လမ်းပေါ်တွင် ကျသောမျိုးစေ့မှာ နိုင်ငံတော်နှင့်ဆိုင်သော တရားစကားကို ကြားသော်လည်း နားမလည်သောသူကို ဆိုလို၏။ ထိုအခါ မာရ်နတ်သည်လာ၍ ထိုသူ၏စိတ်နှလုံးတွင် ကြဲထားသောမျိုးစေ့ကို နုတ်ယူလေ၏။
မဿဲ 13:38 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လယ်မှာမူ ဤလောကဖြစ်၏။ ကောင်းသော မျိုးစေ့မှာ ဘုရားသခင်၏နိုင်ငံတော်သားများဖြစ်၏။ ပေါင်းပင်များမှာ မာရ်နတ်၏ သားသမီးများဖြစ်၏။ Common Language Bible ဂျုံခင်းကားဤကမ္ဘာလောကတည်း။ မျိုးကောင်း မျိုးသန့်သည်နိုင်ငံတော်သားများကိုဆိုလို၏။ ဂျုံရိုင်းစေ့များကားစာတန်မာရ်နတ်၏နိုင်ငံ သားများကိုဆိုလို၏။- Garrad Bible အ ခင်း မှာ ဤ လော က ဖြစ်၏။ မျိုး ကောင်း မှာ နိုင် ငံ တော် သား များ ဖြစ်၏။ ဂျုံ ရိုင်း မျိုး မူ ကား မာရ် နတ်၏ သား သ မီး များ ဖြစ်၏။ Judson Bible လယ်ကား ဤလောကဖြစ်၏။ ကောင်းသောအစေ့ကား နိုင်ငံတော်သားဖြစ်၏။ တောမျိုးစေ့ကား နတ်ဆိုးသားဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း စိုက်ခင်းသည် ဤလောကဖြစ်၏။ ကောင်းသောမျိုးစေ့သည် နိုင်ငံတော်၏သားများဖြစ်ကြ၏။ မြက်သီးပင်များမူကား မာရ်နတ်၏သားများဖြစ်ကြ၏။ မြန်မာ လယ်ကား ဤလောကဖြစ်၏။ ကောင်းသောအစေ့ကား နိုင်ငံတော်သားဖြစ်၏။ တောမျိုးစေ့ကား နတ်ဆိုးသားဖြစ်၏။- |
လမ်းပေါ်တွင် ကျသောမျိုးစေ့မှာ နိုင်ငံတော်နှင့်ဆိုင်သော တရားစကားကို ကြားသော်လည်း နားမလည်သောသူကို ဆိုလို၏။ ထိုအခါ မာရ်နတ်သည်လာ၍ ထိုသူ၏စိတ်နှလုံးတွင် ကြဲထားသောမျိုးစေ့ကို နုတ်ယူလေ၏။
နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ကမ္ဘာတစ်ဝန်းလုံးတွင် ဟောပြောကြ၍ လူမျိုးအပေါင်းတို့သည်လည်း ထိုသတင်းကောင်းကို ကြားကြလိမ့်မည်။ ထို့နောက်မှ ကမ္ဘာကုန်ဆုံးချိန်သည် ရောက်လာလိမ့်မည်။
သင်တို့သည် ဟုတ်သည်ကို ‘ဟုတ်၏၊’ မဟုတ်သည်ကို ‘မဟုတ်’ ဟူ၍ ပြောဆိုရမည်။ ထိုစကားတို့ထက် ပိုသောစကားသည် မာရ်နတ်ထံမှ လာသောစကား ဖြစ်၏။
နိုင်ငံတော်သားများဖြစ်သော အစ္စရေးလူမျိုးတို့မှာမူ အပြင်ဘက်မှောင်မိုက်သောအရပ်သို့ နှင်ထုတ်ခံကြရလိမ့်မည်။ ထိုနေရာ၌ သူတို့သည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်” ဟု မိန့်တော်မူ၏။
ခရစ်တော်၏အမည်နာမအားဖြင့် အပြစ်လွတ်ခြင်းတရားနှင့် နောင်တတရားအကြောင်းတို့ကို ဂျေရုဆလင်မြို့မှစ၍ လူမျိုးတကာတို့အား ဟောပြောရမည်။
သင်တို့အား ငါအမှန်ဆို၏။ ဂျုံစေ့သည် မြေ၌ကျ၍ မပျက်စီးလျှင် အစေ့တစ်စေ့တည်းအဖြစ်သာ ရှိနေ၏။ သို့သော် ပျက်စီးလျှင် ဂျုံစေ့များစွာကို ဖြစ်ထွန်းစေတတ်၏။
သင်တို့၏ဖခင်သည် မာရ်နတ်ဖြစ်၏။ ထို့ကြောင့် သင်တို့သည် သင်တို့ဖခင်၏အလိုသို့ လိုက်တတ်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမားဖြစ်၏။ သူ့အထဲတွင် သမ္မာတရားမရှိသောကြောင့် သမ္မာတရားကိုလည်း သူမုန်း၏။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏ဖခင်လည်း ဖြစ်၏။ ထို့ကြောင့် သူလိမ်လည်ပြောဆိုခြင်းမှာ မိမိပင်ကိုစရိုက်အတိုင်း ပြောဆိုခြင်းဖြစ်၏။
