ငါ၏နောက်လိုက်များဖြစ်သောကြောင့် လူအပေါင်းတို့သည် သင်တို့ကို မုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် ကယ်တင်ခံရလိမ့်မည်။
ယာကုပ် 1:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဒုက္ခဆင်းရဲတို့ဖြင့် စမ်းသပ်ခြင်းကို အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုစမ်းသပ်ခြင်းကို အောင်မြင်သောအခါ ဘုရားသခင်ကို ချစ်သောသူတို့အတွက် ကတိထားတော်မူသည့် အသက်ဆုသရဖူကို ရမည်ဖြစ်သောကြောင့်ပင်။ Common Language Bible စုံစမ်းနှောင့်ယှက်ခြင်းကိုကြံ့ကြံ့ခံနိုင်သော သူသည်မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူသည်ယင်းသို့ခံနိုင်သည်ရှိသော် ဘုရား သခင်ကိုချစ်သောသူတို့အားကိုယ်တော်ကတိ ထားတော်မူသည့်အသက်တည်းဟူသောဆု ကိုရရှိမည်ဖြစ်သောကြောင့်တည်း။- Garrad Bible စုံ စမ်း ခံ ရာ ၌ တည် ကြည် သူ သည် မင်္ဂ လာ ရှိ၏။ စံ တော် မီ သ ဖြင့် ကိုယ် တော် ကို ချစ် သူ တို့ အား က တိ ထား တော် မူ သော အ သက် သ ရ ဖူ ကို ရ လိမ့် မည်။ Judson Bible စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သောသူတို့အား ကတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း စုံစမ်းနှောင့်ယှက်ခြင်းကိုသည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စုံစမ်းစစ်ဆေးခြင်းကိုအောင်မြင်သောအခါ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။ |
ငါ၏နောက်လိုက်များဖြစ်သောကြောင့် လူအပေါင်းတို့သည် သင်တို့ကို မုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် ကယ်တင်ခံရလိမ့်မည်။
ထို့နောက် ရှင်ဘုရင်က သူ၏ လက်ယာတော်ဘက်၌ ရှိသောသူတို့အား ‘ငါ့ခမည်းတော်၏ ကောင်းချီးမင်္ဂလာကို ခံစားရသူတို့… လာကြလော့။ ကမ္ဘာတည်ကတည်းကပင် သင်တို့အဖို့ ပြင်ဆင်ထားသော နိုင်ငံတော်ကို အမွေဆက်ခံကြလော့။
လူတို့သည် လူသားကြောင့် သင်တို့ကို မုန်းကြ၍ ဝိုင်းပယ်ကဲ့ရဲ့လျက် သင်တို့၏နာမည်ကို ဖျက်ကြသောအခါ၌လည်း သင်တို့သည် မင်္ဂလာရှိကြ၏။
သည်းခံခြင်းသည် ဘုရားသခင်နှစ်သက်တော်မူသောစာရိတ္တကိုလည်းကောင်း၊ ဘုရားသခင်နှစ်သက်တော်မူသောစာရိတ္တသည် ကယ်တင်ခြင်းအတွက် မျှော်လင့်ခြင်းကိုလည်းကောင်း ဖြစ်ပေါ်စေကြောင်း ကျွန်ုပ်တို့သိသောကြောင့်ဖြစ်၏။
