Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 10:3 - Common Language Bible

3 ဇေ​ဗေ​ဒဲ​၏​သား​နှစ်​ယောက်​ဖြစ်​ကြ​သော​ယာ​ကုပ် နှင့်​ယော​ဟန်၊ ဖိလိပ္ပု​နှင့် ဗာ​သော​လ​မဲ၊ သော​မ​နှင့် အ​ခွန်​ခံ​သူ​မ​ဿဲ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်​နှင့် သဒ္ဒဲ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ဖိ လိ ပ္ပု နှင့် ဗာ သော လ မဲ၊ သော မ နှင့် အ ခွန် ကောက် မဿဲ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် သူ့​ညီ​ယော​ဟန်၊ ဖိ​လိ​ပ္ပု​နှင့် ဗာ​သော​လ​မဲ၊ သော​မ​နှင့် အ​ခွန်​ခံ​မဿဲ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်​နှင့် သ​ဒ္ဒဲ​ဟု အ​မည်​သစ်​ကို​ရ​သော လေ​ဗဲ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ဖိလိပ္ပု​နှင့်​ဗာသောလမဲ၊ သောမ​နှင့်​အခွန်​ကောက်ခံ​သူ​မဿဲ၊ အာလဖဲ​၏​သား ယာကုပ်​နှင့်​သဒ္ဒဲ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 ဖိလိပ္ပု၊ ဗာသောလမဲ၊ သောမ၊ အခွန်​ကောက်သူ မဿဲ၊ အာလဖဲ​၏​သား ယာကုပ်၊ သဒ္ဒဲ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

3 ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် သူ့​ညီ​ယော​ဟန်၊ ဖိ​လိ​ပ္ပု​နှင့် ဗာ​သော​လ​မဲ၊ သော​မ​နှင့် အ​ခွန်​ခံ​မဿဲ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်​နှင့် သ​ဒ္ဒဲ​ဟု အ​မည်​သစ်​ကို​ရ​သော လေ​ဗဲ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 10:3
30 ပူးပေါင်းရင်းမြစ်များ  

အ​ကယ်​၍​သူ​သည်​ထို​သူ​တို့​၏​စ​ကား​ကို​လည်း နား​မ​ထောင်​ပြန်​လျှင်​အ​သင်း​တော်​အား​တိုင်​ကြား လော့။ အ​သင်း​တော်​၏​စ​ကား​ကို​ပင်​နား​မ​ထောင် လျှင်​ထို​သူ​အား​ဘု​ရား​မဲ့​သူ​တစ်​ယောက်၊ သို့ မ​ဟုတ်​အ​ခွန်​ခံ​သူ​တစ်​ယောက်​ကဲ့​သို့​မှတ်​ယူ လော့။


ထို​သူ​တို့​အ​ထဲ​တွင်​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ၊ ယာ​ကုပ်​နှင့်​ယော​သပ်​တို့​၏​အ​မိ​ဖြစ်​သူ​မာ​ရိ နှင့်​ဇေ​ဗေ​ဒဲ​၏​သား​များ​၏​အ​မိ​တို့​ပါ​ကြ​၏။


သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​၍​ကြွ သွား​တော်​မူ​စဉ် အ​ကောက်​ခွန်​ရုံး​ခန်း​တွင်​ထိုင် လျက်​နေ​သော​မ​ဿဲ​ဆို​သူ​လူ​တစ်​ယောက်​ကို မြင်​တော်​မူ​၏။ ကိုယ်​တော်​က ``ငါ့​နောက်​သို့​လိုက် လော့'' ဟု​မိန့်​တော်​မူ​လျှင်​ထို​သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။


အ​မျိုး​သ​မီး​အ​ချို့​တို့​သည်​အ​ဝေး​က​ရပ် လျက်​ကြည့်​နေ​ကြ​၏။ ထို​သူ​တို့​အ​ထဲ​တွင် မာ​ဂ​ဒ​လ​ရွာ​သူ​မာ​ရိ၊ ယာ​ကုပ်​ငယ်​နှင့် ယော​သေ​တို့​၏​အ​မိ​ဖြစ်​သူ​မာ​ရိ​နှင့်​ရှာ​လုံ တို့​ပါ​၏။-


