ထိုသူသည် သူတို့၏ စကားကို နားမထောင်ဘဲနေလျှင် ဤအမှုကို အသင်းတော်သို့ တင်ပြလော့။ ထိုသူသည် အသင်းတော်၏ဆုံးဖြတ်ချက်ကိုပင်လျှင် နားမထောင်ပါက ဘုရားသခင်ကို မကိုးကွယ်သောသူနှင့် အကျင့်ပျက်သောအခွန်ကောက်သူကဲ့သို့ သူ့အား သတ်မှတ်လော့။
မဿဲ 10:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖိလိပ္ပု၊ ဗာသောလမဲ၊ သောမ၊ အခွန်ကောက်သူ မဿဲ၊ အာလဖဲ၏သား ယာကုပ်၊ သဒ္ဒဲ၊ Common Language Bible ဇေဗေဒဲ၏သားနှစ်ယောက်ဖြစ်ကြသောယာကုပ် နှင့်ယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊ သောမနှင့် အခွန်ခံသူမဿဲ၊ အာလဖဲ၏သားယာကုပ်နှင့် သဒ္ဒဲ၊- Garrad Bible ဖိ လိ ပ္ပု နှင့် ဗာ သော လ မဲ၊ သော မ နှင့် အ ခွန် ကောက် မဿဲ၊ Judson Bible ဇေဗေဒဲ၏သားယာကုပ်နှင့် သူ့ညီယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊ သောမနှင့် အခွန်ခံမဿဲ၊ အာလဖဲ၏သားယာကုပ်နှင့် သဒ္ဒဲဟု အမည်သစ်ကိုရသော လေဗဲ၊- မြန်မာ့စံမီသမ္မာကျမ်း ဖိလိပ္ပုနှင့်ဗာသောလမဲ၊ သောမနှင့်အခွန်ကောက်ခံသူမဿဲ၊ အာလဖဲ၏သား ယာကုပ်နှင့်သဒ္ဒဲ၊ မြန်မာ ဇေဗေဒဲ၏သားယာကုပ်နှင့် သူ့ညီယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊ သောမနှင့် အခွန်ခံမဿဲ၊ အာလဖဲ၏သားယာကုပ်နှင့် သဒ္ဒဲဟု အမည်သစ်ကိုရသော လေဗဲ၊- |
ထိုသူသည် သူတို့၏ စကားကို နားမထောင်ဘဲနေလျှင် ဤအမှုကို အသင်းတော်သို့ တင်ပြလော့။ ထိုသူသည် အသင်းတော်၏ဆုံးဖြတ်ချက်ကိုပင်လျှင် နားမထောင်ပါက ဘုရားသခင်ကို မကိုးကွယ်သောသူနှင့် အကျင့်ပျက်သောအခွန်ကောက်သူကဲ့သို့ သူ့အား သတ်မှတ်လော့။
ထိုသူတို့အထဲတွင် မာဂဒလမာရိ၊ ယာကုပ်နှင့် ယောသပ်၏ မိခင်မာရိ၊ ဇေဗေဒဲ၏ သားများ၏ မိခင်တို့ ပါကြ၏။
ယေရှုသည် ထိုအရပ်မှ ကြွသောအခါ မဿဲအမည်ရှိသောသူတစ်ဦးသည် အကောက်ခွန်ရုံးတွင် ထိုင်နေသည်ကို တွေ့မြင်တော်မူ၍ “ငါ့နောက်သို့ လိုက်၍ ငါ့တပည့်အဖြစ်ခံယူလော့” ဟု မိန့်တော်မူ၏။ သူသည် ထ၍ ယေရှုနောက်တော်သို့ လိုက်လေ၏။
အမျိုးသမီးတချို့သည် အဝေးက ရပ်လျက် စောင့်ကြည့်နေကြ၏။ ထိုသူတို့အထဲတွင် မာဂဒလမာရိ၊ ယာကုပ်အငယ်နှင့် ယောသေတို့၏ မိခင်ဖြစ်သော မာရိနှင့် ရှာလုံတို့ ပါကြ၏။
