ရောမ 1:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အတွက် ကျွန်ုပ်အစဉ်မပြတ် ဆုတောင်းပေးလျက်ရှိ၏။ ထိုသို့ဆုတောင်းပေးခြင်းနှင့်ပတ်သက်၍ သားတော်၏သတင်းကောင်းကို ဟောပြောကာ စိတ်နှလုံးအပြည့်အဝဖြင့် ကျွန်ုပ်အစေခံလျက်ရှိသော ဘုရားသခင်သည် သက်သေဖြစ်တော်မူ၏။ Common Language Bible သားတော်အကြောင်းသတင်းကောင်းကို ကြေညာခြင်းအားဖြင့် ငါသည်ဘုရားသခင် ၏အမှုတော်ကိုစိတ်နှလုံးအကြွင်းမဲ့ထမ်း ဆောင်လျက်ရှိ၏။ ငါသည်ဆုတောင်းပတ္ထနာ ပြုသည့်အခါတိုင်း သင်တို့အားအစဉ်သတိ ရကြောင်းကိုဘုရားသခင်သည်သက်သေ ဖြစ်တော်မူ၏။ ဘုရားသခင်အလိုတော် ရှိပါကမကြာမီသင်တို့ထံသို့ငါလာ နိုင်ရန်လမ်းဖွင့်ပေးတော်မူရန်ဆုတောင်း၏။- Garrad Bible ဘု ရား သ ခင် အ လို တော် ရှိ လျှင် သင် တို့ ထံ မ ကြာ မ မြင့် မီ ငါ လာ ဖြစ် ခွင့် ရှိ စေ ရန် ပ ဌ နာ ပြု လေ ရာ ရာ သင် တို့ အား အ စဉ် သ တိ ရ လျက် တောင်း လျှောက် သည် ကို သား တော်၏ သ တင်း တော် မြတ် ကြား ပြော စဉ် စိတ် အာ ရုံ ဖြင့် ငါ ဝတ် ပြု ရာ ဘု ရား သ ခင် သိ မြင် တော် မူ ၏။ Judson Bible ငါသည်သင်တို့ကို မခြားမလပ်အောက်မေ့၍ အစဉ်မပြတ် ဆုတောင်းပတ္ထနာပြုသည်ဟု သားတော်၏ ဧဝံဂေလိတရားကို ဟောလျက်၊ အမှုတော်ကို စိတ်ဝိညာဉ်နှင့်တကွ ငါဆောင်ရွက်၍ ငါကိုးကွယ်သော ဘုရားသခင်သည် ငါ၏သက်သေခံဖြစ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသည်ဆုတောင်းသောအခါ သင်တို့ကိုအမြဲမပြတ်သတိရလျက် ဘုရားသခင်၏အလိုတော်ရှိလျှင် တစ်ချိန်ချိန်တွင် တစ်နည်းနည်းဖြင့် သင်တို့ထံသို့လာရသောအခွင့်ရှိပါမည့်အကြောင်း အစဉ်တောင်းလျှောက်နေ၏။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါ့အတွက်သက်သေခံပေးသောသူမှာ သားတော်၏ကောင်းမြတ်သောသတင်းကို ငါဟောပြောလျက် ငါ၏ဝိညာဉ်အားဖြင့် ဝတ်ပြုသောဘုရားသခင်ဖြစ်တော်မူ၏။ |
ယေရှုသည် တပည့်တော်တို့အား အားမလျှော့ဘဲ အစဉ်အမြဲ ဆုတောင်းသင့်ကြောင်းကို ပုံဥပမာတစ်ခုဖြင့် မိန့်တော်မူ၏။
ထိုသို့ ပေတရုသည် ထောင်ထဲတွင်ရှိနေစဉ် အသင်းတော်သည် သူ့အတွက် ဘုရားသခင်ထံ စိတ်အားပြင်းပြစွာ ဆုတောင်းလေ၏။