“အို လှည့်စားမှုအပေါင်း၊ ဆိုးသွမ်းမှုအပေါင်းနှင့် ပြည့်သောမာရ်နတ်၏သား… ဖြောင့်မတ်ခြင်းအပေါင်းတို့၏ရန်သူ… သင်သည် ထာဝရဘုရား၏ဖြောင့်ဖြူးသောလမ်းတော်တို့ကို ကောက်ကွေ့အောင် ပြုလုပ်နေခြင်းမှ မရပ်တန့်ဘဲမနေနိုင်သလော။
သို့သော် အစ္စရေးလူမျိုးတို့သည် သတင်းကောင်းကို မကြားခဲ့ရသလောဟု ကျွန်ုပ်မေးလို၏။ အမှန်ပင် ကြားခဲ့ရ၏။ ကျမ်းစာ၌ “ထိုသတင်းကောင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့၍ တရားစကားသည်လည်း ကမ္ဘာစွန်းတိုင် ရောက်လေပြီ” ဟု ဖော်ပြထား၏။
လူမျိုးခြားတို့သည်လည်း ယုံကြည်၍ နာခံလာစေရန် ပရောဖက်များကြိုတင်ဟောပြောထားသည့်အတိုင်း ထာဝရဘုရားသခင်၏ အမိန့်တော်အားဖြင့် ယခုအချိန်တွင် ထိုသတင်းကောင်းကို လူမျိုးခြားအပေါင်းတို့ထံ ဖော်ပြလေပြီ။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်သောကြောင့် အမွေခံများလည်း ဖြစ်ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ အမွေခံများ ဖြစ်ကြ၏။ ကိုယ်တော်နှင့်အတူ ဆင်းရဲဒုက္ခကို ခံရလျှင် ကိုယ်တော်နှင့်အတူ ဘုရားသခင်၏ ဘုန်းအသရေကိုလည်း ခံစားကြရမည် ဖြစ်၏။
သင်တို့သည် ထိုသတင်းကောင်းကို ကြားနာပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို အမှန်တကယ် နားလည်သည့်နေ့မှစ၍ သင်တို့ထဲ၌ အသီးအပွင့်များသီးပွင့်ကာ တိုးပွားသကဲ့သို့ ထိုသတင်းကောင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့၍ တိုးပွားလျက်ရှိ၏။
ကိုယ်တော်သည် မိမိအလိုတော်နှင့်အညီ သမ္မာတရားစကားအားဖြင့် ကျွန်ုပ်တို့ကို ဖြစ်ပွားစေတော်မူ၏။ ဤအရာမှာ ဖန်ဆင်းတော်မူသမျှသောအရာတို့တွင် ကျွန်ုပ်တို့အား အဦးဆုံးသောအသီးကဲ့သို့ ဖြစ်စေရန် ဖြစ်၏။
ချစ်ခင်ရသော ညီအစ်ကိုမောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ ကြွယ်ဝစေ၍ မိမိကိုချစ်သောသူတို့အတွက် ကတိထားတော်မူသည့် နိုင်ငံတော်ကို အမွေဆက်ခံသူများဖြစ်စေရန် ရွေးချယ်တော်မူသည်မဟုတ်လော။
သင်တို့သည် ပျက်စီးတတ်သောမျိုးစေ့အားဖြင့်မဟုတ်ဘဲ မပျက်စီးနိုင်သောမျိုးစေ့ဖြစ်သည့် အသက်ရှင်၍ ထာဝရတည်မြဲသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် အသစ်တစ်ဖန်မွေးဖွားလာကြ၏။
ချစ်ရသောသူတို့… ယခု ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အနာဂတ်တွင် မည်သို့ဖြစ်မည်ကို သေချာစွာ မသိရသေးပေ။ သို့သော် ခရစ်တော်ကြွလာသောအခါ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်း ဖူးမြင်ကြရမည်ဖြစ်၍ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်တူကြလိမ့်မည်ကို သိကြ၏။
ထို့နောက် ကောင်းကင်တမန်တစ်ပါးသည် ကမ္ဘာလောက၌ နေထိုင်ကြသောသူများဟူသော တိုင်းနိုင်ငံအသီးသီး၊ မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများနှင့် လူမျိုးအသီးသီးတို့အား ထာဝရသတင်းကောင်းကို ဟောပြောရန် ကောင်းကင်အလယ်၌ ပျံသန်းနေသည်ကို ကျွန်ုပ်မြင်ရ၏။