လူတို့ကို သတိပြုကြလော့။ သူတို့သည် သင်တို့ကို တရားရုံးများသို့ အပ်ကြလိမ့်မည်။ ဂျူးဝတ်ပြုဆောင်များတွင်လည်း ကြိမ်ဒဏ်ပေးကြလိမ့်မည်။
မဿဲ 7:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပရောဖက်အတုအယောင်များကို သတိပြုကြလော့။ သူတို့သည် သိုးရေခြုံလျက် သင်တို့ထံ လာသော်လည်း အတွင်း၌မူ ကြမ်းကြုတ်သောဝံပုလွေများကဲ့သို့ ဖြစ်ကြ၏။ Common Language Bible ``သိုးရေခြုံဝံပုလွေသားရဲနှင့်တူသောမိစ္ဆာ ပရောဖက်တို့ကိုသတိနှင့်ရှောင်ကြလော့။- Garrad Bible လော ဘ ဇော ကြီး သော ဝံ ပု လွေ့ သ ဘော ရှိ သော် လည်း သိုး ရေ ဝတ် လျက် ပင် သင် တို့ ထံ လာ တတ် သော မိ စ္ဆာ ပ ရော ဖက် တို့ ကို ကြဉ် ရှောင် ကြ လော့။ Judson Bible အတွင်း၌ ကြမ်းတမ်းသော တောခွေးဖြစ်လျက် သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့် ရှောင်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ပရောဖက်အတုအယောင်များကို သတိထားကြလော့။ သူတို့သည် သိုးရေခြုံလျက် သင်တို့ထံသို့လာသော်လည်း အတွင်း၌ကား အငမ်းမရဖြစ်သည့်ဝံပုလွေကဲ့သို့ဖြစ်ကြ၏။ မြန်မာ အတွင်း၌ ကြမ်းတမ်းသော တောခွေးဖြစ်လျက် သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့် ရှောင်ကြလော့။- |
လူတို့ကို သတိပြုကြလော့။ သူတို့သည် သင်တို့ကို တရားရုံးများသို့ အပ်ကြလိမ့်မည်။ ဂျူးဝတ်ပြုဆောင်များတွင်လည်း ကြိမ်ဒဏ်ပေးကြလိမ့်မည်။
ငါသည် စားစရာနှင့်ပတ်သက်၍ ပြောဆိုနေသည်မဟုတ်ကြောင်းကို အဘယ်ကြောင့် သင်တို့နားမလည်နိုင်ကြသနည်း။ ထပ်မံ၍ ငါပြောသည်မှာ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ တဆေးကို သတိပြုကြလော့” ဟု မိန့်တော်မူ၏။
သို့ရာတွင် အသက်ရှင်ခြင်းသို့ သွားသော တံခါးနှင့်လမ်းသည် ကျဉ်းမြောင်းခက်ခဲသဖြင့် တွေ့ရှိသောသူနည်းလှ၏။
ထို့နောက် သူတို့အား “သတိပြုလော့။ အမျိုးမျိုးသော လောဘတို့ကို သတိနှင့် ရှောင်ကြဉ်ကြလော့။ လူတစ်ဦး၏အသက်သည် စည်းစိမ်ကြွယ်ဝချမ်းသာမှုပေါ်တွင် မူတည်သည်မဟုတ်” ဟု မိန့်တော်မူ၏။
လူတို့သည် သင်တို့ကို ချီးမွမ်းကြသောအခါ သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့၏ဘိုးဘေးများသည် ပရောဖက်အတုအယောင်များကို ထိုနည်းတူချီးမွမ်းခဲ့ကြသောကြောင့်ဖြစ်၏။
