ထိုသူတို့သည် ကျောက်ခဲဖြင့် ပေါက်နေကြစဉ် သတေဖန်က “သခင်ယေရှု… အကျွန်ုပ်၏ဝိညာဉ်ကို လက်ခံတော်မူပါ” ဟု ဆုတောင်းလေ၏။
ရောမ 10:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂျူးလူမျိုး၊ ဂရိလူမျိုးဟူ၍ ခွဲခြားခြင်းမရှိ။ သူတို့၌ သခင်တစ်ပါးတည်း ရှိ၍ ထိုသခင်ထံ ဆုတောင်းသောသူတို့အား ရက်ရောစွာ ပေးသနားတော်မူ၏။ Common Language Bible ယုဒလူမျိုး၊ လူမျိုးခြားဟူ၍ခွဲခြားမှု မရှိတော့သဖြင့်လူတိုင်းပါဝင်၏။ ဘုရား သခင်သည်လူအပေါင်းတို့၏အရှင်သခင် ဖြစ်တော်မူ၍ ကိုယ်တော်အားဆုတောင်းသမျှ သောသူတို့အားကြွယ်ဝစွာကောင်းချီးပေး တော်မူ၏။- Garrad Bible ၄င်း ပြင် ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို ပ ဌ နာ ပြု သူ တိုင်း ကယ် တင် ခွင့် ရ လ တ္တံ့ ဟု ကျမ်း ချက် အ ရ ယု ဒ လူ မျိုး နှင့် လူ မျိုး ခြား တို့ ခြား နား ခြင်း မ ရှိ။ တစ် ပါး တည်း သော အ ရှင် သည် ခပ် သိမ်း တို့ အ ပေါ် တွင် အုပ် စိုး လျက် ပ ဌ နာ ပြု သူ တို့ အ ဖို့ ကြွယ် ဝ တော် မူ၏။ Judson Bible ယုဒအမျိုး၊ ဟေလသအမျိုးကိုမရွေး၊ လူအပေါင်းတို့ကို အစိုးရသော အရှင်တစ်ပါးတည်းရှိ၍၊ ကိုယ်တော်ကို ပတ္ထနာပြုသော သူအပေါင်းတို့၌ ကျေးဇူးကြွယ်ဝတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤတွင် ဂျူးလူမျိုးနှင့်ဂရိလူမျိုးတို့ကြား၌ ခြားနားမှုမရှိ။ အကြောင်းမူကား တစ်ပါးတည်းသောအရှင်သည် လူအပေါင်းတို့၏အရှင်ဖြစ်တော်မူပြီး ကိုယ်တော်ကိုပတ္ထနာပြုသောသူအပေါင်းတို့အား ကြွယ်ဝစေတော်မူ၏။ |
ထိုသူတို့သည် ကျောက်ခဲဖြင့် ပေါက်နေကြစဉ် သတေဖန်က “သခင်ယေရှု… အကျွန်ုပ်၏ဝိညာဉ်ကို လက်ခံတော်မူပါ” ဟု ဆုတောင်းလေ၏။
ဤဒေသတွင်လည်း သူသည် သခင်ဘုရား၏အမည်နာမတော်ကို အမှီပြုဆုတောင်းသောသူရှိသမျှတို့ကို ဖမ်းဆီးချုပ်နှောင်ရန် ယဇ်ပုရောဟိတ်ခေါင်းဆောင်များထံမှ အခွင့်အာဏာရရှိထားပါ၏” ဟု လျှောက်လေ၏။
ခရစ်တော်သည် သေလွန်သောသူများနှင့် အသက်ရှင်သောသူများ၏ အရှင်သခင်ဖြစ်ရန်အတွက် အသေခံပြီး ရှင်ပြန်ထမြောက်တော်မူခဲ့၏။
ပရောဖက်ဟေရှာယကလည်း “ဒါဝိဒ်၏ ရာဇပလ္လင်မှ အမွေခံတစ်ဦး ပေါ်လာလိမ့်မည်။ ထိုသူသည် လူမျိုးခြားအပေါင်းတို့ကို အုပ်ချုပ်လိမ့်မည်။ လူမျိုးခြားတို့သည် သူ့ကို အားကိုးမျှော်လင့်ကြလိမ့်မည်” ဟု ဆိုထား၏။
