Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 5:37 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

37 သင်တို့​သည် ဟုတ်သည်​ကို ‘ဟုတ်၏၊’ မဟုတ်သည်​ကို ‘မဟုတ်’ ဟူ၍ ပြောဆိုရမည်။ ထို​စကားတို့​ထက် ပိုသော​စကား​သည် မာရ်နတ်​ထံမှ လာသော​စကား ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

37 သင်​တို့​သည် `ဟုတ်​ပါ​သည်' သို့​မ​ဟုတ် `မ​ဟုတ်​ပါ' ဟူ​၍​သာ​ပြော​ဆို​ကြ​လော့။ ဤ​ထက်​ပို​သော စ​ကား​သည်​မာရ်​နတ်​၏​ထံ​မှ​ရ​သော​စ​ကား ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

37 သင် တို့ စ ကား မှာ ဟုတ် မ ဟုတ် သာ ဖြစ် စေ။ ၎င်း ထက် လွန် လျှင် မူ ကား အ ဆိုး မှ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

37 သင်၏​စ​ကား​မှာ ဟုတ်​သည်​ကို​အ​ဟုတ်၊ မ​ဟုတ်​သည်​ကို မ​ဟုတ်​ဖြစ်​စေ​လော့။ ဤ​ထက်​လွန်​သော စ​ကား​သည် မ​ကောင်း​သော​အ​ရာ​နှင့် စပ်​ဆိုင်​ပေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

37 သို့ဖြစ်၍ သင်​တို့​သည် ဟုတ်​သည်​ကို ‘ဟုတ်​ပါ​၏’ မ​ဟုတ်​သည်​ကို ‘မ​ဟုတ်​ပါ’​ဟူ၍​သာ ပြောဆို​ကြ​လော့။ ၎င်း​တို့​ထက် ပို​သော​စကား​သည် မကောင်း​သော​အရာ​နှင့်စပ်ဆိုင်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

37 သင်၏​စ​ကား​မှာ ဟုတ်​သည်​ကို​အ​ဟုတ်၊ မ​ဟုတ်​သည်​ကို မ​ဟုတ်​ဖြစ်​စေ​လော့။ ဤ​ထက်​လွန်​သော စ​ကား​သည် မ​ကောင်း​သော​အ​ရာ​နှင့် စပ်​ဆိုင်​ပေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 5:37
17 ပူးပေါင်းရင်းမြစ်များ  

လမ်း​ပေါ်တွင် ကျသော​မျိုးစေ့​မှာ နိုင်ငံတော်​နှင့်​ဆိုင်သော တရားစကား​ကို ကြား​သော်လည်း နားမလည်သော​သူ​ကို ဆိုလို၏။ ထိုအခါ မာရ်နတ်​သည်​လာ​၍ ထို​သူ၏​စိတ်နှလုံး​တွင် ကြဲထားသော​မျိုးစေ့​ကို နုတ်ယူလေ၏။


လယ်​မှာမူ ဤ​လောက​ဖြစ်၏။ ကောင်းသော မျိုးစေ့​မှာ ဘုရားသခင်​၏​နိုင်ငံတော်သားများ​ဖြစ်၏။ ပေါင်းပင်များ​မှာ မာရ်နတ်​၏ သားသမီးများ​ဖြစ်၏။


ဆိုးညစ်သော​ကြံစည်ခြင်း၊ လူသတ်ခြင်း၊ သူတစ်ပါး​သားမယား​ကို​ပြစ်မှားခြင်း၊ တရား​နှင့်​မညီသော မေထုန်​ကို​ပြုခြင်း၊ ခိုးခြင်း၊ မမှန်သော​သက်သေ​ထွက်ဆိုခြင်း၊ စော်ကား​ပြောဆိုခြင်း စသည်တို့​သည် စိတ်နှလုံး​မှ ထွက်လာ၏။


သင်​သည် ဆံချည်​တစ်မျှင်​ကိုပင် ဖြူ​စေရန်၊ နက်​စေရန် မစွမ်းဆောင်နိုင်​သောကြောင့် သင်​၏ ဦးခေါင်း​ကို တိုင်တည်​၍ မကျိန်ဆိုရ။


ဖြားယောင်း​သွေးဆောင်ရာ​သို့ မကျရောက်စေဘဲ မာရ်နတ်​၏ လက်​မှ အကျွန်ုပ်တို့​ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်​နှင့် ဘုန်းတော်​သည် ကမ္ဘာအဆက်ဆက်​ကိုယ်တော်​၌ ရှိပါ၏။ အာမင်။


ထို​သူတို့​ကို ဤ​လောက​မှ နုတ်ယူတော်မူ​ရန် အကျွန်ုပ်​တောင်းလျှောက်​သည် မဟုတ်ပါ။ သို့ရာတွင် သူတို့​ကို မာရ်နတ်​၏ လက်​မှ လွတ်ကင်း​ရန်​ကိုသာ အကျွန်ုပ်​တောင်းလျှောက်ပါ၏။


