နံနက်သုံးနာရီအချိန်ခန့်တွင် ယေရှုသည် ရေပေါ်တွင် လမ်းလျှောက်တော်မူလျက် တပည့်တော်များထံသို့ ကြွတော်မူ၏။
မဿဲ 24:43 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အကယ်၍ အိမ်ရှင်သည် သူခိုးလာမည့်အချိန်ကို အတိအကျသိထားလျှင် သူသည် သတိနှင့်စောင့်နေလျက် မိမိအိမ်ကို ဖောက်ထွင်းခွင့်ပြုမည်မဟုတ်ကြောင်းကို သင်တို့သိကြ၏။ Common Language Bible အကယ်၍အိမ်ရှင်သည်သူခိုးလာမည့်အချိန်ကို သာသိရလျှင်သတိနှင့်နေလျက် မိမိအိမ်ကို သူခိုးဖောက်ခွင့်ပြုမည်မဟုတ်ကြောင်းသင်တို့ သိမှတ်ကြလော့။- Garrad Bible သူ ခိုး လာ မည့် အ ချိန် ကို အိမ့် ရှင် သိ နှင့် လျှင် စောင့် နေ လျက် အိမ် ကို ဖောက် ထွင်း ခွင့် မ ပြု ကြောင်း သိ မှတ် ကြ ရ သည့် နည်း တူ၊ Judson Bible သူခိုးလာမည်အချိန်နာရီကို အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှာ၊ စောင့်နေလိမ့်မည်ကို သင်တို့သိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အိမ်ရှင်သည် သူခိုးလာမည့်အချိန်ကိုသိထားလျှင် သတိနှင့်စောင့်နေလျက် မိမိအိမ်ကိုဖောက်ထွင်းခွင့်ပြုမည်မဟုတ်ကြောင်း သိမှတ်ကြလော့။ မြန်မာ သူခိုးလာမည်အချိန်နာရီကို အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှာ၊ စောင့်နေလိမ့်မည်ကို သင်တို့သိကြ၏။- |
နံနက်သုံးနာရီအချိန်ခန့်တွင် ယေရှုသည် ရေပေါ်တွင် လမ်းလျှောက်တော်မူလျက် တပည့်တော်များထံသို့ ကြွတော်မူ၏။
ထို့ကြောင့် သင်တို့သည်လည်း သင်တို့၏ သခင်ဘုရားသည် မည်သည့်နေ့၌ ကြွလာမည်ကို မသိကြသောကြောင့် သတိနှင့် စောင့်နေကြလော့။
ထို့ကြောင့် လူသားသည် သင်တို့ မထင်မှတ်ထားသောအချိန်တွင် ကြွလာမည်ဖြစ်၍ သင်တို့သည်လည်း အဆင်သင့်ရှိနေကြလော့။
ပညာသတိမဲ့သော အပျိုရံတို့သည် ဆီဝယ်ရန် သွားနေကြစဉ် သတို့သားရောက်လာ၏။ အဆင်သင့်ရှိနေသော အပျိုရံတို့သည် သတို့သားနှင့်အတူ မင်္ဂလာဆောင်ပွဲသို့ ဝင်သွားပြီးနောက် တံခါးသည်လည်း ပိတ်လေ၏။
သို့ဖြစ်၍ သင်တို့သည်လည်း သတိနှင့် စောင့်နေကြလော့။ အဘယ်ကြောင့်ဆိုသော် ငါပြန်လာမည့် နေ့ရက်နှင့် အချိန်နာရီကို သင်တို့မသိသောကြောင့်ဖြစ်၏။
ထို့ကြောင့် အိမ်ရှင်သည် ညနေ၊ သို့မဟုတ် သန်းခေါင်၊ သို့မဟုတ် အရုဏ်မတက်မီ၊ သို့မဟုတ် မိုးလင်းချိန်တို့တွင် မည်သည့်အချိန်၌ ကြွလာမည်ကို သင်တို့မသိသောကြောင့် သတိနှင့် စောင့်နေကြလော့။
လေသည် ဆန့်ကျင်ဘက်တိုက်သောကြောင့် တပည့်တော်တို့သည် ပင်ပန်းစွာ အားစိုက်လှော်ခတ်ကြရသည်ကို မြင်တော်မူ၏။ နံနက်သုံးနာရီခန့်တွင် ကိုယ်တော်သည် ရေပေါ်တွင် လမ်းလျှောက်တော်မူ၍ တပည့်တော်တို့ ရှိရာသို့ ကြွကာ သူတို့ကို ကျော်ဖြတ်ရန် ပြုတော်မူ၏။
သခင်သည် သန်းခေါင်ယံအချိန်၌ဖြစ်စေ၊ မိုးမလင်းမီအချိန်၌ဖြစ်စေ ပြန်လာသောအခါ အသင့်စောင့်နေကြသောအစေခံတို့သည် မင်္ဂလာရှိကြ၏။
အိမ်ရှင်သည် သူခိုးလာမည့်အချိန်ကို သိလျှင် သူ၏အိမ်ကို ဖောက်ထွင်းခွင့်ပြုမည်မဟုတ်ကြောင်း သိမှတ်ကြလော့။
ထို့ကြောင့် ကျရောက်လာမည့် ဘေးတို့မှ လွတ်မြောက်ရေးအတွက် အားအင်ရရှိရန်နှင့် လူသားရှေ့တော်မှောက်တွင် ရပ်နိုင်ရန် အချိန်တိုင်း ဆုတောင်း၍ သတိနှင့်နေကြလော့” ဟု မိန့်တော်မူ၏။
“ကြည့်လော့။ သူခိုးကဲ့သို့ ငါလာမည်။ သို့ဖြစ်၍ အဝတ်မပါဘဲ သွားလာသဖြင့် အရှက်ကွဲခြင်းမျိုး မဖြစ်စေရန် မိမိ၏ အဝတ်ကို အသင့်ဝတ်ဆင်လျက် နိုးကြားနေသောသူသည် မင်္ဂလာရှိ၏။”
ထို့ကြောင့် သင်သည် ကြားနာ၍ ခံယူပြီးသောအရာကို သတိရလျက် လိုက်နာလော့။ နောင်တရလော့။ သင်မနိုးထလျှင် သူခိုးကဲ့သို့ ငါလာမည်။ မည်သည့်အချိန်၌ လာမည်ကို သင်သိရမည်မဟုတ်။