Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယာ​ကုပ် 2:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သို့သော် “သင်​၌​ယုံကြည်​ခြင်း​ရှိ​၍ ငါ​၌​လုပ်ဆောင်​မှု​ရှိ​သည်”​ဟု အချို့​သော​သူ​က ပြောဆို​လိမ့်မည်။ သို့ဆိုလျှင် လုပ်ဆောင်​မှု​ကင်း​သော သင်​၏​ယုံကြည်​ခြင်း​ကို ငါ့​အား​ပြ​လော့။ ငါ​သည်​လည်း ငါ​၏​လုပ်ဆောင်​မှု​အားဖြင့် ငါ​၏​ယုံကြည်​ခြင်း​ကို သင့်​အား​ပြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 သို့​ရာ​တွင်​တစ်​စုံ​တစ်​ယောက်​က``လူ​တစ်​ဦး မှာ​ယုံ​ကြည်​ခြင်း​ရှိ​၍​အ​ခြား​တစ်​ဦး​မှာ အ​ကျင့်​ရှိ​သည်'' ဟု​စော​ဒ​က​တက်​လျှင်``အ​ကျင့် နှင့်​ကင်း​သည့်​ယုံ​ကြည်​ခြင်း​ကို​ငါ့​အား​ပြ​လော့။ ငါ​မူ​ကား​အ​ကျင့်​အား​ဖြင့်​ငါ​၏​ယုံ​ကြည် ခြင်း​ကို​ပြ​မည်'' ဟု​ငါ​ဆို​ပေ​အံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 တစ် ဦး က သင် ၌ ယုံ ကြည် ခြင်း ရှိ၏။ ငါ၌ ကိုယ် ကျင့် ရှိ၏။ ကိုယ် ကျင့် ကင်း သော သင့် ယုံ ကြည် ခြင်း ကို ပြ လော့။ ငါ မူ ကား ကိုယ် ကျင့် များ ဖြင့် ငါ့ ယုံ ကြည် ခြင်း ကို ပြ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 တစ်​နည်း​ကား၊ သင်​သည် ယုံ​ကြည်​ခြင်း​ရှိ၏။ ငါ​သည် အ​ကျင့်​ရှိ၏။ သို့​ဖြစ်၍ သင်​သည်​အ​ကျင့်​မ​ရှိ​ဘဲ သင်၏​ယုံ​ကြည်​ခြင်း​ကို ပြ​လော့။ ငါ​မူ​ကား၊ အ​ကျင့်​အား​ဖြင့် ငါ၏​ယုံ​ကြည်​ခြင်း​ကို ပြ​မည်​ဟု ပြော​စ​ရာ​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 တစ်စုံတစ်ဦး​က “လူတချို့​၌ ယုံကြည်ခြင်း​ရှိ၏။ လူတချို့​၌ လုပ်ဆောင်ခြင်း​ရှိ၏” ဟု ပြော​လိမ့်မည်။ သို့သော် ကျွန်ုပ်​က “လုပ်ဆောင်ခြင်း မရှိ​လျှင် သင်​၏ ယုံကြည်ခြင်း​ကို မည်သို့​ပြနိုင်​မည်နည်း။ ကောင်းသော​လုပ်ဆောင်ခြင်း​အားဖြင့် ကျွန်ုပ်​၏​ယုံကြည်ခြင်း​ကို ပြမည်” ဟု ပြန်ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယာ​ကုပ် 2:18
20 ပူးပေါင်းရင်းမြစ်များ  

သို့သော် သံသယ​ရှိ​သော​စိတ်​နှင့်​စား​လျှင် ယုံကြည်​ခြင်း​အားဖြင့်​မ​ဟုတ်​သောကြောင့် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​၏။ ယုံကြည်​ခြင်း​အားဖြင့်​မ​ဟုတ်​သော အမှုအရာ​အားလုံး​သည် အပြစ်​ဖြစ်​၏။


အကြောင်းမူကား လူ​သည် ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​အားဖြင့်​မ​ဟုတ်​ဘဲ ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​၏​ဟု ငါ​တို့​မှတ်ယူ​ကြ​၏။


ထို့အတူ ဒါဝိဒ်​သည်​လည်း ဘုရားသခင်​က အကျင့်​ကို​မ​ထောက်​ဘဲ ဖြောင့်မတ်​သည်​ဟု​သတ်မှတ်​တော်မူ​သော​သူ​၏​မင်္ဂလာ​ကို ပြောဆို​ရာ​တွင်


ထို့ကြောင့် ယခု​အခါ ခရစ်တော်​ယေရှု​၌​ရှိ​သော​သူ​တို့​သည် ပြစ်ဒဏ်​စီရင်​ခြင်း​မ​ခံရ။


ထိုအခါ သင်​က “သို့ဖြစ်လျှင် ဘုရားသခင်​သည် လူ​တို့​ကို အဘယ်ကြောင့် အပြစ်တင်​တော်မူ​သေး​သနည်း။ မည်သူ​သည် ဘုရားသခင်​၏​အလို​တော်​ကို ဆန့်ကျင်​နိုင်​မည်နည်း”​ဟု ငါ့​အား မေးမြန်း​လိမ့်မည်။