ကိုယ်​တော်​သည်​ဆက်​လက်​၍​လျှောက်​သွား​တော်​မူ ပြန်​သော​အ​ခါ အ​ကောက်​ခွန်​ရုံး​ခန်း​တွင်​အာ​လ​ဖဲ ၏​သား​လေ​ဝိ​ထိုင်​နေ​သည်​ကို​မြင်​တော်​မူ​၏။ သူ့ ကို​ကိုယ်​တော်​က ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့် တော်​မူ​လျှင်​သူ​သည်​ထ​၍​နောက်​တော်​သို့​လိုက် လေ​၏။


အန္ဒြေ၊ ဖိ​လိပ္ပု၊ ဗာ​သော​လ​မဲ၊ မ​ဿဲ၊ သော​မ၊ အာ​လ​ဖဲ ၏​သား​ယာ​ကုပ်၊ သဒ္ဒဲ၊ မျိုး​ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန် နှင့်၊-


``လူ​နှစ်​ယောက်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန် ဗိ​မာန်​တော်​သို့​သွား​ကြ​၏။ တစ်​ယောက်​က ဖာ​ရိ​ရှဲ၊ အ​ခြား​တစ်​ယောက်​က​အ​ခွန်​ခံ​သူ ဖြစ်​၏။-


ဖာ​ရိ​ရှဲ​သည်​တစ်​ယောက်​တည်း​ရပ်​လျက် `အို ဘု​ရား သ​ခင်၊ အ​ခြား​သော​သူ​တို့​သည်​လော​ဘ​ကြီး​သူ၊ မ​ရိုး​ဖြောင့်​သူ၊ သူ့​အိမ်​ရာ​ကို​ပြစ်​မှား​သူ​များ ဖြစ်​ကြ​ပါ​၏။ အ​ကျွန်ုပ်​သည်​ထို​သူ​တို့​ကဲ့​သို့ မ​ဟုတ်​သ​ဖြင့်​လည်း​ကောင်း၊ ဤ​အ​ခွန်​ခံ​သူ ကဲ့​သို့​ပင်​မ​ဟုတ်​သ​ဖြင့်​လည်း​ကောင်း ကိုယ် တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။-


သို့​ရာ​တွင်​အ​ခွန်​ခံ​သူ​မူ​ကား​အ​ဝေး​တွင် ရပ်​လျက်​ကောင်း​ကင်​သို့​မော်​၍​မျှ​မ​ကြည့်​ဝံ့ ဘဲ `အို ဘု​ရား​သ​ခင်၊ အ​ပြစ်​ကူး​သူ​အ​ကျွန်ုပ် အား​သ​နား​တော်​မူ​ပါ' ဟု​ရင်​ပတ်​ကို​တီး​ခတ် လျက်​ဆု​တောင်း​လေ​၏။-


ထို​အ​ရပ်​တွင်​ဇက္ခဲ​နာ​မည်​ရှိ​သော​အ​ကောက်​ခွန် မှူး​တစ်​ယောက်​ရှိ​၏။ သူ​သည်​ချမ်းသာ​ကြွယ်​ဝ​သူ ဖြစ်​၏။-


ထို​နောက်​ကိုယ်​တော်​သည်​က​ပေ​ရ​နောင်​မြို့​မှ ထွက်​ကြွ​တော်​မူ​၍ အ​ကောက်​ခွန်​ရုံး​ခန်း​တွင် လေ​ဝိ​နာ​မည်​ရှိ​သူ​အ​ခွန်​ခံ​ထိုင်​နေ​သည်​ကို မြင်​တော်​မူ​လျှင် ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု မိန့်​တော်​မူ​၏။-