လမ်း၌ ကြွတော်မူစဉ် အာလဖဲ၏သား လေဝိသည် အကောက်ခွန်ရုံးတွင် ထိုင်နေသည်ကို တွေ့မြင်တော်မူ၍ “ငါ့နောက်သို့ လိုက်၍ ငါ့တပည့်အဖြစ် ခံယူလော့” ဟု မိန့်တော်မူ၏။ သူသည် ထ၍ ယေရှုနောက်တော်သို့ လိုက်လေ၏။
အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏ သား ယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်စိတ်ထက်သန်သူ ရှိမုန်၊
ကိုယ်တော်က “လူနှစ်ဦးသည် ဆုတောင်းရန် ဗိမာန်တော်သို့ သွားကြ၏။ တစ်ဦးမှာ ဖာရိရှဲဖြစ်၍ အခြားတစ်ဦးမှာ အခွန်ကောက်သူဖြစ်၏။
ဖာရိရှဲသည် တစ်ဦးတည်း ရပ်လျက် ‘ဘုရားသခင်… အကျွန်ုပ်သည် အခြားသူများကဲ့သို့ လိမ်လည်လှည့်ဖြားသူ၊ မတရားသောသူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ မဟုတ်သောကြောင့် ကျေးဇူးတင်ပါ၏။ ထို့ပြင် ဤအခွန်ကောက်သူကဲ့သို့ မဟုတ်သည့်အတွက်လည်း ကျေးဇူးတင်ပါ၏။
အခွန်ကောက်သူမှာ အဝေးမှ ရပ်လျက် ကောင်းကင်သို့ မမျှော်ကြည့်ဝံ့ဘဲ ရင်ဘတ်ကို လက်ဖြင့် ထု၍ ‘ဘုရားသခင်… အပြစ်သားဖြစ်သော အကျွန်ုပ်ကို သနားတော်မူပါ’ ဟု ဆုတောင်း၏။
ထိုအရပ်တွင် ဇက္ခဲဟု ခေါ်သော လူတစ်ဦးရှိ၏။ သူသည် အကောက်ခွန်အရာရှိတစ်ဦးဖြစ်ပြီး ချမ်းသာသောသူ ဖြစ်၏။
ထို့နောက် ယေရှုသည် ထိုအရပ်မှ ထွက်ကြွသောအခါ လေဝိအမည်ရှိ အခွန်ကောက်သူတစ်ဦးသည် အကောက်ခွန်ရုံးတွင် ထိုင်နေသည်ကို တွေ့မြင်တော်မူ၍ “ငါ့နောက်သို့ လိုက်၍ ငါ့တပည့်အဖြစ်ခံယူလော့” ဟု မိန့်တော်မူ၏။
နာသနေလက “အရှင်သည်အကျွန်ုပ်ကို မည်သို့သိတော်မူသနည်း” ဟု မေးလျှောက်လေ၏။ ယေရှုကလည်း “သင့်ကို ဖိလိပ္ပု မခေါ်မီ သင်သည် သဖန်းပင်အောက်၌ ရှိနေစဉ် သင့်ကို ငါမြင်၏” ဟု ပြန်၍မိန့်တော်မူ၏။
အမြွှာပူးဟု ခေါ်တွင်သော သောမက “ငါတို့သည်လည်း ကိုယ်တော်နှင့်အတူ အသေခံရန် လိုက်သွားကြစို့” ဟု အခြားတပည့်တော်တို့အား ပြောလေ၏။
ယုဒရှကာရုတ် မဟုတ်သော အခြားယုဒက ကိုယ်တော်အား “သခင်… သခင်သည် အကျွန်ုပ်တို့ကိုသာ ကိုယ်ထင်ပြ၍ လောကီသားတို့ကို အဘယ်ကြောင့် ကိုယ်ထင်မပြဘဲ နေတော်မူမည်နည်း” ဟု လျှောက်၏။
သောမက “သခင်… အကျွန်ုပ်တို့မသိပါ။ သခင်သည် အဘယ်အရပ်သို့ သွားမည်ကို အကျွန်ုပ်တို့မသိသောကြောင့် လမ်းခရီးကိုလည်း မည်သို့သိနိုင်ပါမည်နည်း” ဟု လျှောက်၏။