ငါ​သည် ပရောဖက်ပြု​ဟောပြော​နိုင်​သော​အခွင့်​ကို​ရရှိ​၍ လျှို့ဝှက်​နက်နဲ​သော​အရာ​ရှိသမျှ​နှင့် အသိပညာ​အလုံးစုံ​တို့​ကို နားလည်​သိရှိ​ကာ တောင်​များ​ကို​ရွှေ့​နိုင်​သည့် ယုံကြည်​ခြင်း​အပြည့်အဝ​ရှိ​သော်လည်း မေတ္တာ​မ​ရှိ​လျှင် အချည်းနှီး​ဖြစ်​၏။


သို့ဖြစ်၍ မည်သူမဆို ခရစ်တော်​၌​ရှိ​လျှင် အသစ်​ဖန်ဆင်း​ခံရ​သူ​ဖြစ်​၏။ ဟောင်း​သော​အရာ​တို့​သည် ကွယ်ပျောက်​သွား​၍ ခပ်သိမ်း​သော​အရာ​တို့​သည် အသစ်​ဖြစ်​ကြ​လေ​ပြီ။


ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​၌ ဤသို့​သော ကတိ​တော်​များ​ရှိ​ကြ​သောကြောင့် ကိုယ်ကာယ​နှင့်​စိတ်​ဝိညာဉ်​တို့​၏​အညစ်အကြေး​ရှိသမျှ​တို့​မှ မိမိတို့ကိုယ်ကို​စင်ကြယ်​စေ​၍ ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​အားဖြင့် မြင့်မြတ်​သန့်ရှင်း​ခြင်း​နှင့်​ပြည့်စုံ​ကြ​ကုန်စို့။


ခရစ်တော်​ယေရှု​၌​မူကား အရေဖျား​လှီး​ခြင်း​ဖြစ်စေ၊ အရေဖျား​မ​လှီး​ခြင်း​ဖြစ်စေ မည်သည့်​အရာ​ကို​မျှ မ​စွမ်းဆောင်​နိုင်။ မေတ္တာ​အားဖြင့်​လုပ်ဆောင်​သော ယုံကြည်​ခြင်း​က​သာ စွမ်းဆောင်​နိုင်​၏။


ဤ​ညွှန်ကြားချက်​၏​ရည်ရွယ်ချက်​ပန်းတိုင်​ကား စင်ကြယ်​သော​စိတ်နှလုံး၊ ကြည်လင်​သော​အသိစိတ်​နှင့် ဟန်ဆောင်​မှု​ကင်း​သော​ယုံကြည်​ခြင်း​တို့​မှ​ဖြစ်ပေါ်​လာ​သည့် ချစ်​ခြင်း​မေတ္တာ​ဖြစ်​၏။


အရာရာ​၌ ကောင်း​သော​လုပ်ဆောင်မှု​၏​စံနမူနာ​ကို သင်​ကိုယ်တိုင်​ပြသ​လော့။ ဩဝါဒ​ပေး​ရာ​တွင် သမာဓိ​နှင့်​တည်ကြည်​လေးနက်​ခြင်း​ရှိ​လျက်


ပြည့်တန်ဆာ​ရာခပ်​သည် ယုံကြည်​ခြင်း​အားဖြင့် သူလျှို​တို့​ကို ငြိမ်းချမ်း​စွာ​လက်ခံ​သောကြောင့် မ​ယုံကြည်​သော​သူ​တို့​နှင့်အတူ​မ​ပျက်စီး​ခဲ့​ရ​ပေ။


ထို​သူ​တို့​သည် ယုံကြည်​ခြင်း​အားဖြင့် တိုင်း​နိုင်ငံ​များ​ကို​အောင်​ခြင်း၊ ဖြောင့်မတ်​စွာ​အုပ်ချုပ်​ခြင်း၊ ကတိ​တော်​များ​ကို​ခံစား​ရ​ခြင်း၊ ခြင်္သေ့​နှုတ်​ကို​ပိတ်​ခြင်း၊


ယုံကြည်​ခြင်း​မ​ရှိ​လျှင် ဘုရားသခင်​၏​စိတ်​တော်​နှင့်​မ​တွေ့​နိုင်။ အကြောင်းမူကား ဘုရားသခင်​ထံ​ချဉ်းကပ်​သော​သူ​သည် ဘုရားသခင်​ရှိ​တော်မူ​ကြောင်း​ကို​လည်းကောင်း၊ ဘုရားသခင်​သည် မိမိ​ကို​ရှာ​သော​သူ​တို့​အား အကျိုး​ပေး​တော်မူ​သော​အရှင်​ဖြစ်​ကြောင်း​ကို​လည်းကောင်း ယုံကြည်​ရ​မည်။


ငါ့​ညီအစ်ကို​တို့၊ တစ်စုံတစ်ယောက်​သော​သူ​သည် ငါ​၌​ယုံကြည်​ခြင်း​ရှိ​၏​ဟု​ဆို​သော်လည်း လုပ်ဆောင်​မှု​မ​ပါ​လျှင် မည်သည့်​အကျိုး​ရှိ​သနည်း။ ထို​ယုံကြည်​ခြင်း​သည် သူ့​ကို​ကယ်တင်​နိုင်​သလော။


သင်​တို့​တွင် မည်သူ​သည် ပညာရှိ​ဖြစ်​ပြီး တတ်သိ​လိမ္မာ​သူ​ဖြစ်​သနည်း။ ထို​သူ​သည် ဉာဏ်ပညာ​၏​နူးညံ့​သိမ်မွေ့​ခြင်း​၌​တည်​သော မိမိ​၏​လုပ်ဆောင်​မှု​တို့​ကို ကောင်း​သော​အသက်ရှင်​နေထိုင်​မှု​အားဖြင့် သက်သေ​ပြ​ပါစေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