ဤအရာများ ဖြစ်ပျက်ပြီးနောက် ပေါလုသည် ဝိညာဉ်တော်အားဖြင့် မာကေဒေါနိပြည်နှင့် အခါယပြည်တစ်လျှောက်သွားပြီးလျှင် ဂျေရုဆလင်မြို့သို့ သွားရန် ဆုံးဖြတ်၏။ ထို့နောက် ပေါလုက “ထိုမြို့သို့သွားပြီးလျှင် ငါသည် ရောမမြို့သို့လည်း သွားရမည်” ဟု ပြောလေ၏။
သို့ရာတွင် မှားယွင်းသော ဂိုဏ်းခွဲဟု သူတို့ခေါ်တတ်သော ခရစ်တော်၏တရားလမ်းအတိုင်း အကျွန်ုပ်သည် ဘိုးဘေးတို့၏ဘုရားသခင်အား ကိုးကွယ်ကြောင်းကို အရှင့်ထံ၌ ဝန်ခံပါ၏။ အကျွန်ုပ်သည် ပညတ်တရား၌ ဖော်ပြထားသောအကြောင်းအရာများနှင့် ပရောဖက်ကျမ်းများ၌ ပါရှိသမျှတို့ကို ယုံကြည်ပါ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်ကိုပိုင်၍ ကျွန်ုပ်ကိုးကွယ်သောဘုရားသခင်၏ကောင်းကင်တမန်သည် မနေ့ညတွင် ကျွန်ုပ်၏အနားတွင် ရပ်လျက်
သင်တို့တစ်ဦးချင်းစီတိုင်းသည် အပြစ်ဒုစရိုက်လမ်းများမှ ပြန်လှည့်လာခြင်းဖြင့် ဘုရားသခင်သည် သင်တို့အား ကောင်းချီးပေးရန် မိမိအစေခံအား ပေါ်ထွန်းစေတော်မူ၍ သင်တို့ထံသို့ ဦးစွာစေလွှတ်တော်မူသည်” ဟု ပြောလေ၏။
ကျွန်ုပ်သည် အလွန်ဝမ်းနည်းလျက် စိတ်နှလုံးထဲ၌လည်း ဖြေဆည်၍ မရနိုင်သော ကြေကွဲခြင်းရှိကြောင်း ခရစ်တော်ကို တိုင်တည်၍ အမှန်ကိုပြော၏။ လိမ်လည်၍ မပြော။ ထိုသို့ အမှန်ပြောကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လိပ်ပြာသန့်စွာ အတည်ပြု၏။
ကောရိန္သုမြို့သို့ ကျွန်ုပ် ပြန်မလာရခြင်းအကြောင်းရင်းမှာ ကျွန်ုပ်၏ ပြင်းထန်သောဆုံးမခြင်းမှ သင်တို့ကို လွတ်စေလိုသောကြောင့်ဖြစ်ကြောင်း ဘုရားသခင်ကို တိုင်တည်၍ ကျွန်ုပ်ပြော၏။
ကျွန်ုပ်လိမ်လည်၍ မပြောကြောင်းကို သခင်ယေရှု၏ ခမည်းတော်ဖြစ်တော်မူသော ထာဝရမင်္ဂလာရှိတော်မူသည့်ဘုရားသခင် သိတော်မူ၏။
သင်တို့ထံသို့ ရေးသောစာ၌ လိမ်လည်သည့်အကြောင်းအရာမပါကြောင်း ဘုရားသခင်ကို တိုင်တည်၍ ကျွန်ုပ်ပြောဆိုဝံ့၏။
အမျိုးမျိုးသော ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့ဖြင့် ဝိညာဉ်တော် ညွှန်ကြားတော်မူသည့်အတိုင်း အချိန်အခါတိုင်းတွင် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်းနိုင်ရန် နိုးနိုးကြားကြား နေ၍ ယုံကြည်သူအပေါင်းတို့အတွက် ဇွဲမလျှော့ဘဲ ဆုတောင်းကြလော့။
