Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 11:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 အာဗြဟံ​သည် ဘုရားသခင်​၏ စမ်းသပ်တော်မူခြင်း​ကို ခံရ​သောအခါ ယုံကြည်ခြင်း​ဖြင့် ဣဇာက်​ကို ယဇ်​အဖြစ် ပူဇော်၏။ ကတိတော်များ​ကို ရရှိထားသော​အာဗြဟံ​သည် တစ်ဦးတည်းသော​သား​ကို ပူဇော်​ရန် အဆင်သင့်​ဖြစ်နေခဲ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17-18 အာ​ဗြ​ဟံ​သည်​ဘု​ရား​၏​စမ်း​သပ်​စစ်​ဆေး​ခြင်း ကို​ခံ​ရ​သော​အ​ခါ​ယုံ​ကြည်​ခြင်း​အား​ဖြင့် သား ဣ​ဇာက်​ကို​ယဇ်​ကောင်​အ​ဖြစ်​ပူ​ဇော်​လေ​သည်။ ``သင်​၏​အ​မျိုး​အ​နွယ်​ကို​ဣ​ဇာက်​မှ​ဆင်း​သက် ပေါက်​ပွား​စေ​မည်'' ဟူ​သော​ဘု​ရား​သ​ခင်​၏ က​တိ​တော်​ကို သူ​သည်​ခံ​ယူ​ရ​ရှိ​ခဲ့​သော်​လည်း မိ​မိ​၏​တစ်​ဦး​တည်း​သော​သား​ကို​ပူ​ဇော်​ရန် အ​သင့်​ရှိ​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17-19 ယုံ ကြည် ခြင်း အား ဖြင့် အာ ဗြ ဟံ သည် စုံ စမ်း ခံ ရ သည့် ကာ လ ဣ ဇာက် ကို ဆက် ကပ်၏။ ထို သို့ ပင် ဣ ဇာက် မှ သာ သင့် အ မျိုး အ နွယ် ဟု သ မုတ် လိမ့် မည် ဟူ သော က တိ တော် များ ကို ခံ ရ သူ သည် သူ သေ တို့ ထဲ မှ ပင် ဘု ရား သ ခင် ရှင် ပြန် ထ မြောက် စေ တော် မူ နိုင် ကြောင်း မှတ် ယူ လျက် ဧ က ပု တ္တ သား ကို ဆက် ကပ် လေ စွ။ ပ မာ ဆို သော် သူ သေ တို့ အ ထဲ မှ ပြန် ရ သည် မှန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 အာ​ဗြ​ဟံ​သည် စုံ​စမ်း​တော်​မူ​ခြင်း​ကို ခံ​ရ​သော​အ​ခါ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဣ​ဇာက်​ကို​ပူ​ဇော်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 အာဗြဟံ​သည် စမ်းသပ်​စစ်ဆေး​ခြင်း​ကို​ခံရ​သောအခါ ယုံကြည်​ခြင်း​အားဖြင့် ဣဇက်​ကို​ပူဇော်​၏။ ကတိ​တော်​များ​ကို​ရရှိ​ထား​သော​သူ​သည် တစ်ဦးတည်း​သော​သား​ကို​ပူဇော်​ရန်​ပြင်ဆင်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 11:17
20 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​သည် လောကီသားတို့​ကို အလွန်​ချစ်​သောကြောင့် မိမိ​၏​တစ်ပါးတည်းသော​သားတော်​ကို စွန့်တော်မူ၏။ ထိုသို့​စွန့်တော်မူခြင်း​မှာ သားတော်​ကို ယုံကြည်သောသူ​တိုင်း မပျက်စီးဘဲ ထာဝရ​အသက်​ကို ရရှိ​စေရန်​ဖြစ်၏။


သင်တို့​လှူဒါန်း​ရန် စေတနာစိတ်​ရှိလျှင် ဘုရားသခင်​သည် သင်တို့​၌ မရှိသော​အရာ​ကို မထောက်ဘဲ ရှိသော​အရာ​ကို ထောက်​၍ သင်တို့​၏ လှူဒါန်းခြင်း​ကို လက်ခံတော်မူ​လိမ့်မည်။


ဤ​လူအပေါင်းတို့​သည် ယုံကြည်​လျက် သေလွန်ကြ၏။ သူတို့​သည် ဘုရားသခင်​ကတိပြုတော်မူသည့်​အရာများ​ကို မရရှိခဲ့​သော်လည်း အဝေး​ကပင် မြင်​၍ ကြိုဆိုခဲ့ကြ၏။ သူတို့​သည် ဤ​လောက​တွင် ခေတ္တ​တည်းခိုသူများ၊ ဧည့်သည်များ​သာ​ဖြစ်ကြောင်း ဝန်ခံခဲ့ကြ၏။


သို့သော် ဤ​မေလခိဇေဒက်​သည် လေဝိ​မျိုးဆက်​မဟုတ်​သော်လည်း သူ​သည် အာဗြဟံ​ထံမှ ဆယ်ဖို့တစ်ဖို့​အလှူ​ကို ခံယူ​လျက် ဘုရားသခင်​၏​ကတိတော်​ကို ရရှိထားသော အာဗြဟံ​အား ကောင်းချီးပေးခဲ့၏။


အဆုံး​တိုင်အောင် စိတ်ရှည်​သည်းခံသော​သူတို့​သည် မင်္ဂလာရှိသည်​ဟု ကျွန်ုပ်တို့​ယူဆ၏။ ယောဘ​၏​စိတ်ရှည်​သည်းခံမှု​အကြောင်း​ကို သင်တို့​အားလုံး ကြားကြပြီ။ ထာဝရဘုရား​သည် သနား​ကြင်နာခြင်း​နှင့် ကရုဏာ​အပြည့်​ရှိ​သောကြောင့် အဆုံး​တွင် ယောဘ​ကို မည်သို့​ကြည့်ရှုသည်​ကိုလည်း သင်တို့​သိကြပြီ။


ချစ်ရသော​သူတို့… သင်တို့​ကို စမ်းသပ်​ရန်​အတွက် ယခု​သင်တို့​ကြီးမားသော​ဆင်းရဲဒုက္ခ​ခံရသည်​ကို ထူးဆန်းသည့်​အရာ​ဖြစ်ပျက်နေသည်​ဟူ၍ ထင်မှတ်​ကာ မအံ့ဩကြနှင့်။


သင်​သည် ငါ​သွန်သင်သည့်​အတိုင်း သည်းခံ​လျက်​နေခဲ့၏။ ထို့ကြောင့် ကမ္ဘာလောက​၌ နေထိုင်ကြသောသူတို့​ကို စစ်ဆေး​ရန်အတွက် ကမ္ဘာတစ်ဝန်းလုံး​အပေါ် ကျရောက်မည့်​စုံစမ်း​နှောင့်ယှက်ခြင်း​ကာလ​မှ သင်တို့​ကို ငါ​ကယ်တင်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