နာ​သ​နေ​လ​က ``ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​သို့ အ​ကျွန်ုပ်​ကို​သိ​ရှိ​ပါ​သ​နည်း'' ဟု​မေး​လျှောက် ၏။ သ​ခင်​ယေ​ရှု​က ``သင့်​အား​ဖိ​လိပ္ပု​မ​ခေါ်​မီ သ​ဖန်း​ပင်​အောက်​တွင်​ရှိ​နေ​စဉ်​အ​ခါ​က​ပင် လျှင် သင့်​ကို​ငါ​မြင်​၏'' ဟု​မိန့်​တော်​မူ​၏။


(အ​မြွှာ​ပူး​ဟု​နာ​မည်​တွင်​သည့်) သော​မ​က ``ငါ တို့​သည်​လည်း​သ​ခင်​နှင့်​အ​တူ​အ​သေ​ခံ​ရန် လိုက်​သွား​ကြ​ကုန်​အံ့'' ဟု​မိ​မိ​၏​အ​ဖော် တ​ပည့်​တော်​တို့​အား​ပြော​ဆို​၏။


(ရှ​ကာ​ရုတ်​မ​ဟုတ်​သူ) အ​ခြား​ယု​ဒ​က``သ​ခင်၊ လော​က​သား​တို့​အား​မိ​မိ​ကိုယ်​ကို​ပေါ်​လွင် ထင်​ရှား​စေ​တော်​မ​မူ​ဘဲ အ​ကျွန်ုပ်​တို့​အား အ​ဘယ်​သို့​ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​မည် နည်း'' ဟု​မေး​လျှောက်​၏။


သော​မ​က ``သ​ခင်၊ အ​ရှင်​အ​ဘယ်​အ​ရပ်​သို့ သွား​မည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ပါ။ အ​ဘယ် သို့​လျှင်​ခ​ရီး​လမ်း​ကို​အ​ကျွန်ုပ်​တို့​သိ​နိုင် ကြ​ပါ​မည်​နည်း'' ဟု​လျှောက်​၏။


သ​ခင်​ယေ​ရှု​က ``ဖိ​လိပ္ပု၊ ငါ​သည်​သင်​တို့​နှင့် အ​တူ​ဤ​မျှ​ကြာ​အောင်​နေ​ခဲ့​ပြီး​ဖြစ်​ပါ လျက်​ငါ့​ကို​သင်​မ​သိ​ပါ​သ​လော။ ငါ့​ကို တွေ့​မြင်​ရ​သူ​သည်​ခ​မည်း​တော်​ကို​ဖူး​မြင် ရ​၏။ ခ​မည်း​တော်​အား​အ​ကျွန်ုပ်​တို့​ကို​ပြ တော်​မူ​ပါ​ဟု​အ​ဘယ်​ကြောင့်​ဆို​သ​နည်း။-


ရှိ​မုန်​ပေ​တ​ရု၊ (အ​မြွှာ​ပူး​ဟု​နာ​မည်​တွင်​သူ) သော​မ၊ (ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​သား) နာ​သ နေ​လ၊ ဇေ​ဗေ​ဒဲ​၏​သား​များ​နှင့်​အ​ခြား​တ​ပည့် တော်​နှစ်​ဦး​တို့​သည်​အ​တူ​ရှိ​နေ​ကြ​၏။-


သူ​တို့​သည်​မြို့​ထဲ​သို့​ဝင်​၍ မိ​မိ​တို့​တည်း​ခို​ရာ အိမ်​အ​ထက်​ခန်း​သို့​သွား​ကြ​၏။ ထို​သူ​တို့​ကား ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ်၊ အန္ဒြေ၊ ဖိ​လိပ္ပု၊ သော​မ၊ ဗာ​သော​လ​မဲ၊ မ​ဿဲ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်၊ မျိုး​ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန်​နှင့်​ယာ​ကုပ်​၏ သား​ယု​ဒ​တို့​ဖြစ်​၏။-


