Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 6:26 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 လူတို့​သည် သင်တို့​ကို ချီးမွမ်းကြ​သောအခါ သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထို​သူတို့​၏​ဘိုးဘေးများ​သည် ပရောဖက်​အတုအယောင်များ​ကို ထို​နည်းတူ​ချီးမွမ်းခဲ့ကြ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 ``လူ​အ​ပေါင်း​တို့​သည်​သင်​တို့​ကို​ချီး​မွမ်း ကြ​သော​အ​ခါ​သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ ဤ​သူ​တို့​၏​ဘိုး​ဘေး​များ​သည် မိစ္ဆာ​ပ​ရော​ဖက်​များ​ကို​ဤ​နည်း​အ​တိုင်း ချီး​မွမ်း​ခဲ့​ကြ​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 လူ ခပ် သိမ်း တို့ အ ချီး အ မွမ်း ခံ ရ ကြ သော အ ခါ သင် တို့၌ အ မင်္ဂ လာ ရှိ၏။ ချင်း တို့ ဘိုး ဘေး များ သည် မိ စ္ဆာ ပ ရော ဖက် တို့ ကို ထို နည်း တူ ချီး မွမ်း ခဲ့ ကြ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 လူ​တို့​သည် သင်​တို့​ကို ချီး​မွမ်း​သော​အ​ခါ၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့၏ ဘိုး​ဘေး​များ​သည် မိ​စ္ဆာ​ပ​ရော​ဖက်​တို့​ကို ထို​သို့​ပင်​ပြု​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 လူ​အပေါင်း​တို့​သည် သင်​တို့​ကို​ချီးမွမ်း​ကြ​သောအခါ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​၏​ဘိုးဘေး​များ​သည် ပရောဖက်​အတုအယောင်​များ​အပေါ် ထိုနည်းတူ​ပြု​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

26 လူ​တို့​သည် သင်​တို့​ကို ချီး​မွမ်း​သော​အ​ခါ၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့၏ ဘိုး​ဘေး​များ​သည် မိ​စ္ဆာ​ပ​ရော​ဖက်​တို့​ကို ထို​သို့​ပင်​ပြု​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 6:26
18 ပူးပေါင်းရင်းမြစ်များ  

ပရောဖက်​အတုအယောင်များ​ကို သတိပြုကြလော့။ သူတို့​သည် သိုးရေ​ခြုံ​လျက် သင်တို့​ထံ လာ​သော်လည်း အတွင်း​၌​မူ ကြမ်းကြုတ်သော​ဝံပုလွေများ​ကဲ့သို့ ဖြစ်ကြ၏။


ယခု ဝလင်​စွာ​စားရသော​သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဆာလောင်ငတ်မွတ်​ရမည့်​အချိန်​ကာလ ရောက်လာမည်​ဖြစ်သောကြောင့်​ပင်။ ယခု​ရယ်မောသော​သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဝမ်းနည်း​ငိုကြွေးရမည်​ဖြစ်သောကြောင့်​ပင်။


သင်တို့​သည် ဤ​လောကီ​နှင့် သက်ဆိုင်သူများ​ဖြစ်​ပါက လောကီသားတို့​သည် မိမိတို့​၏​မိသားစုဝင်များ​ကဲ့သို့ သင်တို့​ကို ချစ်ကြ​လိမ့်မည်။ သို့သော် သင်တို့​သည် ဤ​လောက​နှင့် မသက်ဆိုင်။ ငါ​သည် သင်တို့​ကို ဤ​လောက​မှ ရွေးချယ်ထား​သောကြောင့် လောကီသားတို့​သည် သင်တို့​ကို မုန်းကြ၏။


လောကီသားတို့​သည် သင်တို့​ကို မုန်းစရာ​အကြောင်း မရှိကြ။ ငါ့​ကိုမူ မုန်းကြ၏။ အဘယ်ကြောင့်ဆိုသော် ငါ​သည် သူတို့​၏ အကျင့်ဆိုးများ​ကို ဖော်ထုတ်ပြောဆို​သောကြောင့်​ဖြစ်၏။


ထို​သူတို့​သည် ကျွန်ုပ်တို့​သခင်​ခရစ်တော်​၏ အမှု​ကို မဆောင်ရွက်ဘဲ ကိုယ်ကျိုး​ကိုသာ ဆောင်ရွက်သော​သူများ ဖြစ်ကြ၏။ ထို​သူတို့​သည် ချိုသာသောစကား​နှင့် မြှောက်ပင့်သော​စကား​ဖြင့် ရိုးသားသော​သူတို့​၏ စိတ်​ကို လှည့်ဖြားတတ်ကြ၏။


သစ္စာ​မရှိသော​သူတို့… လောက​နှင့်​မိတ်သဟာယဖွဲ့ခြင်း​သည် ဘုရားသခင်​နှင့် ရန်ဘက်​ပြုခြင်း​ဖြစ်ကြောင်း နားမလည်ကြသလော။ ထို့ကြောင့် လောက​နှင့် မိတ်ဆွေ​ဖြစ်လိုသောသူ​သည် ဘုရားသခင်​၏ ရန်သူ​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