ငါ၏ နောက်လိုက်များဖြစ်သောကြောင့် သင်တို့ကို အစိုးရအာဏာပိုင်များနှင့် ရှင်ဘုရင်များရှေ့သို့ ခေါ်ဆောင်သွားကြလိမ့်မည်။ သို့သော် ဤအရာသည် ထိုသူတို့နှင့် လူမျိုးခြားတို့ထံ ငါ့အကြောင်းသက်သေခံရသောအခွင့်ကို ဖြစ်စေလိမ့်မည်။
မဿဲ 10:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတို့ကို သတိပြုကြလော့။ သူတို့သည် သင်တို့ကို တရားရုံးများသို့ အပ်ကြလိမ့်မည်။ ဂျူးဝတ်ပြုဆောင်များတွင်လည်း ကြိမ်ဒဏ်ပေးကြလိမ့်မည်။ Common Language Bible သတိနှင့်နေကြလော့။ လူတို့သည်သင်တို့အား တရားခုံရုံးသို့ပို့အပ်ကြလိမ့်မည်။ တရား ဇရပ်များတွင်ရိုက်နှက်ကြလိမ့်မည်။- Garrad Bible လူ တို့ ကို လည်း သ တိ မူ ကြ လော့၊ လွှတ် ရုံး များ သို့ ပို့ အပ် ခြင်း၊ ဓ မ္မာ ရုံ များ တွင် ရိုက် နှက် ခြင်း၊ Judson Bible လူတို့ကို သတိပြုကြ။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့ အပ်နှံကြလိမ့်မည်။ တရားဇရပ်တို့၌ ရိုက်ကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း လူတို့ကို သတိထားကြလော့။ အကြောင်းမူကား သူတို့သည် သင်တို့ကို တရားရုံးသို့အပ်နှံလျက် သူတို့၏ဝတ်ပြုစည်းဝေးကျောင်းများ၌ သင်တို့ကို ဒဏ်ခတ်ရိုက်နှက်ကြလိမ့်မည်။ မြန်မာ လူတို့ကို သတိပြုကြ။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့ အပ်နှံကြလိမ့်မည်။ တရားဇရပ်တို့၌ ရိုက်ကြလိမ့်မည်။- |
ငါ၏ နောက်လိုက်များဖြစ်သောကြောင့် သင်တို့ကို အစိုးရအာဏာပိုင်များနှင့် ရှင်ဘုရင်များရှေ့သို့ ခေါ်ဆောင်သွားကြလိမ့်မည်။ သို့သော် ဤအရာသည် ထိုသူတို့နှင့် လူမျိုးခြားတို့ထံ ငါ့အကြောင်းသက်သေခံရသောအခွင့်ကို ဖြစ်စေလိမ့်မည်။
လူသားကို လူမျိုးခြားတို့၏လက်သို့ အပ်နှံ၍ ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်တွင် သတ်ခြင်း စသည်တို့ကိုပြုစေလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါသည် ပရောဖက်များ၊ ပညာရှင်များနှင့် ကျမ်းတတ်ဆရာများကို သင်တို့ထံ စေလွှတ်မည်။ သို့သော် သင်တို့သည် တချို့ကို လက်ဝါးကပ်တိုင်တွင် သတ်ကြလိမ့်မည်။ တချို့ကို ဝတ်ပြုဆောင်များတွင် ရိုက်၍ တစ်မြို့ပြီးတစ်မြို့ လိုက်လံဖမ်းဆီးကြလိမ့်မည်။
ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် တရားလွှတ်တော်တစ်ရပ်လုံးသည် ယေရှုကို သေဒဏ်ချမှတ်နိုင်ရန် ယေရှုနှင့် ပတ်သက်သောအကြောင်းအရာကို လိမ်လည်ထွက်ဆိုမည့် သက်သေကို ရှာဖွေကြ၏။
သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ တစ်စုံတစ်ဦးအပေါ် အမျက်ဒေါသထွက်သူသည် အပြစ်စီရင်ခံရမည်။ တစ်စုံတစ်ဦးကို အသုံးမကျသောသူဟု ပြောဆိုလျှင် တရားလွှတ်တော်၌ အပြစ်ပေးခံရမည်။ တစ်စုံတစ်ဦးကို အရူးဟု ခေါ်ဆိုလျှင် သူသည် ငရဲသို့ချခံရမည်။
