Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 6:37 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

37 တစ်ပါးသူတို့​ကို အပြစ်​မစီရင်ကြနှင့်။ သို့မှသာ သင်တို့​သည်လည်း အပြစ်စီရင်ခံရခြင်း​မှ လွတ်​လိမ့်မည်။ တစ်ပါးသူတို့​ကို မဝေဖန်ကြနှင့်။ သို့မှသာ သင်တို့​သည်လည်း ဝေဖန်ခံရခြင်း​မှ လွတ်​လိမ့်မည်။ တစ်ပါးသူတို့​ကို ခွင့်လွှတ်ကြလော့။ သို့မှသာ သင်တို့​သည် ခွင့်လွှတ်ခြင်း​ကို ခံရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

37 ``သူ​တစ်​ပါး​တို့​အား​မ​စစ်​ကြော​မ​စီ​ရင်​ကြ​နှင့်။ သို့​မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​မ​စစ် ကြော​မ​စီ​ရင်​ဘဲ​နေ​တော်​မူ​လိမ့်​မည်။ သူ​တစ်​ပါး တို့​အား​မ​ရှုတ်​ချ​ကြ​နှင့်။ သို့​မှ​သာ​ဘု​ရား​သ​ခင် သည်​သင်​တို့​အား​မ​ရှုတ်​ချ​ဘဲ​နေ​တော်​မူ​လိမ့်​မည်။ သူ​တစ်​ပါး​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​ကြ​လော့။ သို့ မှ​သာ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​ပြစ်​ကို ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

37 မ စီ ရင် ဘဲ နေ ကြ လော့။ သင် တို့ လည်း စီ ရင် မ ခံ ဘဲ နေ ရ ကြ လိမ့် မည်။ အ ပြစ် မ တင် ဘဲ နေ ကြ လော့။ သင် တို့ လည်း အ ပြစ် တင် မ ခံ ဘဲ နေ ရ ကြ လိမ့် မည်။ ချမ်း သာ ပေး ကြ လော့။ သင် တို့ လည်း ချမ်း သာ ရ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

37 သူ​တစ်​ပါး၏​အ​မှု၌ စစ်​ကြော​ဆုံး​ဖြတ်​ခြင်း​ကို မ​ပြု​ကြ​နှင့်။ မ​ပြု​လျှင် သင်​တို့​သည် စစ်​ကြော​ဆုံး​ဖြတ်​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ သူ​တစ်​ပါး​ကို အ​ပြစ်​မ​စီ​ရင်​ကြ​နှင့်။ မ​စီ​ရင်​လျှင် သင်​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ သူ့​အ​ပြစ်​ကို လွှတ်​ကြ​လော့။ လွှတ်​လျှင် ကိုယ်​အ​ပြစ်​လွတ်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

37 သူတစ်ပါး​ကို​မ​စီရင်​ကြ​နှင့်။ သို့ပြုလျှင် သင်​တို့​သည်​လည်း စီရင်​ခြင်း​ကို လုံးဝ​ခံရ​မည်​မ​ဟုတ်။ သူတစ်ပါး​ကို​အပြစ်​ရှိ​သည်​ဟု​မ​သတ်မှတ်​ကြ​နှင့်။ သို့ပြုလျှင် သင်​တို့​သည်​လည်း အပြစ်​ရှိ​သည်​ဟု​သတ်မှတ်​ခြင်း​ကို လုံးဝ​ခံရ​မည်​မ​ဟုတ်။ သူတစ်ပါး​ကို​ခွင့်လွှတ်​ကြ​လော့။ သို့ပြုလျှင် သင်​တို့​သည်​လည်း ခွင့်လွှတ်​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

37 သူ​တစ်​ပါး၏​အ​မှု၌ စစ်​ကြော​ဆုံး​ဖြတ်​ခြင်း​ကို မ​ပြု​ကြ​နှင့်။ မ​ပြု​လျှင် သင်​တို့​သည် စစ်​ကြော​ဆုံး​ဖြတ်​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ သူ​တစ်​ပါး​ကို အ​ပြစ်​မ​စီ​ရင်​ကြ​နှင့်။ မ​စီ​ရင်​လျှင် သင်​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ သူ့​အ​ပြစ်​ကို လွှတ်​ကြ​လော့။ လွှတ်​လျှင် ကိုယ်​အ​ပြစ်​လွတ်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 6:37
21 ပူးပေါင်းရင်းမြစ်များ  

