ရောမ 3:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း28 လူသည် ပညတ်တရားကို လိုက်နာသောကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းမဟုတ်ဘဲ ယေရှုခရစ်တော်ကို ယုံကြည်သောကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့မှတ်ယူကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible28 ယုံကြည်ခြင်းအားဖြင့်သာလျှင်ကိုယ်တော် နှင့်မှန်ကန်စွာဆက်ဆံခွင့်ကိုရရှိနိုင်ကြောင်း၊ ပညတ်တရားကိုကျင့်သုံးခြင်းအားဖြင့် မရရှိနိုင်ကြောင်းငါတို့ယခုသိကြပြီ ဖြစ်သည်။- အခန်းကိုကြည့်ပါ။Garrad Bible28 လူ သည် ပ ညတ် တ ရား အ လိုက် အ ကျင့် အား ဖြင့် မ ဟုတ်၊ ယုံ ကြည် ခြင်း အား ဖြင့် ဖြောင့် မတ် ရာ ရောက် သည် ဟု မှတ် ရ ၏။ အခန်းကိုကြည့်ပါ။Judson Bible28 ထိုကြောင့် လူမည်သည်ကား၊ ပညတ်တရား၏ အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်တတ်သည်ဟုယူရ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 အကြောင်းမူကား လူသည် ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရ၏ဟု ငါတို့မှတ်ယူကြ၏။ အခန်းကိုကြည့်ပါ။ |
လူ့ဗီဇစိတ်၏ အားနည်းမှုကြောင့် မောရှေ၏ ပညတ်တရားသည် ကျွန်ုပ်တို့ကို မကယ်နိုင်ပေ။ ထို့ကြောင့် ဘုရားသခင်သည် မိမိသားတော်ကို လူ့ဗီဇစိတ်ရှိသည့် လူ့ကိုယ်ခန္ဓာထဲသို့ စေလွှတ်တော်မူခြင်းအားဖြင့် ပညတ်တရားမတတ်နိုင်သောအမှုကို ဖြေရှင်းပေးတော်မူ၏။ ဘုရားသခင်သည် သားတော်ကို ယဇ်အဖြစ် ပူဇော်ခြင်းအားဖြင့် လူ့ဗီဇစိတ်အတွင်း သက်ဝင်လှုပ်ရှားနေသော အပြစ်တရားကို အဆုံးသတ်တော်မူ၏။
သို့သော်လည်း လူသည် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသည်မဟုတ်ဘဲ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ သတ်မှတ်ခံရကြောင်း ကျွန်ုပ်တို့ သိကြ၏။ ကျွန်ုပ်တို့သည်လည်း ပညတ်တရားကို လိုက်နာခြင်းအားဖြင့်မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန် ယေရှုခရစ်တော်ကို ယုံကြည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည်မဟုတ်သောကြောင့် ဖြစ်၏။
ကျမ်းစာ၌ ဘုရားသခင်သည် လူမျိုးခြားတို့အား သူတို့၏ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူမည်ဖြစ်ကြောင်း ကြိုတင်သိမြင်တော်မူသည်ကို ဖော်ပြထား၏။ ထို့ကြောင့် အာဗြဟံအား “လူမျိုးအပေါင်းတို့သည် သင့်ထံမှတစ်ဆင့် ကောင်းချီးမင်္ဂလာ ခံစားရလိမ့်မည်” ဟူသော သတင်းကောင်းကို ကျမ်းစာ၌ ကြိုတင်ဟောပြောတော်မူ၏။
ခရစ်တော်နှင့် တပေါင်းတစည်းတည်း အသက်ရှင်ရန် ဖြစ်၏။ ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ရရှိသော ကျွန်ုပ်၏ ဖြောင့်မတ်ခြင်းကို အားမကိုးတော့ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရရှိသော ဖြောင့်မတ်ခြင်းကိုသာ အားကိုး၏။ ထိုဖြောင့်မတ်ခြင်းသည် ဘုရားသခင်သတ်မှတ်တော်မူသောအရာ ဖြစ်ပြီး ယုံကြည်ခြင်းကို အခြေခံ၍ ရရှိသောဖြောင့်မတ်ခြင်း ဖြစ်၏။