သို့သော် စားသင့်၊ မစားသင့်ဟူ၍ သံသယစိတ်နှင့်စားလျှင် သင်သည် ယုံကြည်ခြင်းနှင့် မစားသောကြောင့် အပြစ်စီရင်ခြင်းကို ခံရမည်။ မယုံကြည်ဘဲ ပြုလုပ်သမျှအရာတို့သည် အပြစ်ဖြစ်၏။
ယာကုပ် 2:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်စုံတစ်ဦးက “လူတချို့၌ ယုံကြည်ခြင်းရှိ၏။ လူတချို့၌ လုပ်ဆောင်ခြင်းရှိ၏” ဟု ပြောလိမ့်မည်။ သို့သော် ကျွန်ုပ်က “လုပ်ဆောင်ခြင်း မရှိလျှင် သင်၏ ယုံကြည်ခြင်းကို မည်သို့ပြနိုင်မည်နည်း။ ကောင်းသောလုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်၏ယုံကြည်ခြင်းကို ပြမည်” ဟု ပြန်ပြော၏။ Common Language Bible သို့ရာတွင်တစ်စုံတစ်ယောက်က``လူတစ်ဦး မှာယုံကြည်ခြင်းရှိ၍အခြားတစ်ဦးမှာ အကျင့်ရှိသည်'' ဟုစောဒကတက်လျှင်``အကျင့် နှင့်ကင်းသည့်ယုံကြည်ခြင်းကိုငါ့အားပြလော့။ ငါမူကားအကျင့်အားဖြင့်ငါ၏ယုံကြည် ခြင်းကိုပြမည်'' ဟုငါဆိုပေအံ့။- Garrad Bible တစ် ဦး က သင် ၌ ယုံ ကြည် ခြင်း ရှိ၏။ ငါ၌ ကိုယ် ကျင့် ရှိ၏။ ကိုယ် ကျင့် ကင်း သော သင့် ယုံ ကြည် ခြင်း ကို ပြ လော့။ ငါ မူ ကား ကိုယ် ကျင့် များ ဖြင့် ငါ့ ယုံ ကြည် ခြင်း ကို ပြ မည်။ Judson Bible တစ်နည်းကား၊ သင်သည် ယုံကြည်ခြင်းရှိ၏။ ငါသည် အကျင့်ရှိ၏။ သို့ဖြစ်၍ သင်သည်အကျင့်မရှိဘဲ သင်၏ယုံကြည်ခြင်းကို ပြလော့။ ငါမူကား၊ အကျင့်အားဖြင့် ငါ၏ယုံကြည်ခြင်းကို ပြမည်ဟု ပြောစရာရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် “သင်၌ယုံကြည်ခြင်းရှိ၍ ငါ၌လုပ်ဆောင်မှုရှိသည်”ဟု အချို့သောသူက ပြောဆိုလိမ့်မည်။ သို့ဆိုလျှင် လုပ်ဆောင်မှုကင်းသော သင်၏ယုံကြည်ခြင်းကို ငါ့အားပြလော့။ ငါသည်လည်း ငါ၏လုပ်ဆောင်မှုအားဖြင့် ငါ၏ယုံကြည်ခြင်းကို သင့်အားပြမည်။ |
သို့သော် စားသင့်၊ မစားသင့်ဟူ၍ သံသယစိတ်နှင့်စားလျှင် သင်သည် ယုံကြည်ခြင်းနှင့် မစားသောကြောင့် အပြစ်စီရင်ခြင်းကို ခံရမည်။ မယုံကြည်ဘဲ ပြုလုပ်သမျှအရာတို့သည် အပြစ်ဖြစ်၏။
လူသည် ပညတ်တရားကို လိုက်နာသောကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းမဟုတ်ဘဲ ယေရှုခရစ်တော်ကို ယုံကြည်သောကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့မှတ်ယူကြ၏။
အကျင့်သီလမရှိသော်လည်း ဖြောင့်မတ်သည်ဟု ဘုရားသခင်သတ်မှတ်တော်မူသောသူတို့၏ မင်္ဂလာရှိခြင်းနှင့်ပတ်သက်၍ ဒါဝိဒ်မင်းသည် ဤသို့ဖော်ပြခဲ့၏။
ထို့ကြောင့် ယခုအခါ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောသူတို့သည် အပြစ်စီရင်ခြင်း မခံရ။
