Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကု 15:40 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

40 အမျိုးသမီး​တချို့​သည် အဝေး​က ရပ်​လျက် စောင့်ကြည့်နေကြ၏။ ထို​သူတို့​အထဲတွင် မာဂဒလမာရိ၊ ယာကုပ်​အငယ်​နှင့် ယောသေ​တို့​၏ မိခင်​ဖြစ်သော မာရိ​နှင့် ရှာလုံ​တို့ ပါကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

40 အ​မျိုး​သ​မီး​အ​ချို့​တို့​သည်​အ​ဝေး​က​ရပ် လျက်​ကြည့်​နေ​ကြ​၏။ ထို​သူ​တို့​အ​ထဲ​တွင် မာ​ဂ​ဒ​လ​ရွာ​သူ​မာ​ရိ၊ ယာ​ကုပ်​ငယ်​နှင့် ယော​သေ​တို့​၏​အ​မိ​ဖြစ်​သူ​မာ​ရိ​နှင့်​ရှာ​လုံ တို့​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

40-41 ဂါ လိ လဲ နယ် တွင် ရှိ နေ တော် မူ စဉ် နောက် တော် က လိုက် လျက် လုပ် ကျွေး သ မှု ပြု သူ မာ ဂ ဒ လ မာ ရိ၊ ယာ ကုပ် ငယ် နှင့် ယော သေ တို့ အ မိ မာ ရိ၊ ရှာ လုံ တို့ ပြင် ယေ ရု ရှ လင် မြို သို့ လိုက် လာ ကြ သော ဒါ ယ ကာ မ အ များ လည်း အ ဝေး က ကြည့် ရှု လျက် နေ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

40 မိန်း​မ​အ​ချို့​တို့​သည်​လည်း ထို​အ​ရပ်၌ အ​ဝေး​က​ကြည့်​ရှု၍ နေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

40 ထို​အရပ်​၌ အဝေး​မှ​ကြည့်​နေ​သော​အမျိုးသမီး​များ​လည်း​ရှိ​ကြ​၏။ သူ​တို့​အထဲတွင် မာဂဒလ​မြို့သူ​မာရိ၊ ယာကုပ်​အငယ်​နှင့်​ယောသေ​တို့​၏​မိခင်​ဖြစ်​သော​မာရိ​နှင့် ဆလိုမေ​တို့​လည်း​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

40 မိန်း​မ​အ​ချို့​တို့​သည်​လည်း ထို​အ​ရပ်၌ အ​ဝေး​က​ကြည့်​ရှု၍ နေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 15:40
18 ပူးပေါင်းရင်းမြစ်များ  

ဂါလိလဲပြည်​မှ နောက်တော်​သို့ လိုက်ခဲ့ကြသော​အမျိုးသမီးများ​မှစ၍ ယေရှု​၏​အသိ​မိတ်ဆွေ​အပေါင်းတို့​သည် ဤ​အရာများ​ကို အဝေး​က ရပ်​လျက် စောင့်ကြည့်နေကြ၏။


တနင်္ဂနွေနေ့​နံနက်​စောစော​အချိန်​၌ ယေရှု​သည် သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူ​ပြီးနောက် ဦးစွာ မာဂဒလမာရိ​ကို ကိုယ်ထင်ပြတော်မူ၏။ ထို​မာရိ​မှာ ယေရှု နတ်ဆိုး​ခုနစ်ကောင် နှင်ထုတ်ပေးတော်မူ​ခဲ့ဖူးသည့်သူ​ဖြစ်၏။


ဥပုသ်နေ့​ကုန်လွန်​ပြီးနောက် တနင်္ဂနွေနေ့ နံနက်​စောစော မိုးလင်းစ​အချိန်​တွင် မာဂဒလမာရိ​နှင့် အခြားသော မာရိ​တို့​သည် သင်္ချိုင်းဂူ​သို့ သွားကြ၏။


မာဂဒလမာရိ​နှင့် အခြား​မာရိ​တို့​သည် သင်္ချိုင်းဂူ​နှင့် မျက်နှာချင်းဆိုင်​တွင် ထိုင်​၍ စောင့်ကြည့်နေကြ၏။


သူ​သည် လက်သမား​၏​သား မဟုတ်လော။ သူ​၏​မိခင်​သည် မာရိ​မဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ရှိမုန်​နှင့် ယုဒ​တို့​သည် သူ​၏​ညီများ​ဖြစ်ကြသည် မဟုတ်လော။


ကျွန်ုပ်တို့​သည် ပေတရု​မှစ၍ သခင်ဘုရား​၏ ညီတော်များ​နှင့် အခြားသော​တမန်တော်များ​ကဲ့သို့ ခရီးသွား​ရာတွင် ယုံကြည်သူ​ဇနီးသည်​ကို ကျွန်ုပ်တို့​နှင့်အတူ ခေါ်ဆောင်ခွင့် မရှိသလော။


မာဂဒလမာရိ​နှင့် ယောသေ​၏ မိခင်​မာရိ​တို့​သည် အလောင်းတော် သင်္ဂြိုဟ်သော​နေရာ​ကို တွေ့မြင်ကြ၏။


ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​၏​ကျွန် ကျွန်ုပ်​ယာကုပ် စာရေးလိုက်၏။ ဤ​စာ​သည် အနယ်နယ်​အရပ်ရပ်တို့​တွင် ကွဲလွင့်​ပျံ့နှံ့​နေသည့်​ဂျူးလူမျိုး​ဆယ့်နှစ်မျိုး​ထံသို့ ပို့လိုက်သော​စာ​ဖြစ်၏။


သို့သော် သူ​နှင့် သခင်ဘုရား​၏ ညီတော် ယာကုပ်​မှလွဲ၍ အခြား​မည်သည့် တမန်တော်​ကိုမျှ ကျွန်ုပ်​မတွေ့ခဲ့။


ဖိလိပ္ပု၊ ဗာသောလမဲ၊ သောမ၊ အခွန်​ကောက်သူ မဿဲ၊ အာလဖဲ​၏​သား ယာကုပ်၊ သဒ္ဒဲ၊


ဥပုသ်နေ့​လွန်​သောအခါ မာဂဒလမာရိ၊ ရှာလုံ​နှင့် ယာကုပ်​မိခင်​မာရိ​တို့​သည် ယေရှု​၏ အလောင်းတော်​ကို လိမ်း​ရန် အမွှေးနံ့သာများ​ကို ဝယ်ယူကြ၏။


သူ​သည် ယေရှု​မည်သို့သော​သူ​ဖြစ်သည်​ကို မြင်​နိုင်ရန် ကြိုးပမ်း​သော်လည်း အရပ်နိမ့်​သောကြောင့် လူအုပ်ကြီး​အား ကျော်​၍ ယေရှု​ကို မမြင်နိုင်ပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