ရောမ 1:9 - Common Language Bible9-10 သားတော်အကြောင်းသတင်းကောင်းကို ကြေညာခြင်းအားဖြင့် ငါသည်ဘုရားသခင် ၏အမှုတော်ကိုစိတ်နှလုံးအကြွင်းမဲ့ထမ်း ဆောင်လျက်ရှိ၏။ ငါသည်ဆုတောင်းပတ္ထနာ ပြုသည့်အခါတိုင်း သင်တို့အားအစဉ်သတိ ရကြောင်းကိုဘုရားသခင်သည်သက်သေ ဖြစ်တော်မူ၏။ ဘုရားသခင်အလိုတော် ရှိပါကမကြာမီသင်တို့ထံသို့ငါလာ နိုင်ရန်လမ်းဖွင့်ပေးတော်မူရန်ဆုတောင်း၏။- အခန်းကိုကြည့်ပါ။Garrad Bible9-10 ဘု ရား သ ခင် အ လို တော် ရှိ လျှင် သင် တို့ ထံ မ ကြာ မ မြင့် မီ ငါ လာ ဖြစ် ခွင့် ရှိ စေ ရန် ပ ဌ နာ ပြု လေ ရာ ရာ သင် တို့ အား အ စဉ် သ တိ ရ လျက် တောင်း လျှောက် သည် ကို သား တော်၏ သ တင်း တော် မြတ် ကြား ပြော စဉ် စိတ် အာ ရုံ ဖြင့် ငါ ဝတ် ပြု ရာ ဘု ရား သ ခင် သိ မြင် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible9 ငါသည်သင်တို့ကို မခြားမလပ်အောက်မေ့၍ အစဉ်မပြတ် ဆုတောင်းပတ္ထနာပြုသည်ဟု သားတော်၏ ဧဝံဂေလိတရားကို ဟောလျက်၊ အမှုတော်ကို စိတ်ဝိညာဉ်နှင့်တကွ ငါဆောင်ရွက်၍ ငါကိုးကွယ်သော ဘုရားသခင်သည် ငါ၏သက်သေခံဖြစ်တော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9-10 ငါသည်ဆုတောင်းသောအခါ သင်တို့ကိုအမြဲမပြတ်သတိရလျက် ဘုရားသခင်၏အလိုတော်ရှိလျှင် တစ်ချိန်ချိန်တွင် တစ်နည်းနည်းဖြင့် သင်တို့ထံသို့လာရသောအခွင့်ရှိပါမည့်အကြောင်း အစဉ်တောင်းလျှောက်နေ၏။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါ့အတွက်သက်သေခံပေးသောသူမှာ သားတော်၏ကောင်းမြတ်သောသတင်းကို ငါဟောပြောလျက် ငါ၏ဝိညာဉ်အားဖြင့် ဝတ်ပြုသောဘုရားသခင်ဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း9 သင်တို့အတွက် ကျွန်ုပ်အစဉ်မပြတ် ဆုတောင်းပေးလျက်ရှိ၏။ ထိုသို့ဆုတောင်းပေးခြင်းနှင့်ပတ်သက်၍ သားတော်၏သတင်းကောင်းကို ဟောပြောကာ စိတ်နှလုံးအပြည့်အဝဖြင့် ကျွန်ုပ်အစေခံလျက်ရှိသော ဘုရားသခင်သည် သက်သေဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သို့သော်လည်းထိုသူတို့ကလွဲမှားသည်ဟု ယူဆသည့်လမ်းစဉ်တော်အရ အကျွန်ုပ်သည် ဘိုးဘေးများ၏ဘုရားသခင်ကိုကိုးကွယ် ကြောင်းကိုမူအရှင်အားဝန်ခံပါ၏။ သို့ရာ တွင်အကျွန်ုပ်သည်မောရှေ၏ပညတ်ကျမ်း နှင့်ပရောဖက်ကျမ်းများတွင်ဖော်ပြပါရှိ သမျှသောအရာတို့ကိုယုံကြည်ပါသည်။-
အရေဖျားလှီးခြင်းမင်္ဂလာအစစ်အမှန်ကို ခံရသောသူတို့ကားထိုသူတို့မဟုတ်ဘဲငါ တို့သာလျှင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်ကိုယ်တော်၏ဝိညာဉ်တော် အားဖြင့်ဘုရားသခင်အားကိုးကွယ်ဝတ်ပြု၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ရ၍ရွှင်လန်းဝမ်းမြောက်သူများဖြစ် သောကြောင့်တည်း။ ငါတို့သည်ပြင်ပလက္ခဏာ များကိုမကိုးစား။-
ငါတို့သည်အဖဘုရားသခင်ထံတော်သို့ဆု တောင်းပတ္ထနာပြုသည့်အခါတိုင်း သင်တို့သည် မိမိတို့၏ယုံကြည်ခြင်းကိုလက်တွေ့အဘယ် သို့ကျင့်သုံးကြသည်ကိုလည်းကောင်း၊ သင်တို့ ၏ချစ်ခြင်းကြောင့်သင်တို့အဘယ်သို့ကြိုးစား လုပ်ဆောင်ကြသည်ကိုလည်းကောင်း၊ ငါတို့ သခင်ယေရှုခရစ်အားအဘယ်သို့မျှော်လင့် ၍တည်ကြည်ကြသည်ကိုလည်းကောင်း သတိရ ၍အစဉ်ပင်ကျေးဇူးတော်ကိုချီးမွမ်းကြ၏။-
သို့ဖြစ်၍ကိုယ်တော်သည်ငါ့အားတမန်တော် အဖြစ်ဖြင့်လည်းကောင်း၊ လူမျိုးခြားတို့၏ ဆရာအဖြစ်ဖြင့်လည်းကောင်း၊ ယုံကြည်ခြင်း တရားနှင့်သမ္မာတရားတော်ကိုဟောပြော သွန်သင်ရန်ခန့်ထားတော်မူ၏။ ငါသည်မုသား စကားကိုပြောနေသည်မဟုတ်။ မှန်သော စကားကိုပြောနေခြင်းဖြစ်သည်။