သင်တို့အားလုံးအတွက် ကျွန်ုပ်ဆုတောင်းတိုင်း ဝမ်းမြောက်စွာ ဆုတောင်းပေးလျက် ရှိ၏။
သို့သော် တိမောသေကမူ သတင်းကောင်းကို ဟောပြောရာတွင် ကျွန်ုပ်နှင့်အတူ သားအဖကဲ့သို့ သစ္စာရှိစွာ အစေခံပြီး ခရစ်တော်၏ အကျိုးကိုသာ ရှာကြောင်း သက်သေပြခဲ့သည်ကို သင်တို့သိကြ၏။
ထိုသူတို့သည် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူထားသောကြောင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ လူများဟု ထင်တတ်ကြ၏။ သို့သော် ကျွန်ုပ်တို့သာလျှင် ဘုရားသခင်၏ စစ်မှန်သောလူများဖြစ်ကြ၏။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်၏ အကူအညီဖြင့် ဘုရားသခင်ကို ကိုးကွယ်၍ လူ့အားထုတ်မှုအပေါ် အားမကိုးဘဲ ယေရှုခရစ်တော် ပြုပေးသော အမှုအပေါ် အားကိုးကြ၏။
ကျွန်ုပ်တို့သည် သင်တို့အတွက် အဖဘုရားသခင်ထံ ဆုတောင်းရာတွင် သင်တို့သည် ယုံကြည်သည့်အတိုင်း လုပ်ဆောင်ကြသည်ကိုလည်းကောင်း၊ မေတ္တာကြောင့် ကြိုးစားအားထုတ်ကြသည်ကိုလည်းကောင်း၊ သခင်ယေရှုခရစ်တော်ကို မျှော်လင့်သောကြောင့် သည်းခံနိုင်ကြသည်ကိုလည်းကောင်း ကျွန်ုပ်တို့သတိရ၍ သင်တို့အားလုံးအတွက် ဘုရားသခင်ကို အစဉ်ကျေးဇူးတင်လျက် အစဉ်မပြတ် ဆုတောင်းပေးကြ၏။
ကျွန်ုပ်တို့သည် သင်တို့နှင့် လူချင်း တွေ့၍ သင်တို့၏ ယုံကြည်ခြင်းတွင် လိုအပ်နေသေးသော အပိုင်းကို ဖြည့်တင်းပေးနိုင်ရန် နေ့ရောညပါ စိတ်အားထက်သန်စွာ ဆုတောင်းကြ၏။
ထို့ကြောင့် လူမျိုးခြားတို့ကို ယုံကြည်ခြင်းနှင့် သမ္မာတရားအကြောင်း သင်ကြားရန် ကျွန်ုပ်သည် တရားဟောဆရာအဖြစ်လည်းကောင်း၊ တမန်တော်အဖြစ်လည်းကောင်း ခန့်အပ်ခံရ၏။ ထိုသို့ ဆိုသော် ကျွန်ုပ်သည် မလိမ်ညာဘဲ အမှန်အတိုင်းသာ ပြောဆိုခြင်းဖြစ်၏။
ကျွန်ုပ်သည် သင့်အတွက် နေ့ရောညပါ သတိတရ ဆုတောင်းပေး၏။ ဆုတောင်းပေးသောအခါ ကျွန်ုပ်၏ဘိုးဘေးတို့ ကိုးကွယ်ခဲ့သည့်နည်းတူ လိပ်ပြာသန့်သန့်ဖြင့် ကျွန်ုပ်ကိုးကွယ်သော ဘုရားသခင်ကို ကျေးဇူးတင်၏။
ကျွန်ုပ်သည် သင့်အတွက် သတိရဆုတောင်းတိုင်း ကျွန်ုပ်၏ဘုရားသခင်ကို အစဉ်ကျေးဇူးတင်၏။