အငှားသိုးထိန်းမှာမူ ဝံပုလွေလာသည်ကို မြင်လျှင် ထွက်ပြေးတတ်၏။ သူသည် သိုးထိန်း မဟုတ်။ သိုးရှင်လည်း မဟုတ်သောကြောင့် သိုးတို့ကို စွန့်ပစ်ထားလိမ့်မည်။ ထိုအခါ ဝံပုလွေသည် သိုးအုပ်ကို ဝင်ဆွဲ၍ တကွဲတပြားဖြစ်စေတတ်၏။
ထို့ကြောင့် ပရောဖက်များဟောပြောခဲ့သည့်အရာသည် သင်တို့တွင် မဖြစ်စေရန် သတိပြုကြလော့။ ထိုပရောဖက်များ ဟောပြောသည်မှာ
ကျွန်းတစ်ခုလုံးကို လှည့်လည်၍ ပါဖုမြို့တိုင် ရောက်ကြသောအခါ ဗာယေရှုအမည်ရှိသော ပရောဖက်အတုအယောင်၊ ဂျူးလူမျိုးမှော်ဆရာတစ်ဦးကို တွေ့ကြ၏။
ဤအရေပြားလှီးခြင်းကိစ္စ ပေါ်လာရခြင်းမှာ ယုံကြည်သူအတုအယောင်များကြောင့် ဖြစ်၏။ ထိုသူတို့သည် ကျွန်ုပ်တို့အား ယေရှုခရစ်တော်ပေးသော လွတ်လပ်ခွင့်ကို စုံစမ်းပြီး ဖယ်ရှားလိုသဖြင့် အစည်းအဝေးထဲသို့ လျှို့ဝှက်စွာ ဝင်လာကြ၏။ ကျွန်ုပ်တို့အား ပညတ်တရားလက်အောက်တွင် ကျွန်ခံစေနိုင်ရန်အတွက် ဂျူးဓလေ့ထုံးတမ်းများကို အတင်းအကျပ် လိုက်နာစေလိုကြ၏။
ထိုအခါ ကျွန်ုပ်တို့သည် မရင့်ကျက်သေးသော ကလေးသူငယ်များကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ လှေသည် လှိုင်းလေတို့၌ လွန့်လူးနေသကဲ့သို့ ကျွန်ုပ်တို့သည် ပရိယာယ်ဖြင့် လမ်းလွဲစေရန် လှည့်ဖြားတတ်သော သူတို့၏ အမျိုးမျိုးသော သွန်သင်မှုနောက်သို့ ပါသွားမည် မဟုတ်ပေ။
အချည်းနှီးသော စကားများဖြင့် မည်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ ထိုသို့သော အပြစ်များကြောင့် မနာခံသောသူတို့အပေါ် ဘုရားသခင်၏ အမျက်တော် ကျရောက်၏။
ကိုယ်ခန္ဓာကို လှီးဖြတ်တတ်သူများဖြစ်သည့် အကျင့်ဆိုးကို ကျင့်သော ခွေးဖြစ်သူတို့ကို သတိပြုကြလော့။ ထိုသူတို့သည် ကယ်တင်ခံရရန် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူရမည်ဟု ပြောဆိုကြ၏။
ခရစ်တော်၏ တရားကို အခြေမခံဘဲ လောကီအခြေခံမူနှင့် လူ့ဓလေ့ထုံးတမ်းကို အခြေခံသည့် အတွေးအခေါ်နှင့် အနှစ်သာရမရှိသော လှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကို မသိမ်းသွင်းနိုင်စေရန် သတိပြုကြလော့။
ဆိုးညစ်သောသူများနှင့် ယောင်ဆောင်လှည့်ဖြားသူများသည် သူတစ်ပါးကို လှည့်ဖြားပြီး ကိုယ်တိုင်လည်း လှည့်ဖြားခံရလျက် ဆိုးသည်ထက် ပို၍ ဆိုးလာလိမ့်မည်။