သင်တို့​၏​ဖခင်​သည် မာရ်နတ်​ဖြစ်၏။ ထို့ကြောင့် သင်တို့​သည် သင်တို့​ဖခင်​၏​အလို​သို့ လိုက်တတ်ကြ၏။ မာရ်နတ်​သည် အစဦး​ကပင် လူသတ်သမား​ဖြစ်၏။ သူ့​အထဲ​တွင် သမ္မာတရား​မရှိ​သောကြောင့် သမ္မာတရား​ကိုလည်း သူ​မုန်း၏။ သူ​သည် လိမ်လည်သော​သူ​ဖြစ်ပြီး လိမ်လည်ခြင်း​၏​ဖခင်​လည်း ဖြစ်၏။ ထို့ကြောင့် သူ​လိမ်လည်​ပြောဆိုခြင်း​မှာ မိမိ​ပင်ကိုစရိုက်​အတိုင်း ပြောဆိုခြင်း​ဖြစ်၏။


ထို့ကြောင့် လိမ်လည်​၍ မပြောကြနှင့်။ ကျွန်ုပ်တို့​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်းများ ဖြစ်ကြ​သောကြောင့် တစ်ဦး​ကို တစ်ဦး မှန်သော​စကား​ကိုသာ ပြောကြလော့။


ဤ​အရာ​အားလုံး​အပြင် ယုံကြည်ခြင်း​ဒိုင်းလွှား​ကိုလည်း ကိုင်ဆောင်ကြလော့။ ထို​ဒိုင်းလွှား​ဖြင့် မာရ်နတ်​၏ မီးမြား​အားလုံး​ကို ငြှိမ်းသတ်နိုင်၏။


အချင်းချင်း မလိမ်လည်ကြနှင့်။ သင်တို့​သည် လူဟောင်း​နှင့် ၎င်း​၏ အကျင့်များ​ကို ဖယ်ရှားပြီ​ဖြစ်၍


လူတိုင်း​ကို မှန်ကန်​သင့်လျော်​စွာ တုံ့ပြန်​ပြောဆိုနိုင်​ရန် သင်တို့​ပြောသော​စကား​သည် နားဝင်ချို​ပြီး နှစ်လိုဖွယ်​ဖြစ်ပါစေ။


သို့ရာတွင် သခင်ဘုရား​သည် သစ္စာရှိသော​အရှင် ဖြစ်တော်မူသည်​နှင့်အညီ သင်တို့​ကို ကြံ့ခိုင်စေ​၍ မာရ်နတ်​ထံက ကာကွယ်ပေးတော်မူ​လိမ့်မည်။


ညီအစ်ကို မောင်နှမတို့… အထူး​သဖြင့် ကောင်းကင်​ကို​ဖြစ်စေ၊ မြေကြီး​ကို​ဖြစ်စေ၊ အခြား​အရာ​ကို​ဖြစ်စေ တိုင်တည်​၍ မကျိန်ဆိုကြနှင့်။ ဟုတ်​လျှင် ဟုတ်ကြောင်း၊ မဟုတ်​လျှင် မဟုတ်ကြောင်း ပြောကြလော့။ သို့မှသာ အပြစ်စီရင်တော်မူခြင်း​နှင့် ကင်းလွတ်​နိုင်လိမ့်မည်။


ဖခင်တို့… သင်တို့​သည် အစဦး​ကပင်​ရှိတော်မူသော​အရှင်​ကို သိ​သောကြောင့် သင်တို့​ထံ ကျွန်ုပ်​စာရေးလိုက်၏။ လူငယ်တို့… သင်တို့​သည် မာရ်နတ်​ကို အောင်နိုင်​သောကြောင့် သင်တို့​ထံ ကျွန်ုပ်​စာရေးလိုက်၏။


မာရ်နတ်​နှင့် သက်ဆိုင်သူ​ဖြစ်​ပြီး မိမိ​ညီ​ကို သတ်သော ကာဣန​ကဲ့သို့ မဖြစ်စေကြနှင့်။ ကာဣန​သည် အဘယ်ကြောင့် ညီ​ကို သတ်သနည်း။ အကြောင်းမှာ သူ​၏​အကျင့်​သည် ဆိုးညစ်​၍ ညီ​ဖြစ်သူ​၏​အကျင့်​မှာ ဖြောင့်မတ်​သောကြောင့်​ဖြစ်၏။


ဘုရားသခင်​ထံမှ ဖြစ်ပွားလာသောသူ​သည် အပြစ်​မကျူးလွန်တတ်ကြောင်း ကျွန်ုပ်တို့​သိကြ၏။ ဘုရားသခင်​ထံမှ ဖြစ်ပွားလာသော​အရှင်​သည် ထို​သူ​ကို စောင့်ရှောက်တော်မူ​သဖြင့် မာရ်နတ်​သည် သူ့​ကို မထိခိုက်နိုင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