ရောမ 12:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတစ်ပါးကို ချစ်ခင်ဟန် မဆောင်နှင့်။ စစ်မှန်စွာ ချစ်လော့။ မကောင်းမှုကို မုန်းတီး၍ ကောင်းမှုကို စွဲလမ်းကြလော့။ Common Language Bible သင်တို့၏မေတ္တာသည်ဟန်ဆောင်မှုနှင့်လုံးဝ ကင်းရမည်။ သင်တို့သည်ဆိုးညစ်မှုကိုမုန်း ၍ကောင်းမြတ်မှုကိုစွဲလမ်းလော့။- Garrad Bible ဟန် မ ဆောင် ဘဲ ချစ် ကြ လော့။ အ ဆိုး ကို ရွံ ရှာ၍ အ ကောင်း ကို မှီ ဝဲ လျက်၊ Judson Bible မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေလော့။ ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံရှာကြလော့။ ကောင်းမွန်သောအမှု၌ မှီဝဲဆည်းကပ်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ချစ်ခြင်းမေတ္တာသည် ဟန်ဆောင်မှုနှင့်ကင်းရမည်။ မကောင်းသောအရာကိုရွံမုန်း၍ ကောင်းသောအရာကိုတွယ်တာကြလော့။ |
ဤသို့ပြောဆိုရာတွင် သူသည် ဆင်းရဲသားများကို စာနာထောက်ထား၍ ပြောဆိုခြင်းမဟုတ်ဘဲ ခိုးဝှက်တတ်သူတစ်ဦးဖြစ်သောကြောင့် ပြောဆိုခြင်းသာ ဖြစ်၏။ သူသည် တပည့်တော်တို့၏ ငွေကို စီမံရသူဖြစ်၍ ငွေအိတ်ထဲမှ ငွေတချို့ကို နှိုက်ယူသုံးစွဲတတ်၏။
ဗာနဗရောက်လာပြီး ဘုရားသခင်၏ကျေးဇူးတော်ကို မြင်တွေ့ရသောအခါ ဝမ်းမြောက်ပျော်ရွှင်၍ ထိုသူတို့အားလုံးကို ခိုင်မြဲသောစိတ်နှလုံးဖြင့် ယေရှုခရစ်တော်အား ဆက်လက်ဆည်းကပ်ရန် တိုက်တွန်းလေ၏။
ဖြူစင်ခြင်း၊ အသိပညာရှိခြင်း၊ စိတ်ရှည်ခြင်းနှင့် ကျေးဇူးပြုခြင်းတို့ဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်ကို နာခံခြင်း၊ စစ်မှန်သောချစ်ခြင်းမေတ္တာရှိခြင်း၊
ဤသည်မှာ ကျွန်ုပ်သည် သင်တို့ကို အမိန့်ပေးနေခြင်းမဟုတ်။ သို့သော် သင်တို့၏ ချစ်ခြင်းမေတ္တာစစ်မှန်မှုကို အခြားသူတို့၏ စိတ်အားထက်သန်မှုနှင့် နှိုင်းယှဉ်၍ စစ်ဆေးခြင်းသာဖြစ်၏။
ကျွန်ုပ်တို့သည် မှားယွင်းခြင်း၊ မကောင်းသော စိတ်သဘောထားရှိခြင်း၊ လိမ်လည်လှည့်ဖြားလိုခြင်းတို့အပေါ် အခြေခံ၍ တိုက်တွန်းဟောပြောကြသည်မဟုတ်။
အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်။ အချင်းချင်းအတွက်ဖြစ်စေ၊ လူတိုင်းအတွက်ဖြစ်စေ အကျိုးရှိသောအရာများကို အမြဲကြိုးစားလုပ်ဆောင်ကြလော့။
သို့သော် အရာအားလုံးကို မှန်မမှန် စစ်ဆေးပြီး ကောင်းမွန်သည့် အရာတို့ကို လက်ခံကြလော့။
ဤသို့ ညွှန်ကြားရသည့် ရည်ရွယ်ချက်မှာ ဖြူစင်သောနှလုံးသား၊ စစ်မှန်သောယုံကြည်ခြင်း၊ လိပ်ပြာသန့်သောစိတ်တို့မှ ဖြစ်ပေါ်လာသော ချစ်ခြင်းမေတ္တာနှင့် အချင်းချင်းချစ်ကြရန် ဖြစ်၏။
ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကို နှစ်သက်ပြီး တရားမဲ့ခြင်းကို မုန်းတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏ ဘုရားသခင်တည်းဟူသော ဘုရားသခင်သည် ကိုယ်တော်၏ အပေါင်းအဖော်များထက် ကိုယ်တော်ကို ချီးမြောက်ကာ ဝမ်းမြောက်ခြင်းဆီသွန်းလောင်း၍ ခန့်ထားတော်မူသည်” ဟု မိန့်တော်မူ၏။
လူတိုင်းနှင့် သဟဇာတဖြစ်ရန်၊ သန့်ရှင်းသောဘဝနှင့်နေထိုင်ရန် အစွမ်းကုန်ကြိုးစားလော့။ မသန့်ရှင်းသောသူတို့သည် ထာဝရဘုရားကို ဖူးမြင်ရမည်မဟုတ်။
ကောင်းကင်ဘုံမှ ဆင်းသက်လာသော ဉာဏ်ပညာသည် ပထမဦးစွာ စင်ကြယ်၏။ ငြိမ်းချမ်းမှုကို မြတ်နိုး၏။ ထောက်ထားညှာတာတတ်၏။ သဟဇာတဖြစ်တတ်၏။ ကရုဏာတရားနှင့် ကောင်းကျိုးတို့ဖြင့် ပြည့်စုံ၏။ မျက်နှာမလိုက်တတ်။ ဟန်ဆောင်မှုကင်း၏။
သင်တို့သည် သမ္မာတရားကို နာခံခြင်းဖြင့် မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေပြီဖြစ်၍ သင်တို့၏ညီအစ်ကိုမောင်နှမများကို စိတ်ရင်းအမှန်ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်းချင်းအကြွင်းမဲ့ချစ်ကြလော့။
အရေးကြီးဆုံးအရာမှာ အချင်းချင်းနှစ်နှစ်ကာကာ ချစ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ချစ်ခြင်းမေတ္တာသည် အပြစ်များစွာကို ဖုံးအုပ်တတ်သောကြောင့်ဖြစ်၏။