သို့မဟုတ် ဘုရားသခင်၏ ကြင်နာခြင်းသည် သင့်ကို နောင်တရစေရန်ဖြစ်သည်ကို နားမလည်ဘဲ ကိုယ်တော်၏ ကြွယ်ဝသောကျေးဇူးပြုခြင်း၊ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ကို သင်သည် မထီမဲ့မြင်ပြုသလော။
ထိုနည်းလမ်းမှာ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသည့်နည်းလမ်းဖြစ်၏။ ခွဲခြားထားခြင်းမရှိဘဲ ယုံကြည်သောသူတိုင်းအတွက်ဖြစ်၏။
ယုံကြည်သူများဖြစ်စေရန် ရွေးချယ်တော်မူခြင်းခံရသည့် ကောရိန္သု အသင်းတော်ဖြစ်သော သင်တို့ထံသို့ ပို့လိုက်သောစာဖြစ်၏။ ဘုရားသခင်သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို ကိုးကွယ်ကြသည့် နေရာအနှံ့၌ရှိသောသူအပေါင်းတို့ကို ယေရှုခရစ်တော်အားဖြင့် သန့်ရှင်းစေတော်မူသကဲ့သို့ သင်တို့ကိုလည်း သန့်ရှင်းစေတော်မူ၏။ ထိုယေရှုခရစ်တော်သည် ကျွန်ုပ်တို့နှင့် နေရာအနှံ့၌ ရှိသော ထိုသူအပေါင်းတို့၏ သခင်ဖြစ်တော်မူ၏။
ပထမဦးဆုံးလူသည် မြေကြီးက ဖြစ်လာသောကြောင့် မြေကြီးသားဖြစ်၏။ ဒုတိယလူမှာ ကောင်းကင်ဘုံမှ လာသောသူဖြစ်၏။
ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်ကို သင်တို့သိကြ၏။ ကိုယ်တော်သည် ချမ်းသာသော်လည်း သင်တို့၏ အကျိုးကိုထောက်၍ ဆင်းရဲခံတော်မူ၏။ ထိုသို့ဆင်းရဲခံတော်မူခြင်းမှာ သင်တို့ ချမ်းသာလာစေရန် ဖြစ်၏။
ထိုသို့ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်ကြသောကြောင့် ဂျူးလူမျိုးနှင့် ဂရိလူမျိုး၊ ကျွန်နှင့် လွတ်လပ်သူ၊ ယောက်ျားနှင့် မိန်းမဟူ၍ ခွဲခြားခြင်း မရှိတော့ပေ။
ဘုရားသခင်၏ ကျေးဇူးတော် ကြွယ်ဝလှသဖြင့် ကျွန်ုပ်တို့သည် သားတော်နှင့် သားတော်၏ အသွေးတော်အားဖြင့် ရွေးနုတ်ခံကြရ၏။ ထိုရွေးနုတ်ခြင်းသည် အပြစ်ခွင့်လွှတ်ခြင်းပင် ဖြစ်၏။
သို့သော် ကရုဏာတော် ကြွယ်ဝသော ဘုရားသခင်သည် ကျွန်ုပ်တို့ကို အလွန် ချစ်တော်မူသဖြင့်
ဤသည်မှာ ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့အပေါ် ကျေးဇူးပြု၍ သာလွန်ထူးကဲသော ကျေးဇူးတော်၏ကြွယ်ဝခြင်းကို အနာဂတ်အစဉ်အဆက်တွင် ဖော်ပြရန် ဖြစ်၏။
ဘုရားသခင်၏ ဘုန်းတော် ကြွယ်ဝသည်နှင့်အညီ သင်တို့၏ အတွင်းစိတ်ကို ဝိညာဉ်တော်မှတစ်ဆင့် တန်ခိုးတော်ဖြင့် ကြံ့ခိုင်သန်မာစေတော်မူရန် ဆုတောင်း၏။