သို့သော် ကြွေးရှင်​သည်​လက်မခံဘဲ ထို​အကြွေး​မဆပ်​မီ​တိုင်အောင် သူ့​ကို ထောင်​ထဲတွင် ထည့်ထား၏။


သနားကြင်နာတတ်သော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထို​သူတို့​သည် သနားကြင်နာခြင်း​ကို ခံကြရမည်​ဖြစ်​သောကြောင့်ပင်။


သို့သော် သင်တို့​သည် ဆုတောင်း​သောအခါ တစ်ပါးသူတို့​အပေါ်​၌ အပြစ်တင်စရာ​ရှိလျှင် ထို​သူတို့​၏​အပြစ်​ကို ဦးစွာ​ခွင့်လွှတ်ကြလော့။ သို့မှသာ ကောင်းကင်ဘုံ​၌​ရှိတော်မူသော ခမည်းတော်​သည် သင်တို့​၏ အပြစ်များ​ကို ခွင့်လွှတ်တော်မူ​လိမ့်မည်။


ထို့ကြောင့် သူ့​ကို ငါ​ကြိမ်ဒဏ်ပေး​၍ လွှတ်လိုက်ပါမည်” ဟု ဆိုလေ၏။


သင်တို့​၏​အဖ​သည် သနားကြင်နာတော်မူသည့်​အတိုင်း သင်တို့​သည်လည်း သနားကြင်နာကြလော့။


အာဗြဟံ​၏​ဘုရား၊ ဣဇာက်​၏​ဘုရား၊ ယာကုပ်​၏​ဘုရား​ဖြစ်သော ငါတို့​ဘိုးဘေးများ​၏​ဘုရားသခင်​သည် မိမိ​၏​အစေခံ​ယေရှု​အား ဘုန်းကြီးစေတော်မူပြီ။ ထို​ယေရှု​မှာ ပိလတ်မင်း​လက်​သို့ သင်တို့​အပ်နှံ​၍ ပိလတ်မင်း​က လွတ်ငြိမ်းချမ်းသာခွင့်​ပေး​ရန် ဆုံးဖြတ်​သော်လည်း သင်တို့​ငြင်းပယ်ကြသော​သူ​ပင်​ဖြစ်၏။


သင်တို့​သည် တစ်ဦး​ကို တစ်ဦး ကျေးဇူးပြုကြလော့။ သနားကြင်နာကြလော့။ ဘုရားသခင်​သည် ခရစ်တော်​ကြောင့် သင်တို့​ကို ခွင့်လွှတ်တော်မူ​သကဲ့သို့ သင်တို့​သည်လည်း တစ်ဦး​ကို တစ်ဦး ခွင့်လွှတ်ကြလော့။


တစ်ဦး​နှင့်​တစ်ဦး အပြစ်တင်​စရာ​ရှိလျှင် အချင်းချင်း သည်းခံ​၍ ခွင့်လွှတ်ကြလော့။ သခင်ဘုရား​သည် သင်တို့​ကို ခွင့်လွှတ်​သကဲ့သို့ သင်တို့​သည်လည်း အချင်းချင်း ခွင့်လွှတ်ကြလော့။


ကရုဏာ​ကင်းမဲ့သောသူ​သည် ကရုဏာ​ကင်းမဲ့​စွာ တရားစီရင်ခြင်း ခံရမည်။ ကရုဏာ​ထားသောသူ​သည် ဘုရားသခင်​တရားစီရင်မည့်​နေ့​တွင် ကြောက်ရွံ့နေ​ရန် မလိုပေ။


ညီအစ်ကို​မောင်နှမတို့… အပြစ်စီရင်ခြင်း မခံရ​ရန် အချင်းချင်း အပြစ်တင်​၍ မညည်းတွားကြနှင့်။ ကြည့်လော့။ တရားစီရင်သော​အရှင်​သည် တံခါးဝ​တွင် ရပ်နေတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