သင်တို့၏ ဖြောင့်မတ်ခြင်းသည် ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့၏ ဖြောင့်မတ်ခြင်းထက် မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ဟု ငါသတိပေး၏။
ယာကုပ် 2:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… တစ်စုံတစ်ယောက်က ငါ့ထံတွင် ယုံကြည်ခြင်းရှိ၏ ဟု ဆိုသော်လည်း လုပ်ဆောင်ခြင်းမရှိလျှင် မည်သည့်အကျိုး ရှိသနည်း။ ထိုသို့သောယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော။ Common Language Bible ငါ့ညီအစ်ကိုတို့၊ လူတစ်စုံတစ်ယောက်သည် ယုံကြည်ပါသည်ဟုဆိုသော်လည်း အကျင့် အားဖြင့်သက်သေမပြနိုင်ပါမူအဘယ် အကျိုးရှိမည်နည်း။ ထိုယုံကြည်ခြင်းက သူ့အားကယ်တင်နိုင်မည်လော။- Garrad Bible ညီ အစ် ကို တို့၊ တစ် ဦး ဦး က ယုံ ကြည် ခြင်း ရှိ သည် ဟု ဆို လျက် ကိုယ် ကျင့် မ ပါ လျှင် မည် သည့် အ ကျိုး ရှိ သ နည်း။ ထို ယုံ ကြည် ခြင်း ဖြင့် ကယ် တင် ရာ ရောက် မည် လော။ Judson Bible ငါ့ညီအစ်ကိုတို့၊ တစ်စုံတစ်ယောက်သောသူက၊ ငါသည် ယုံကြည်ခြင်းရှိ၏ဟု ပြောလျက်၊ အကျင့်ကို မကျင့်ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော။- မြန်မာ့စံမီသမ္မာကျမ်း ငါ့ညီအစ်ကိုတို့၊ တစ်စုံတစ်ယောက်သောသူသည် ငါ၌ယုံကြည်ခြင်းရှိ၏ဟုဆိုသော်လည်း လုပ်ဆောင်မှုမပါလျှင် မည်သည့်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် သူ့ကိုကယ်တင်နိုင်သလော။ |
သင်တို့၏ ဖြောင့်မတ်ခြင်းသည် ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့၏ ဖြောင့်မတ်ခြင်းထက် မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ဟု ငါသတိပေး၏။
ထိုအခါ ယောဟန်က “အင်္ကျီနှစ်ထည်ရှိလျှင် မရှိသောသူအား တစ်ထည်ကို ဝေမျှစေ။ စားသောက်စရာရှိသောသူသည်လည်း ထိုနည်းတူ ဝေမျှစေ” ဟု ပြန်၍ ဖြေလေ၏။
သို့သော် ငါ့တရားစကားကို ကြား၍ လက်တွေ့မကျင့်သုံးသောသူသည် အုတ်မြစ်မချဘဲ မြေကြီးပေါ်တွင် အိမ်ဆောက်သောသူနှင့် တူ၏။ ရေကြီး၍ မြစ်ရေသည် ထိုအိမ်ကို ရိုက်ခတ်သောအခါ ချက်ချင်းပြိုကျသွား၏။ ထိုအိမ်၏ပျက်စီးမူသည်လည်း ကြီးမားလေ၏” ဟူ၍ ဖြစ်၏။
ယုံကြည်ခြင်းအားဖြင့် လူမျိုးခြားတို့၏စိတ်နှလုံးကို သန့်စင်ပေးကာ ထိုသူတို့နှင့် ကျွန်ုပ်တို့အကြား ခွဲခြားတော်မူခြင်းမရှိ။
ရှိမုန်ကိုယ်တိုင်ပင် ယုံကြည်သဖြင့် နှစ်ခြင်းမင်္ဂလာခံယူပြီးမှ ဖိလိပ္ပုထံ မှီဝဲဆည်းကပ်၍ နိမိတ်လက္ခဏာများနှင့် ကြီးမားသောအံ့ဖွယ်တန်ခိုးများ ဖြစ်ပေါ်သည်ကို မြင်တွေ့ရသောအခါ အံ့ဩလျက်ရှိ၏။
ဘုရားသခင်ရှေ့တော်တွင် သင့်စိတ်နှလုံးသည် မမှန်ကန်သောကြောင့် ဤအမှုတော်တွင် ပါဝင်ခွင့်မရှိပါ။
ဘုရားသခင်၏ ပညတ်တရားကို သင်လိုက်နာကျင့်သုံးလျှင် ဂျူးဓလေ့ထုံးတမ်းဖြစ်သော အရေပြားလှီးခြင်းမင်္ဂလာသည် အကျိုးရှိ၏။ သို့သော် ပညတ်တရားကို ချိုးဖောက်ပါက သင်၏ အရေပြားလှီးခြင်းသည် အရေပြားမလှီးသကဲ့သို့ပင်ဖြစ်၏။
ကျွန်ုပ်ဟောပြောခဲ့သော ထိုသတင်းကောင်းတရားကို သင်တို့ဆက်လက်၍ စွဲမြဲစွာ ယုံကြည်လျှင် ထိုသတင်းကောင်းအားဖြင့် သင်တို့သည် ကယ်တင်ခံကြရ၏။ ထိုသို့ မယုံကြည်လျှင် သင်တို့ ယုံကြည်ခဲ့သည်မှာ အချည်းနှီးဖြစ်၏။