ပေ​တ​ရု​က​ဆိတ်​ဆိတ်​နေ​ကြ​ရန်​လက်​ရိပ်​ပြ ပြီး​လျှင် မိ​မိ​အား​သ​ခင်​ဘု​ရား​သည်​အ​ဘယ် သို့​ထောင်​ထဲ​မှ​ထုတ်​ဆောင်​လာ​ကြောင်း​ကို​ပြော ပြ​လေ​၏။ ထို​နောက် ``ဤ​အ​ကြောင်း​ကို​ယာ​ကုပ် နှင့်​အ​ခြား​ညီ​အစ်​ကို​တို့​အား​ပြော​ပြ​ကြ​ပါ'' ဟု​မှာ​ကြား​ပြီး​လျှင်​အ​ခြား​အ​ရပ်​သို့​ထွက် ခွာ​သွား​၏။


သူ​တို့​ပြော​ဆို​ပြီး​သော​အ​ခါ​ယာ​ကုပ်​က ``ညီ​အစ်​ကို​တို့၊ ငါ့​စ​ကား​ကို​နား​ထောင် ကြ​ပါ။-


နောက်​တစ်​နေ့​၌​ပေါ​လု​သည်​ကျွန်ုပ်​တို့​နှင့်​အ​တူ ယာ​ကုပ်​ထံ​သို့​သွား​ရောက်​တွေ့​ဆုံ​၏။ အ​သင်း တော်​လူ​ကြီး​အ​ပေါင်း​တို့​လည်း​သူ့​ထံ​တွင် ရောက်​ရှိ​နေ​ကြ​၏။-


သို့​ရာ​တွင်​ငါ​သည်​သ​ခင်​ဘု​ရား​၏​ညီ​တော် ယာ​ကုပ်​မှ​လွဲ​၍ အ​ခြား​အ​ဘယ်​တ​မန်​တော် နှင့်​မျှ​မ​တွေ့​မ​ဆုံ​ခဲ့။


အ​သင်း​တော်​၏​မဏ္ဍိုင်​များ​ဖြစ်​ကြ​သော ယာ​ကုပ်၊ ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​က​ငါ့ အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​အ​ခွင့် ထူး​ကို အ​သိ​အ​မှတ်​ပြု​ကြ​ပေ​သည်။ သို့ ဖြစ်​၍​ငါ​တို့​အား​လုံး​သည်​လုပ်​ဖော်​ကိုင် ဘက်​များ​ဖြစ်​ကြောင်း​ကို​ပြ​သည့်​အ​နေ ဖြင့် သူ​တို့​သည်​ဗာ​န​ဗ​နှင့်​ငါ့​အား​လက် ဆွဲ​၍​နှုတ်​ဆက်​ကြ​၏။ ငါ​တို့​က​လူ​မျိုး ခြား​တို့​ထံ​တွင်​အ​မှု​တော်​ဆောင်​ရန်​နှင့် သူ​တို့​က​ယု​ဒ​အ​မျိုး​သား​တို့​ထံ​တွင် အ​မှု​တော်​ဆောင်​ရန်​သ​ဘော​တူ​ကြ​သည်။-


ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​အ​စေ ခံ​ဖြစ်​သူ​ယာ​ကုပ်​သည် ကမ္ဘာ​အ​ရပ်​ရပ်​သို့​ပျံ့​နှံ့ လျက်​ရှိ​သည့်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင် အ​ပေါင်း​တို့​ထံ​သို့​မေတ္တာ​ပို့​သ​လိုက်​ပါ​သည်။


ယေ​ရှု​ခ​ရစ်​၏​အ​စေ​ခံ​နှင့်​ယာ​ကုပ်​၏​ညီ​ဖြစ် သူ ယု​ဒ​ထံ​မှ​ဘု​ရား​သ​ခင်​ခေါ်​ယူ​ရွေး​ကောက် တော်​မူ​၍ ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​မေတ္တာ ၌​ခို​လှုံ​လျက် ယေ​ရှု​ခ​ရစ်​စောင့်​ထိန်း​တော်​မူ သော​သူ​အ​ပေါင်း​တို့​ထံ​သို့​စာ​ရေး​လိုက်​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