ဘုရားသခင်ကို ချစ်၍ အကြံအစည်တော်နှင့်အညီ ရွေးကောက်ခြင်းခံရသောသူတို့ တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ ကောင်းကျိုးထွက်ပေါ်စေရန် ဘုရားသခင်သည် သူတို့နှင့်အတူ လုပ်ဆောင်တော်မူကြောင်း ကျွန်ုပ်တို့သိကြ၏။
ထိုအရာမှာ ကျမ်းစာ၌ “မိမိကို ချစ်သောသူတို့အတွက် ဘုရားသခင်ပြင်ဆင်တော်မူသောအရာတို့ကို လူ့မျက်စိဖြင့် မမြင်၊ လူ့နားဖြင့် မကြား၊ လူ့စိတ်ဖြင့် မတွေးမိဖူးသေး” ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်၏။
သို့သော် ဘုရားသခင်ကို ချစ်သောသူသည် ဘုရားသခင်၏ အသိအမှတ်ပြုတော်မူခြင်းကို ခံရသောသူဖြစ်၏။
အားကစားသမားတိုင်းသည် လေ့ကျင့်ရာတွင် အရာရာ၌ မိမိကိုယ်ကိုယ် ထိန်းချုပ်ရ၏။ ထိုသူတို့သည် ပျောက်ကွယ်ပျက်စီးမည့် ဆုသရဖူကို ရရန် ထိုသို့ပြုကြ၏။ ကျွန်ုပ်တို့မှာမူ ထာဝရမပျောက်ကွယ်မပျက်စီးမည့် ဆုသရဖူကို ရရန် ထိုသို့ပြုကြ၏။
သင်သည် ဘုရားသခင်ရှေ့၌ ယုံကြည်စိတ်ချရသူ၊ သမ္မာတရားသတင်းစကားကို မှန်ကန်စွာဟောပြောပြီး ရှက်ကြောက်ရန် မလိုသည့်သူအဖြစ် မိမိကိုယ်ကိုယ် ဆက်သရန် ကြိုးစားလော့။
ယခုမှစ၍ ဖြောင့်မတ်ခြင်းဆုသရဖူသည် ကျွန်ုပ်အတွက် အသင့်ရှိနေ၏။ ဖြောင့်မတ်စွာ တရားစီရင်သူဖြစ်တော်မူသည့် သခင်ဘုရား ပြန်လည်ကြွလာမည့်နေ့တွင် ထိုဆုသရဖူကို ကျွန်ုပ်အား ပေးတော်မူလိမ့်မည်။ ကျွန်ုပ်တစ်ဦးတည်းသာမက ကိုယ်တော်၏ပြန်လည်ကြွလာခြင်းကို တောင့်တသူအားလုံးတို့အားလည်း ပေးတော်မူလိမ့်မည်။
သင်တို့သည် အလင်းသို့ ရောက်ပြီးနောက် ပြင်းထန်သောဆင်းရဲဒုက္ခများကို ခံစားခဲ့ကြရသော်လည်း ကြံကြံ့ခံခဲ့သည့် ယခင်နေ့ရက်များကို သတိရကြလော့။
အာဗြဟံသည် ဘုရားသခင်၏ စမ်းသပ်တော်မူခြင်းကို ခံရသောအခါ ယုံကြည်ခြင်းဖြင့် ဣဇာက်ကို ယဇ်အဖြစ် ပူဇော်၏။ ကတိတော်များကို ရရှိထားသောအာဗြဟံသည် တစ်ဦးတည်းသောသားကို ပူဇော်ရန် အဆင်သင့်ဖြစ်နေခဲ့၏။
ဖခင်သည် မိမိသားတို့အား တိုက်တွန်းသကဲ့သို့ သင်တို့အား တိုက်တွန်းသောစကားကို မေ့လျော့သလော။ ကျမ်းစာ၌ “ငါ့သား… ထာဝရဘုရား၏ ဆုံးမပဲ့ပြင်ခြင်းကို မထီမဲ့မြင်မပြုနှင့်။ ကိုယ်တော်၏ အပြစ်ပေးဆုံးမခြင်းကို ခံရသောအခါ စိတ်မပျက်နှင့်။
ထိုသို့ အာဗြဟံသည် စိတ်ရှည်စွာ စောင့်ဆိုင်းပြီးနောက် ဘုရားသခင်ကတိထားတော်မူသောအရာကို ရရှိခဲ့၏။
ချစ်ခင်ရသော ညီအစ်ကိုမောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ ကြွယ်ဝစေ၍ မိမိကိုချစ်သောသူတို့အတွက် ကတိထားတော်မူသည့် နိုင်ငံတော်ကို အမွေဆက်ခံသူများဖြစ်စေရန် ရွေးချယ်တော်မူသည်မဟုတ်လော။
