ငါသည် ခမည်းတော်၌ တည်သည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ တည်၍ ငါသည်လည်း သင်တို့၌ တည်သည်ကိုလည်းကောင်း ငါအသက်ပြန်၍ ရှင်သောနေ့၌ သင်တို့သိကြလိမ့်မည်။
ရောမ 16:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်နှင့်အတူ အကျဉ်းချခံခဲ့ဖူးသည့် ကျွန်ုပ်၏အမျိုးသားချင်းဖြစ်သော အန္ဒြောနိတ်နှင့် ယုနိကို နှုတ်ဆက်ပေးကြလော့။ ထိုသူတို့သည် တမန်တော်ထဲ၌ အလွန်ထင်ပေါ်သောသူများဖြစ်ကြ၏။ ကျွန်ုပ်ထက်စော၍ ခရစ်တော်ကို ယုံကြည်လက်ခံလာသူများလည်း ဖြစ်ကြ၏။ Common Language Bible အန္ဒြောနိတ်နှင့်ယုနိတို့ကိုနှုတ်ဆက်ကြလော့။ သူတို့ သည်ငါနှင့်အတူအကျဉ်းခံခဲ့သောယုဒအမျိုးသား များဖြစ်ကြ၏။ သူတို့သည်တမန်တော်များအဖြစ် ဖြင့်ထင်ပေါ်ကျော်ကြားသူများ၊ ငါ၏အလျင် ခရစ်တော်ကိုသိကြသူများတည်း။ Garrad Bible တ မန် တော် တို့ အ နက် ကျော် စော သူ ငါ့ အ ရင် ခ ရစ် တော်၌ တည် နေ သော ငါ့ ဆွေ မျိုး၊ ငါ နှင့် အ တူ အ ကျဉ်း ခံ ရ သော အ န္ဒြော နိတ် နှင့် ယု နိတ် တို့ ကို နှုတ် ဆက် ကြ လော့။ Judson Bible ငါနှင့်အတူ အကျဉ်းခံရသောသူ၊ ငါအမျိုးသားချင်း အန္ဒြောနိတ်နှင့် ယုနိကို နှုတ်ဆက်ကြလော့။ ထိုသူတို့သည် တမန်တော်များတွင် အသရေထင်ရှားသောသူ ဖြစ်ကြ၏။ ငါ့အရင် တပည့်တော်အဖြစ်သို့ ရောက်သောသူလည်း ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါ၏အမျိုးသားချင်းဖြစ်ပြီး ငါနှင့်အတူအကျဉ်းချခံရသူ အန္ဒြောနိတ်နှင့်ယုနိတို့ကို နှုတ်ဆက်ပေးကြလော့။ သူတို့သည် တမန်တော်များကြားတွင် ထင်ပေါ်ကျော်ကြားသောသူများဖြစ်ကြ၍ ငါ့ထက်အလျင်ဦးစွာ ခရစ်တော်ကိုယုံကြည်သောသူများလည်း ဖြစ်ကြ၏။ |
ငါသည် ခမည်းတော်၌ တည်သည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ တည်၍ ငါသည်လည်း သင်တို့၌ တည်သည်ကိုလည်းကောင်း ငါအသက်ပြန်၍ ရှင်သောနေ့၌ သင်တို့သိကြလိမ့်မည်။
ခမည်းတော်သည် စပျစ်ပင်ဖြစ်သော ငါ၌ အသီးမသီးသည့်အကိုင်းအခက်ရှိသမျှကို ခုတ်ပစ်တော်မူ၏။ အသီးသီးသောအကိုင်းအခက်ရှိသမျှကိုမူ ပို၍ အသီးသီးစေနိုင်ရန် ဖြတ်ညှပ်ရှင်းလင်းတော်မူ၏။
ငါ့အသားကို စား၍ ငါ့အသွေးကို သောက်သောသူသည် ငါ့အထဲ၌တည်ရှိ၏။ ငါသည်လည်း ထိုသူ့အထဲ၌တည်ရှိ၏။
ခရစ်တော်အပေါ် သစ္စာရှိသော အပေလေကို နှုတ်ဆက်ပေးကြလော့။ အရိတ္တောဗုလု၏ အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ပေးကြလော့။
ကျွန်ုပ်၏အမျိုးသားချင်းဖြစ်သော ဟေရောဒျုန်ကို နှုတ်ဆက်ပေးကြလော့။ သခင်ဘုရား၏ တပည့်တော်များဖြစ်သော နာကိသု၏အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ပေးကြလော့။
