Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 14:23 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 သို့သော် စားသင့်၊ မစားသင့်​ဟူ၍ သံသယစိတ်​နှင့်​စား​လျှင် သင်​သည် ယုံကြည်ခြင်း​နှင့် မစား​သောကြောင့် အပြစ်​စီရင်ခြင်း​ကို ခံရမည်။ မယုံကြည်ဘဲ ပြုလုပ်​သမျှ​အရာတို့​သည် အပြစ်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 သို့​ရာ​တွင်​သံ​သ​ယ​ရှိ​သော​စိတ်​နှင့်​အ​စား အ​စာ​တစ်​စုံ​တစ်​ရာ​ကို​စား​သုံး​သော​သူ​အား ဘု​ရား​သ​ခင်​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယုံ​ကြည်​မှု​ပေါ်​၌ တည်​၍​မ​ပြု​သော​ကြောင့်​ဖြစ်​၏။ ယုံ​ကြည်​မှု ပေါ်​၌​မ​တည်​ဘဲ​ပြု​လေ​သ​မျှ​သည်​အ​ပြစ် ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ဒွိ ဟ နှင့် စား လျှင် မူ ကား စိတ် မ ချ ဘဲ စား သော ကြောင့် အ ပြစ် စီ ရင် ရာ ရောက်၏။ စိတ် မ ချ ဘဲ ပြု သ မျှ သည် အ ပြစ် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ယုံ​မှား​သော​သူ​သည် စား​လျှင်၊ ယုံ​သော​စိတ်​မ​ရှိ​ဘဲ စား​သော​ကြောင့် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ရ၏။ ယုံ​သော​စိတ်​မ​ရှိ​ဘဲ ကျင့်​သ​မျှ​သော အ​ကျင့်​တို့​သည် အ​ပြစ်​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 သို့သော် သံသယ​ရှိ​သော​စိတ်​နှင့်​စား​လျှင် ယုံကြည်​ခြင်း​အားဖြင့်​မ​ဟုတ်​သောကြောင့် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​၏။ ယုံကြည်​ခြင်း​အားဖြင့်​မ​ဟုတ်​သော အမှုအရာ​အားလုံး​သည် အပြစ်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 14:23
6 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် အစိုးရ​အာဏာ​ကို ဆန့်ကျင်သော​သူတို့​သည် ဘုရားသခင်​၏ စီမံခန့်ခွဲတော်မူခြင်း​ကို ဆန့်ကျင်သောသူ ဖြစ်၏။ ထို​သူတို့​သည် ပြစ်ဒဏ်​ပေးခြင်း​ကို ခံရမည်။


တချို့​က နေ့​တစ်နေ့​သည် အခြားသော နေ့​တစ်နေ့​ထက် ပို​၍ မြင့်မြတ်သည်​ဟု ယူဆ​ပြီး တချို့​ကမူ နေ့ရက်​တိုင်း​သည် အတူတူ​ပင် ဖြစ်သည်​ဟု ယူဆကြ၏။ မည်သို့ပင်​ဖြစ်စေ လူတိုင်း မိမိတို့​၏ ယူဆချက်​အပေါ် အပြည့်အဝ​ယုံကြည်မှု ရှိပါစေ။


သို့သော် ယုံကြည်သူ​တိုင်း​၌ ထို​အသိပညာ​ရှိသည်​မဟုတ်ချေ။ အချို့သော​သူတို့​သည် ရုပ်တု​ကိုးကွယ်သည့် အလေ့အထ​ရှိခဲ့​သောကြောင့် ရုပ်တု​အား ပူဇော်ထားသော​အစားအစာ​ကို စား​သောအခါ စစ်မှန်သော​နတ်ဘုရားများ​၏​အစားအစာ​ကို စားသည်​ဟု ထင်မှတ်​ဆဲ​ဖြစ်ကြ၏။ သို့ဖြစ်၍ စား​သောအခါ သူတို့​၏ အသိစိတ်​သည် အားနည်း​သောကြောင့် ထို​အစာ​က သူတို့​အား ညစ်ညူးစေသည်​ဟု ထင်မှတ်ကြ၏။


နှလုံးသား​ဖြူစင်သူတို့​အတွက် အရာ​အားလုံး​သည် စင်ကြယ်၏။ သို့သော် ညစ်ညူး​၍ ခရစ်တော်​ကို မယုံကြည်သူတို့​အတွက် မည်သည့်​အရာမျှ မစင်ကြယ်။ သူတို့​၏ အတွေးအခေါ်​နှင့် အသိစိတ်တို့​သည် ညစ်ညူး၏။


ယုံကြည်ခြင်း​မရှိ​လျှင် ဘုရားသခင်​၏ စိတ်တော်​နှင့် မတွေ့နိုင်။ ဘုရားသခင်​ထံသို့ ချဉ်းကပ်သော​သူ​သည် ဘုရားသခင်​ရှိတော်မူကြောင်း ယုံကြည်​ရမည်။ ကိုယ်တော်​ကို ကြိုးစား​ရှာသောသူ​အား ဆုလာဘ်​ပေးတော်မူကြောင်း ယုံကြည်​ရမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