အဆုံးတိုင်အောင် စိတ်ရှည်သည်းခံသောသူတို့သည် မင်္ဂလာရှိသည်ဟု ကျွန်ုပ်တို့ယူဆ၏။ ယောဘ၏စိတ်ရှည်သည်းခံမှုအကြောင်းကို သင်တို့အားလုံး ကြားကြပြီ။ ထာဝရဘုရားသည် သနားကြင်နာခြင်းနှင့် ကရုဏာအပြည့်ရှိသောကြောင့် အဆုံးတွင် ယောဘကို မည်သို့ကြည့်ရှုသည်ကိုလည်း သင်တို့သိကြပြီ။
ဖြောင့်မတ်စွာ ပြုမူခြင်းအတွက် ဆင်းရဲဒုက္ခခံစားရလျှင်ပင် သင်တို့သည် မင်္ဂလာရှိကြ၏။ လူတို့၏ ခြိမ်းခြောက်မှုကို မကြောက်ကြနှင့်။ မထိတ်လန့်ကြနှင့်။
ခရစ်တော်၏ ဆင်းရဲဒုက္ခကို မျှဝေခံစားကြရသည့်အတွက် ဝမ်းမြောက်ကြလော့။ သို့မှသာ ကိုယ်တော်၏ ဘုန်းတော်ထင်ရှားသောအခါ သင်တို့အလွန်ဝမ်းမြောက်ရလိမ့်မည်။
သင်တို့သည် ခရစ်တော်၏တပည့်တော်များဖြစ်သောကြောင့် ကဲ့ရဲ့ခံရလျှင် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဘုန်းကြီးသောဝိညာဉ်တော်သည် သင်တို့၌ ကိန်းဝပ်တော်မူသောကြောင့်ဖြစ်၏။
သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် မိမိ၏ထာဝရတည်သောဘုန်းအသရေတော်ကို မျှဝေခံစားစေရန် ရွေးကောက်တော်မူ၏။ ထိုကျေးဇူးတော်အပေါင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်သည် ခဏတာ ဆင်းရဲဒုက္ခခံပြီးသော သင်တို့အား ပြီးပြည့်စုံစေ၍ ကြံ့ကြံ့ခိုင် ရပ်တည်မြဲမြံစေတော်မူလိမ့်မည်။
သို့ပြုလျှင် သိုးထိန်းကြီးပေါ်ထွန်းတော်မူသောအခါ မမှေးမှိန်သောဘုန်းအသရေရှိသည့် ဆုသရဖူကို သင်တို့ရရှိကြလိမ့်မည်။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဦးစွာ ချစ်တော်မူသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချစ်ကြ၏။
သင်ခံစားရမည့်ဆင်းရဲဒုက္ခကို မကြောက်နှင့်။ ကြည့်ရှုလော့။ မာရ်နတ်သည် သင့်ကို စမ်းသပ်ရန် သင်တို့ထဲမှ တချို့ကို ထောင်ချလိမ့်မည်။ သင်သည်ဆယ်ရက်တိုင် ဆင်းရဲဒုက္ခ ခံရလိမ့်မည်။ သေသည်တိုင်အောင် သစ္စာရှိလော့။ ထိုသို့ပြုလျှင် အသက်ဆုသရဖူကို သင့်အား ငါပေးမည်။
ငါသည် ကိုယ်ချစ်သောသူတို့ကို ဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် သင်သည် စိတ်အားထက်သန်လော့။ နောင်တရလော့။
ငါသည် အောင်မြင်၍ ငါ့ခမည်းတော်၏ရာဇပလ္လင်ပေါ်တွင် ငါ့ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့သို့ အောင်မြင်သောသူတို့ကိုလည်း ငါ၏ရာဇပလ္လင်ပေါ်တွင် ငါနှင့်အတူ ထိုင်ခွင့်ပေးမည်။