ကျွန်ုပ်၏လုပ်ဖော်ကိုင်ဖက် တိမောသေမှစ၍ ကျွန်ုပ်၏အမျိုးသားချင်းဖြစ်ကြသော လုကိ၊ ယာသုန်၊ သောသိပရုတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
ယေရှုခရစ်တော်၏ အမှုတော်ကို ဆောင်ရွက်သည့် ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသော ပြစ်ကိလနှင့် အာကုလတို့ကို နှုတ်ဆက်ပေးကြလော့။
ခရစ်တော်၏ အမှုတော်ကို ဆောင်ရွက်သည့် ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသော ဥရဗန်နှင့် ကျွန်ုပ်ချစ်သောမိတ်ဆွေ သတာခုကို နှုတ်ဆက်ပေးကြလော့။
ထို့ကြောင့် ယခုအခါ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောသူတို့သည် အပြစ်စီရင်ခြင်း မခံရ။
ယေရှုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူသော ဘုရားသခင်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသော ထိုဝိညာဉ်တော်အားဖြင့် သင်တို့၏ သေတတ်သောကိုယ်ခန္ဓာကိုပင် ရှင်စေတော်မူလိမ့်မည်။
လူ့အသွေးသားအရ ကျွန်ုပ်၏ အမျိုးသားချင်းဖြစ်သော ဂျူးညီအစ်ကိုမောင်နှမများ၏ အကျိုးအတွက် ကျွန်ုပ်ကိုယ်တိုင် ခရစ်တော်နှင့် ကင်းကွာလျက် ကျိန်ဆိုခြင်းကိုပင် ခံရန် အလိုရှိ၏။
သင်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေတော်မူသောအရှင်မှာ ဘုရားသခင်ဖြစ်၏။ ခရစ်တော်သည် ကျွန်ုပ်တို့၏ အကျိုးအတွက် ဘုရားသခင်ထံမှ လာသော ဉာဏ်ပညာဖြစ်တော်မူပြီး ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်စေတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သန့်ရှင်းစေ၍ အပြစ်မှ ရွေးနုတ်တော်မူ၏။
သူတို့သည် ခရစ်တော်၏ အစေခံများဖြစ်ကြသလော။ ကျွန်ုပ်သည် ပို၍ပင် ဖြစ်သည်ဟူ၍ အရူးကဲ့သို့ ပြောလို၏။ ကျွန်ုပ်သည် ပို၍အလုပ်ကြိုးစားခဲ့၏။ ခရစ်တော်အကြောင်း ဟောပြောသောကြောင့် အကြိမ်ပေါင်းများစွာ ထောင်ချခံခဲ့ရ၏။ အကြိမ်ပေါင်းများစွာ ကြိမ်ဒဏ်ခံခဲ့ရ၏။ မကြာခဏ သေဘေးနှင့် ရင်ဆိုင်ခဲ့ရ၏။
လွန်ခဲ့သောဆယ့်လေးနှစ်က တတိယကောင်းကင်ဘုံသို့ ချီဆောင်ခံရသည့် ခရစ်တော်၏ တပည့်တစ်ယောက်ကို ကျွန်ုပ်သိ၏။ သူသည် ကိုယ်ခန္ဓာပါလျက် ချီဆောင်ခံရသလော၊ မပါဘဲချီဆောင်ခံရသလော ကျွန်ုပ်မသိ။ ဘုရားသခင်သာ သိတော်မူ၏။
မည်သူမဆို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လျှင် အသစ်ဖန်ဆင်းခံရသူဖြစ်၏။ ထိုသူ၏ ဘဝဟောင်းသည် ပြီးဆုံး၍ ဘဝသစ်သည် အစပြု၏။
ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အပြစ်ကင်းသောအရှင်ကို အပြစ်ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်းမှာ ထိုအရှင်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်ဖြစ်၏။