အနာဂတ်တွင် လူတို့သည် မှန်ကန်သောအယူဝါဒကို သည်းမခံနိုင်တော့ဘဲ မိမိတို့အလိုကို လိုက်၍ မိမိတို့၏ယားသောနားက ကြားလိုသောအရာများကို ဟောပြောသည့်ဆရာများနောက်သို့ လိုက်ကြလိမ့်မည်။
ချစ်ရသောသူတို့… သင်တို့သည် ဤအကြောင်းအရာများကို ကြိုတင်သိထားကြပြီဖြစ်၍ တရားမဲ့သူ၏ အမှားနောက်သို့ လိုက်ပါမသွားစေရန်နှင့် သင်တို့၏တည်ငြိမ်ရင့်ကျက်မှုကို မဆုံးရှုံးစေရန် သတိပြုကြလော့။
ချစ်ရသောသူတို့… ဝိညာဉ်တော်အားဖြင့် ဟောပြောသည်ဟု ပြောဆိုသူတိုင်းကို မယုံကြနှင့်။ ထိုဝိညာဉ်တို့သည် ဘုရားသခင်ထံမှ လာသောဝိညာဉ်တော်ဟုတ်မဟုတ်ကို စမ်းသပ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ပရောဖက်အတုအယောင်များစွာတို့သည် ဤလောက၌ ပေါ်လာကြသောကြောင့်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဘုရားတရားမဲ့သူတချို့သည် သင်တို့ထံသို့ တိတ်တဆိတ် ခိုးဝင်လာကြသောကြောင့်ဖြစ်၏။ ထိုသူတို့မှာ ပြစ်ဒဏ်စီရင်ခံရမည်ဟု ရှေးယခင်ကတည်းက သတ်မှတ်ထားခြင်းခံရသူများဖြစ်ကြ၏။ သူတို့သည် ကျွန်ုပ်တို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအတွက် အခွင့်အရေးအဖြစ် အလွဲသုံးစားလုပ်၍ ကျွန်ုပ်တို့၏တစ်ပါးတည်းသောအရှင်၊ သခင် ယေရှုခရစ်တော်ကို ငြင်းပယ်ကြ၏။
ထို့နောက် ဖားနှင့်တူသော နတ်ဆိုးသုံးကောင်ကို ကျွန်ုပ်မြင်ရ၏။ ထိုနတ်ဆိုးတို့သည် နဂါး၊ သားရဲနှင့် ပရောဖက်အတုအယောင်တို့၏ ခံတွင်းအသီးသီးမှ ထွက်လာကြ၏။
ထိုအမျိုးသမီးသည် ယေရှုအကြောင်း သက်သေခံသောသန့်ရှင်းသူတို့၏သွေးကို သောက်၍ ယစ်မူးနေသည်ကို ကျွန်ုပ်မြင်ရ၏။ သူ့ကို မြင်ရသောအခါ ကျွန်ုပ်သည် အလွန်အံ့ဩလျက်နေ၏။
သို့ရာတွင် သားရဲသည် မိမိကိုယ်စား နိမိတ်လက္ခဏာများပြသော ပရောဖက်အတုအယောင်နှင့်အတူ ဖမ်းဆီးခံရ၏။ ထိုပရောဖက်မှာ သားရဲ၏အမှတ်တံဆိပ်ကို ခံယူကြလျက် သားရဲ၏ရုပ်တုကို ကိုးကွယ်ကြသောသူတို့အား ထိုနိမိတ်လက္ခဏာများဖြင့် လှည့်ဖြားသူဖြစ်၏။ သူတို့နှစ်ဦးသည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ် ပစ်ချခံကြရ၏။
သူတို့ကို လှည့်ဖြားသောမာရ်နတ်သည်လည်း သားရဲနှင့် ပရောဖက်အတုအယောင်တို့ ပစ်ချခံရသည့် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခံရ၏။ သူတို့သည် နေ့ညမပြတ် အစဉ်ထာဝရ ညှဉ်းဆဲခြင်းကို ခံကြရလိမ့်မည်။