မည်သူမဆို သခင်ဘုရားကို မချစ်လျှင် ထိုသူသည် ကျိန်ဆိုခြင်းကို ခံပါစေ။ သခင်ဘုရား ကြွလာတော်မူပါ။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် လွတ်လပ်ခွင့်ရရန်အတွက် ခေါ်တော်မူခြင်းခံရသူများ ဖြစ်၏။ သို့သော် သင်တို့၏ လွတ်လပ်ခွင့်ကို မိမိဗီဇစိတ်အလိုသို့ လိုက်ရန်အတွက် အခွင့်အရေးအဖြစ်အသုံးမပြုဘဲ မေတ္တာဖြင့် အချင်းချင်းအစေခံခြင်းအတွက် အသုံးပြုကြလော့။
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။
ဤသို့ ညွှန်ကြားရသည့် ရည်ရွယ်ချက်မှာ ဖြူစင်သောနှလုံးသား၊ စစ်မှန်သောယုံကြည်ခြင်း၊ လိပ်ပြာသန့်သောစိတ်တို့မှ ဖြစ်ပေါ်လာသော ချစ်ခြင်းမေတ္တာနှင့် အချင်းချင်းချစ်ကြရန် ဖြစ်၏။
ကိုယ်ကာယလေ့ကျင့်ခန်းသည် အနည်းငယ်သာ အကျိုးရှိသော်လည်း ဘုရားတရားကိုင်းရှိုင်းခြင်းမှာမူ အရာရာ၌ အကျိုးရှိ၏။ သင်တို့သည် ယခုဘဝ၊ နောင်ဘဝတွင် ဘုရားသခင်ကတိပြုတော်မူသော အကျိုးကို ရရှိမည်။
သူတို့သည် ဘုရားသခင်ကို သိသည်ဟု ဝန်ခံသော်လည်း သူတို့၏ အပြုအမူဖြင့် ကိုယ်တော်ကို ငြင်းပယ်ကြ၏။ သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသောသူ၊ မနာခံသောသူ၊ မည်သည့်ကောင်းမှုကိုမျှ ပြုနိုင်စွမ်းမရှိသောသူများ ဖြစ်ကြ၏။
ဤစကားသည် စိတ်ချယုံကြည်ရသော စကားဖြစ်၏။ သင်တို့သည် ထိုအရာများကို အထူးဂရုစိုက်၍ တိုက်တွန်းကြရန် ကျွန်ုပ်အလိုရှိ၏။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ကောင်းမှုပြုရန် ကြိုးစားနိုင်မည်။ အထက်ပါအရာတို့သည် ကောင်းမွန်၍ လူတိုင်းအတွက် အကျိုးပြုသောအရာများဖြစ်၏။
အာဗြဟံသည် ဘုရားသခင်၏ စမ်းသပ်တော်မူခြင်းကို ခံရသောအခါ ယုံကြည်ခြင်းဖြင့် ဣဇာက်ကို ယဇ်အဖြစ် ပူဇော်၏။ ကတိတော်များကို ရရှိထားသောအာဗြဟံသည် တစ်ဦးတည်းသောသားကို ပူဇော်ရန် အဆင်သင့်ဖြစ်နေခဲ့၏။
ထူးဆန်းသည့် အယူဝါဒအမျိုးမျိုး ဆွဲဆောင်ရာ နောက်သို့ မလိုက်ကြနှင့်။ စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေရာတွင် အစားအစာအားဖြင့် မဟုတ်ဘဲ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံစေလျှင် အကျိုးရှိ၏။ အစားအစာနှင့် ပတ်သက်သောပညတ်များကို လိုက်နာသောသူတို့မှာမူ မည်သည့်အကျိုးကိုမျှ မရရှိ။
သင်တို့ထဲမှ တစ်စုံတစ်ယောက်က “ငြိမ်းချမ်းစွာ သွားကြလော့။ နွေးထွေးစွာ နေ၍ ဝလင်စွာ စားကြလော့” ဟု ဆိုသော်လည်း သူတို့လိုအပ်သော အဝတ်အစားနှင့် စားစရာတို့ကို မပေးဘဲနေလျှင် မည်သည့်အကျိုး ရှိမည်နည်း။
တစ်စုံတစ်ဦးက “လူတချို့၌ ယုံကြည်ခြင်းရှိ၏။ လူတချို့၌ လုပ်ဆောင်ခြင်းရှိ၏” ဟု ပြောလိမ့်မည်။ သို့သော် ကျွန်ုပ်က “လုပ်ဆောင်ခြင်း မရှိလျှင် သင်၏ ယုံကြည်ခြင်းကို မည်သို့ပြနိုင်မည်နည်း။ ကောင်းသောလုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်၏ယုံကြည်ခြင်းကို ပြမည်” ဟု ပြန်ပြော၏။
ဝိညာဉ်မရှိသော ကိုယ်ခန္ဓာသည် အသေဖြစ်သကဲ့သို့ လုပ်ဆောင်ခြင်းမရှိသော ယုံကြည်ခြင်းသည် အသေဖြစ်၏။
ဤအကြောင်းအရာများကြောင့် သင်တို့၏ ယုံကြည်ခြင်း၌ ကောင်းမှုပြုခြင်းကိုလည်းကောင်း၊ ကောင်းမှုပြုခြင်း၌ အသိပညာကိုလည်းကောင်း၊