ထိုအခါ သင်က “သို့ဖြစ်လျှင် ဘုရားသခင်သည် လူတို့အား အဘယ်ကြောင့် အပြစ်တင်တော်မူသေးသနည်း။ ဘုရားသခင်၏ အလိုတော်ကို မည်သူ ဆန့်ကျင်နိုင်သနည်း” ဟု ဆိုလိမ့်မည်။
ကျွန်ုပ်သည် ပရောဖက်ပြုဟောပြောနိုင်စွမ်းရှိသည်ဖြစ်စေ၊ လျှို့ဝှက်နက်နဲသောအရာရှိသမျှနှင့် အသိပညာရှိသမျှကို နားလည်သည်ဖြစ်စေ၊ တောင်များကို ရွှေ့နိုင်သောယုံကြည်ခြင်းရှိသည်ဖြစ်စေ မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။
မည်သူမဆို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လျှင် အသစ်ဖန်ဆင်းခံရသူဖြစ်၏။ ထိုသူ၏ ဘဝဟောင်းသည် ပြီးဆုံး၍ ဘဝသစ်သည် အစပြု၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့၌ ဘုရားသခင်ပေးတော်မူသော အထက်ပါကတိတော်များရှိသောကြောင့် ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ညစ်ညမ်းစေသောအရာတို့မှ မိမိကိုယ်ကိုယ် စင်ကြယ်စေ၍ ဘုရားသခင်ကို ရိုသေသောအားဖြင့် လုံးဝသန့်ရှင်းစေကြစို့။
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။
ဤသို့ ညွှန်ကြားရသည့် ရည်ရွယ်ချက်မှာ ဖြူစင်သောနှလုံးသား၊ စစ်မှန်သောယုံကြည်ခြင်း၊ လိပ်ပြာသန့်သောစိတ်တို့မှ ဖြစ်ပေါ်လာသော ချစ်ခြင်းမေတ္တာနှင့် အချင်းချင်းချစ်ကြရန် ဖြစ်၏။
အရာရာ၌ ကောင်းမှုကို ပြု၍ သင်ကိုယ်တိုင်စံနမူနာဖြစ်စေလော့။ သွန်သင်ရာတွင် ရိုးသားပွင့်လင်းခြင်း၊ တည်ကြည်ခြင်း၊
ပြည့်တန်ဆာရာခပ်သည် ယုံကြည်ခြင်းဖြင့် အစ္စရေးသူလျှိုတို့ကို ငြိမ်းချမ်းစွာ ကြိုဆိုသောကြောင့် မယုံကြည်သူတို့နှင့်အတူ အသက်မဆုံးရှုံးခဲ့ပေ။
ထိုသူတို့သည် ယုံကြည်ခြင်းဖြင့် အခြားတိုင်းနိုင်ငံကို အောင်နိုင်ခြင်း၊ တရားမျှတစွာ အုပ်ချုပ်ခြင်း၊ ကတိတော်များကို ခံစားရခြင်း၊ ခြင်္သေ့ပါးစပ်ကို ပိတ်ခြင်း၊
ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ ဘုရားသခင်ထံသို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူကြောင်း ယုံကြည်ရမည်။ ကိုယ်တော်ကို ကြိုးစားရှာသောသူအား ဆုလာဘ်ပေးတော်မူကြောင်း ယုံကြည်ရမည်။
ညီအစ်ကိုမောင်နှမတို့… တစ်စုံတစ်ယောက်က ငါ့ထံတွင် ယုံကြည်ခြင်းရှိ၏ ဟု ဆိုသော်လည်း လုပ်ဆောင်ခြင်းမရှိလျှင် မည်သည့်အကျိုး ရှိသနည်း။ ထိုသို့သောယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော။
သင်တို့တွင် မည်သူသည် ပညာရှိဖြစ်ပြီး တတ်သိလိမ္မာသူဖြစ်သနည်း။ ထိုသူသည် ပညာမှလာသော နူးညံ့သိမ်မွေ့မှုဖြင့် လုပ်ဆောင်သည့် အကျင့်အားဖြင့် ကောင်းသောပြုမူနေထိုင်ပုံဖြင့် သက်သေပြစေ။