို သင်နှင့် ဘုရားသခင်အကြား၌သာ ရှိစေလော့။ မိမိမှန်သည်ဟု လက်ခံထားသည့်အမှုကိစ္စကို ပြုလုပ်ခြင်းအတွက် အပြစ်မရှိဟု ခံစားရသောသူသည် မင်္ဂလာရှိ၏။
ထိုသို့သောဆိုးယုတ်မှုများကို ကျူးလွန်သောသူတို့အား ဘုရားသခင် အပြစ်စီရင်သည်မှာ သမ္မာတရားနှင့် ညီကြောင်း ကျွန်ုပ်တို့သိကြ၏။
ထိုသို့သောဆိုးယုတ်မှုများကို ကိုယ်တိုင် ပြုကျင့်လျက်နှင့်ပင် ထိုသို့ပြုကျင့်သည့်တစ်ပါးသူကို အပြစ်တင်သောသင်သည် ဘုရားသခင်၏ စီရင်တော်မူခြင်းနှင့် ကင်းလွတ်မည်ဟု ထင်သလော။
သို့ဖြစ်လျှင် ကျွန်ုပ်တို့ဂျူးလူမျိုးသည် အခြားလူမျိုးတို့ထက် သာလွန်ကောင်းမွန်သည်ဟု ဆိုနိုင်မည်လော။ ထိုသို့ လုံးဝ မဆိုနိုင်ပါ။ ဂျူးလူမျိုးဖြစ်စေ လူမျိုးခြားဖြစ်စေ လူအပေါင်းတို့သည် အပြစ်တရားလက်အောက်၌ရှိကြောင်းကို အထက်က ကျွန်ုပ်ဖော်ပြခဲ့ပြီးဖြစ်၏။
သို့သော် သင်သည် မည်သူဖြစ်၍ ဘုရားသခင်ကို ဝေဖန်မည်နည်း။ ပုံသွင်းခံရသောအရာက ပုံသွင်းသောသူအား “အဘယ်ကြောင့် ငါ့ကို ဤသို့ဖန်ဆင်းသနည်း” ဟု မေးသင့်သလော။
ထို့ကြောင့် သခင်ဘုရား ပြန်လည်ကြွလာတော်မမူမီ မည်သူ့ကိုမျှ ကြိုတင်၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်၌ ဝှက်ထားသောအရာများကို ကိုယ်တော်သည် အလင်းသို့ ယူလာ၍ ကျွန်ုပ်တို့၏ အတွင်းစိတ် အကြံအစည်များကို ဖော်ထုတ်မည်ဖြစ်သောကြောင့်ဖြစ်၏။ ထို့နောက်တွင်မူ ဘုရားသခင်သည် လူအသီးသီးတို့ကို ချီးမွမ်းတော်မူလိမ့်မည်။
အသင် အမျိုးသမီး… သင်၏ ခင်ပွန်းသည် သင့်အားဖြင့် ကယ်တင်ခံရမည် မခံရမည်ကို သင်မည်သို့သိနိုင်မည်နည်း။ အသင် အမျိုးသား… သင်၏ ဇနီးသည် သင့်အားဖြင့် ကယ်တင်ခံရမည် မခံရမည်ကို သင်မည်သို့သိနိုင်မည်နည်း။
အို လူမိုက်… လုပ်ဆောင်ခြင်းမရှိသော ယုံကြည်ခြင်းသည် အသုံးမဝင်ကြောင်း အထောက်အထား လိုအပ်သလော။
ညီအစ်ကိုမောင်နှမတို့… အချင်းချင်း မပုတ်ခတ်ကြနှင့်။ ညီအစ်ကိုမောင်နှမချင်း ပုတ်ခတ်ပြောဆိုသူ၊ သို့မဟုတ် အပြစ်စီရင်တတ်သောသူသည် ပညတ်တရားတော်ကို ပုတ်ခတ်၍ စီရင်သောသူဖြစ်၏။ ပညတ်တရားကို စီရင်လျှင် ပညတ်တရားကို လိုက်နာကျင့်သုံးသောသူမဟုတ်ဘဲ စီရင်သောသူဖြစ်၏။