ထိုအချိန်တွင် ခရစ်တော်ကို ယုံကြည်သော ယုဒပြည်ရှိ အသင်းတော်ဝင်များသည် ကျွန်ုပ်နှင့် လူချင်း မတွေ့ဆုံကြသေးပေ။
ဤသို့သွားသည်မှာ ဘုရားသခင်၏ ဗျာဒိတ်တော်အရ သွားခြင်းဖြစ်၏။ ထိုမြို့၌ ရှိစဉ် ခေါင်းဆောင်ဖြစ်သူများနှင့် သီးသန့်တွေ့ဆုံစည်းဝေးကာ လူမျိုးခြားတို့အား ဟောပြောခဲ့သောသတင်းကောင်းနှင့် ပတ်သက်၍ သူတို့ထံ တင်ပြခဲ့၏။ ဤသို့ တင်ပြရခြင်းမှာ ကျွန်ုပ်ကြိုးစားအားထုတ်ခဲ့ရသောအရာနှင့် ကြိုးစားအားထုတ်နေသောအရာတို့ကို အချည်းနှီး မဖြစ်စေလိုသောကြောင့် ဖြစ်၏။
ထိုခေါင်းဆောင်များသည် ယခင်က မည်ကဲ့သို့သောသူပင် ဖြစ်ခဲ့ပါစေ ကျွန်ုပ်အတွက် အရေးမကြီးပေ။ ဘုရားသခင်သည် မျက်နှာလိုက်တော်မမူတတ်။ ထိုသူတို့သည် ကျွန်ုပ်၏ ဟောပြောခြင်းအပေါ် မည်သည့်အရာမျှ မဖြည့်စွက်ခဲ့ကြပေ။
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။
အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးပေ။ အရေးကြီးသည့်အချက်မှာ အသစ်ဖန်ဆင်းခံရခြင်း ဖြစ်၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ လက်ရာတော်များ ဖြစ်ကြ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် ကြိုတင်ပြင်ဆင်ထားတော်မူသော ကောင်းမှုများကို ပြုစေရန် ဖန်ဆင်းတော်မူခဲ့၏။
ကျွန်ုပ်နှင့်အတူ အကျဉ်းချခံရသော အာရိတ္တာခုသည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ ဗာနဗ၏ညီဝမ်းကွဲ မာကုတို့သည်လည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ မာကုသည် သင်တို့ထံသို့ ရောက်လာလျှင် ညွှန်ကြားထားသည့်အတိုင်း သူ့ကို ကြိုဆိုကြလော့။
ယေရှုခရစ်တော်အတွက်ကြောင့် ကျွန်ုပ်နှင့်အတူ အကျဉ်းချခံရသော ဧပဖြသည် သင့်ကို နှုတ်ဆက်လိုက်ပါ၏။
ဘုရားသခင်သည် မိမိ၏ဝိညာဉ်တော်ကို ကျွန်ုပ်တို့အား ပေးတော်မူသောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်၍ ကိုယ်တော်သည်လည်း ကျွန်ုပ်တို့နှင့် တပေါင်းတစည်းတည်းဖြစ်ကြောင်းကို ကျွန်ုပ်တို့သိကြ၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။
သင်တို့၏ညီအစ်ကိုဖြစ်သော ကျွန်ုပ်ယောဟန်သည် သင်တို့နည်းတူ ယေရှု၏နောက်လိုက်ဖြစ်သည်နှင့်အညီ ဆင်းရဲဒုက္ခကိုလည်းကောင်း၊ ဘုရားသခင်၏နိုင်ငံတော်သားဖြစ်ခွင့်ကိုလည်းကောင်း၊ စိတ်ရှည်သည်းခံရခြင်းကိုလည်းကောင်း မျှဝေခံစားသည့် သင်တို့၏လုပ်ဖော်ကိုင်ဖက်ဖြစ်၏။ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောပြီး သခင်ယေရှုအကြောင်းကို သက်သေခံသောကြောင့် ပတ်မုကျွန်းသို့ ရောက်နေ၏။