ထိုလျှို့ဝှက်နက်နဲသောအရာမှာ လူမျိုးခြားတို့သည် သတင်းကောင်းကို ယုံကြည်သောကြောင့် ဂျူးလူမျိုးတို့နှင့် အတူတကွ အမွေခံဖြစ်ခြင်း၊ ကိုယ်ခန္ဓာတစ်ခုတည်း၌ ဂျူးလူမျိုးတို့နှင့် အတူတကွ ပါဝင်ခြင်း၊ ယေရှုခရစ်တော်ကြောင့် ရရှိသော ကတိတော်ကို ဂျူးလူမျိုးတို့နှင့် အတူတကွ ဝေမျှခံစားခြင်းတို့ ဖြစ်၏။
ကျွန်ုပ်သည် ယုံကြည်သူများထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်ကို ခံစားရ၏။ ဤသို့ ခံစားရခြင်းသည် လူမျိုးခြားတို့ကို ခရစ်တော်၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်းအကြောင်း ဟောပြောရန်နှင့်
“ယေရှုခရစ်တော်သည် သခင်ဖြစ်တော်မူသည်” ဟု နှုတ်ဖြင့် ဝန်ခံလျက် ခမည်းတော်ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားကြစေရန် ဖြစ်၏။
ကျွန်ုပ်၏ ဘုရားသခင်သည် မိမိ၏ ဘုန်းကြီးသောကြွယ်ဝမှုအတိုင်း ယေရှုခရစ်တော် ပြုတော်မူသောအမှုကြောင့် သင်တို့လိုအပ်သမျှသောအရာတို့ကို သင်တို့အား ဖြည့်ဆည်းပေးတော်မူလိမ့်မည်။
ဤလျှို့ဝှက်နက်နဲသောအရာ၏ ဘုန်းစည်းစိမ်သည် လူမျိုးခြားတို့အတွက် မည်မျှ ကြီးမားကြောင်း ယုံကြည်သူတို့ သိစေရန် ဘုရားသခင် အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာသည် သင်တို့ထဲ၌ ကိန်းအောင်းတော်မူသည့်ခရစ်တော်ပင် ဖြစ်၏။ ခရစ်တော်ကြောင့် သင်တို့သည် ဘုရားသခင်၏ ဘုန်းအသရေကို ရရှိရန် မျှော်လင့်ရ၏။
သို့ဖြစ်၍ ဂျူးလူမျိုးနှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသူနှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်နှင့် လွတ်လပ်သူဟူ၍ ခြားနားမှုမရှိပေ။ ခရစ်တော်သည်သာ အရေးပါ၍ ကျွန်ုပ်တို့အားလုံးအထဲတွင် ကိန်းအောင်းတော်မူ၏။
ဘုရားသခင် တစ်ဆူတည်း ရှိတော်မူပြီး ဘုရားသခင်နှင့် လူတို့ကြားတွင် ကြားဝင်စေ့စပ်သူလည်း တစ်ပါးတည်း ရှိတော်မူ၏။ ထိုအရှင်သည် လူသားဖြစ်သော ယေရှုခရစ်တော်ပင် ဖြစ်တော်မူ၏။
သူတို့သည် သိုးသငယ်တော်ကို တိုက်ကြလိမ့်မည်။ သို့ရာတွင် သိုးသငယ်တော်သည် ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်ဖြစ်တော်မူသောကြောင့် သူတို့ကို အောင်နိုင်လိမ့်မည်။ သိုးသငယ်တော်နှင့်အတူ ရှိသောသူတို့သည် ခေါ်ဖိတ်ခံရသူများ၊ ရွေးကောက်ခံရသူများ၊ သစ္စာရှိသူများဖြစ်ကြ၏” ဟု ကျွန်ုပ်အား ပြော၏။
ဝတ်ရုံတော်နှင့် ပေါင်တော်ပေါ်၌ “ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်” ဟူသော ဘွဲ့နာမကို ရေးထား၏။