ယေရှုက “ဖိလိပ္ပု… ငါသည် သင်နှင့်အတူ အမြဲရှိနေခဲ့ပါလျက်နှင့် ငါမည်သူဖြစ်သည်ကို ယခုတိုင်အောင် မသိသေးသလော။ ငါ့ကို မြင်သောသူသည် ခမည်းတော်ကို မြင်၏။ သို့ဖြစ်လျှင် သင်သည် ခမည်းတော်ကို အကျွန်ုပ်တို့အား ပြပါဟု အဘယ်ကြောင့်ဆိုသနည်း။
ရှိမုန်ပေတရု၊ အမြွှာပူးဟု အမည်တွင်သော သောမ၊ ဂါလိလဲပြည်၊ ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏သားတို့နှင့် အခြားတပည့်တော်နှစ်ပါးတို့သည် အတူရှိနေကြ၏။
ထိုမြို့သို့ ဝင်ကြသောအခါ သူတို့သည် မိမိတို့ တည်းခိုနေသောအိမ်၏အပေါ်ထပ်အခန်းသို့ တက်သွားကြ၏။ ထိုသူတို့မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန်၊ ယာကုပ်၏သား ယုဒတို့ ဖြစ်ကြ၏။
ပေတရုကလည်း တိတ်ဆိတ်စွာနေရန် လက်ရိပ်ပြ၍ ဘုရားသခင်သည် သူ့ကို ထောင်မှ မည်သို့ခေါ်ထုတ်လာကြောင်း ထိုသူတို့အား ပြောပြလေ၏။ ထို့နောက် သူက “ဤအရာများကို ယာကုပ်နှင့် အခြားညီအစ်ကိုမောင်နှမတို့အား ပြန်ပြောကြလော့” ဟု ဆိုပြီးလျှင် အခြားနေရာသို့ ထွက်ခွာသွားလေ၏။
သူတို့ပြောဆိုကြပြီးနောက် ယာကုပ်က “ညီအစ်ကိုတို့… ကျွန်ုပ်စကားကို နားထောင်ကြလော့။
နောက်တစ်နေ့တွင် ပေါလုသည် ကျွန်ုပ်တို့နှင့်အတူ ယာကုပ်ထံ သွားရောက်တွေ့ဆုံ၏။ အသင်းတော်အကြီးအကဲအားလုံးတို့လည်း ရှိနေကြ၏။
သို့သော် သူနှင့် သခင်ဘုရား၏ ညီတော် ယာကုပ်မှလွဲ၍ အခြားမည်သည့် တမန်တော်ကိုမျှ ကျွန်ုပ်မတွေ့ခဲ့။
အသင်းတော်၏ မဏ္ဍိုင်များကဲ့သို့ ဖြစ်ကြသော ယာကုပ်၊ ပေတရုနှင့် ယောဟန်တို့က ကျွန်ုပ်အား ပေးထားသောကျေးဇူးတော်ကို သဘောပေါက်လျက် ကျွန်ုပ်တို့အားလုံးသည် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြောင်းကို ပြသောအားဖြင့် ဗာနဗနှင့် ကျွန်ုပ်ကို လက်ဆွဲနှုတ်ဆက်ကြ၏။ ကျွန်ုပ်တို့သည် လူမျိုးခြားထံသို့ သွားရောက်ဟောပြောရန်နှင့် သူတို့သည် ဂျူးလူမျိုးထံသို့ သွားရောက်ဟောပြောရန် သဘောတူကြ၏။
ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့၏ကျွန် ကျွန်ုပ်ယာကုပ် စာရေးလိုက်၏။ ဤစာသည် အနယ်နယ်အရပ်ရပ်တို့တွင် ကွဲလွင့်ပျံ့နှံ့နေသည့်ဂျူးလူမျိုးဆယ့်နှစ်မျိုးထံသို့ ပို့လိုက်သောစာဖြစ်၏။
ယေရှုခရစ်တော်၏ကျွန်၊ ယာကုပ်၏ညီ ကျွန်ုပ်ယုဒသည် ခမည်းတော်ဘုရားသခင်၏ရွေးချယ်တော်မူခြင်းနှင့် ချစ်ခြင်းကို ခံရ၍ ယေရှုခရစ်တော်၏ စောင့်ရှောက်ခြင်းခံရသောသူတို့ထံသို့ စာရေးလိုက်၏။