Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 9:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ထိုအခါ သင်​က “သို့ဖြစ်လျှင် ဘုရားသခင်​သည် လူတို့​အား အဘယ်ကြောင့် အပြစ်တင်တော်မူ​သေးသနည်း။ ဘုရားသခင်​၏ အလိုတော်​ကို မည်သူ ဆန့်ကျင်နိုင်သနည်း” ဟု ဆို​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ``ထို​သို့​ဖြစ်​ပါ​မူ​ဘု​ရား​သ​ခင်​သည်​လူ​တို့ ကို​အ​ဘယ်​သို့​လျှင်​အ​ပြစ်​တင်​နိုင်​ပါ​မည်​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​၏​အ​လို​တော်​ကို ဆန့်​ကျင်​ဘက်​ပြု​နိုင်​ပါ​မည်​နည်း'' ဟူ​၍​မေး မြန်း​လို​သူ​ရှိ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 သို့ ဖြစ် လျှင် သင် က၊ အ ဘယ် ကြောင့် အ ပြစ် တင် တော် မူ သေး သ နည်း။ သ ဘော တော် ကို မည် သူ ခု ခံ သ နည်း ဟု မေး ခဲ့ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 သို့​ဖြစ်​လျှင်၊ ဘု​ရား​သ​ခင်​သည် အ​ဘယ်​ကြောင့် အ​ပြစ်​တင်​တော်​မူ​သေး​သ​နည်း။ အ​ဘယ်​သူ​သည် အ​လို​တော်​ကို ဆီး​တား​ဖူး​သ​နည်း​ဟု ဆို​မည်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ထိုအခါ သင်​က “သို့ဖြစ်လျှင် ဘုရားသခင်​သည် လူ​တို့​ကို အဘယ်ကြောင့် အပြစ်တင်​တော်မူ​သေး​သနည်း။ မည်သူ​သည် ဘုရားသခင်​၏​အလို​တော်​ကို ဆန့်ကျင်​နိုင်​မည်နည်း”​ဟု ငါ့​အား မေးမြန်း​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 9:19
19 ပူးပေါင်းရင်းမြစ်များ  

ကျမ်းစာ​၌ ရေးထားသည့်​အတိုင်း လူသား​သည် အသေခံရမည်။ သို့ရာတွင် လူသား​ကို သစ္စာဖောက်သော​သူ​သည် အမင်္ဂလာ​ရှိ၏။ ထို​သူ​သည် မွေးဖွား​မလာခဲ့​လျှင် ပို၍​ကောင်းသည်” ဟု မိန့်တော်မူ၏။


ဘုရားသခင်​၏​တိကျသော​အကြံအစည်တော်​အားဖြင့်​လည်းကောင်း၊ ကြိုတင်​သိမြင်သော​ဉာဏ်တော်​အားဖြင့်​လည်းကောင်း သင်တို့​လက်​၌ အပ်နှံခံရသော​ဤ​ယေရှု​ကို သင်တို့​သည် တရားမဲ့သော​သူတို့​၏​လက်​ဖြင့် လက်ဝါးကပ်တိုင်​ပေါ်တွင် အသေသတ်ခဲ့ကြ၏။


သင်​က “ကျွန်ုပ်​ကို ကိုင်းဆက်ကူး​ရန်အတွက် ထို​အကိုင်းအခက်တို့​ကို ခုတ်ဖြတ်ပြီ” ဟု ဆို​လိမ့်မည်။


ခရစ်တော်​သည် သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူပြီ​ဟု ကျွန်ုပ်တို့​ဟောပြောကြ​လျှင် သင်တို့​ထဲမှ တချို့​က သေလွန်သော​သူတို့​သည် မထမြောက်ကြပါ​ဟု အဘယ်ကြောင့် ပြောဆိုကြသနည်း။


သို့သော် တစ်စုံတစ်ယောက်​က သေလွန်သော​သူတို့​သည် မည်သို့ ပြန်ရှင်မည်နည်း။ မည်သို့သော ကိုယ်ခန္ဓာ​နှင့် ပေါ်လာကြမည်နည်း​ဟု မေး​လိမ့်မည်။


လူ​သည် ဖြားယောင်း​သွေးဆောင်ခြင်း​ကို ခံရ​သောအခါ “ဘုရားသခင်​သည် ငါ့​ကို သွေးဆောင်သည်” ဟု မပြောစေနှင့်။ အဘယ်ကြောင့်ဆိုသော် မကောင်းမှု​သည် ဘုရားသခင်​ကို မသွေးဆောင်နိုင်​သောကြောင့် ဖြစ်၏။ ကိုယ်တော်​သည်လည်း မည်သူ့​ကိုမျှ ဖြားယောင်း​သွေးဆောင်​တော်မမူပေ။


တစ်စုံတစ်ဦး​က “လူတချို့​၌ ယုံကြည်ခြင်း​ရှိ၏။ လူတချို့​၌ လုပ်ဆောင်ခြင်း​ရှိ၏” ဟု ပြော​လိမ့်မည်။ သို့သော် ကျွန်ုပ်​က “လုပ်ဆောင်ခြင်း မရှိ​လျှင် သင်​၏ ယုံကြည်ခြင်း​ကို မည်သို့​ပြနိုင်​မည်နည်း။ ကောင်းသော​လုပ်ဆောင်ခြင်း​အားဖြင့် ကျွန်ုပ်​၏​ယုံကြည်ခြင်း​ကို ပြမည်” ဟု ပြန်ပြော၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