ညီအစ်ကိုချင်း တစ်ဦးကိုတစ်ဦး သေစေရန် သစ္စာဖောက်လိမ့်မည်။ ဖခင်သည်လည်း မိမိသားသမီးကို သေစေရန် သစ္စာဖောက်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကို ပုန်ကန်၍ သေစေကြလိမ့်မည်။
ဤအရာများစတင် ဖြစ်ပွားလျှင် သတိရှိကြလော့။ လူတို့သည် သင်တို့ကို တရားရုံးများသို့ အပ်ကြလိမ့်မည်။ ဂျူးဝတ်ပြုဆောင်များတွင်လည်း ရိုက်နှက်ကြလိမ့်မည်။ ငါ၏နောက်လိုက်များဖြစ်သောကြောင့် သင်တို့ကို ရှင်ဘုရင်များနှင့် အစိုးရအာဏာပိုင်များရှေ့သို့ ခေါ်ဆောင်သွားကြလိမ့်မည်။ ဤအရာသည် သင်တို့ကို ငါ့အကြောင်းသက်သေခံရသောအခွင့် ဖြစ်စေလိမ့်မည်။
လူတို့သည် သင်တို့ကို ဝတ်ပြုဆောင်များသို့လည်းကောင်း၊ အစိုးရမင်းများ၊ အာဏာပိုင်များထံသို့လည်းကောင်း ခေါ်ဆောင်သွားသောအခါ သင်တို့သည် မိမိကိုယ်ကိုယ် မည်သို့ခုခံပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။
ထို့ကြောင့် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဖာရိရှဲများသည် တရားလွှတ်တော်အစည်းအဝေးခေါ်၍ “ငါတို့မည်သို့ပြုကြမည်နည်း။ ဤသူသည် နိမိတ်လက္ခဏာများစွာကို ပြလျက်နေ၏။
လူတို့သည် သင်တို့ကို ဂျူးဝတ်ပြုဆောင်များမှ ထုတ်ပယ်ကြလိမ့်မည်။ သင်တို့ကို သတ်သောသူများက ထိုသို့သတ်ခြင်းသည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ခံယူသည့်အချိန်ကာလ ရောက်လာလိမ့်မည်။
ထိုအခါ ယုံကြည်သူတို့သည် ပေါလုကို ပင်လယ်ကမ်းခြေသို့ ပို့ဆောင်ကြ၏။ သို့ရာတွင် သိလနှင့်တိမောသေတို့သည် ထိုမြို့၌ နေရစ်ခဲ့ကြ၏။
ကျွန်ုပ်က ‘သခင်ဘုရား… အကျွန်ုပ်သည် ဂျူးဝတ်ပြုဆောင်တစ်ခုမှတစ်ခုသို့ သွား၍ အရှင့်ကို ယုံကြည်သောသူတို့အား ထောင်ချကာ ရိုက်နှက်ကြောင်းကို သူတို့သိကြပါ၏။
ဂျူးဝတ်ပြုဆောင်အားလုံးတွင်လည်း သူတို့ကိုမကြာခဏအပြစ်ပေး၍ အယူဝါဒကိုစွန့်လွှတ်ရန် အတင်းအကျပ်စေခိုင်းခဲ့ပါ၏။ ထို့ပြင် သူတို့အပေါ် အလွန်စိတ်ဆိုးမုန်းတီးကာ နိုင်ငံရပ်ခြားမြို့များသို့ပင်လျှင်သွား၍ သူတို့ကို လိုက်လံညှဉ်းဆဲခဲ့ပါ၏။
ခရစ်တော်၏တရားလမ်းသို့လိုက်သော အမျိုးသား၊ အမျိုးသမီးများကိုတွေ့ရှိပါက ဖမ်းဆီး၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာရေးအတွက် ဒမတ်စကပ်မြို့ရှိ ဂျူးဝတ်ပြုဆောင်များသို့ အမှာစာများရေးပေးရန် တောင်းခံလေ၏။
ကိုယ်ခန္ဓာကို လှီးဖြတ်တတ်သူများဖြစ်သည့် အကျင့်ဆိုးကို ကျင့်သော ခွေးဖြစ်သူတို့ကို သတိပြုကြလော့။ ထိုသူတို့သည် ကယ်တင်ခံရရန် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူရမည်ဟု ပြောဆိုကြ၏။
သူ့ကို သတိထားလော့။ သူသည် ကျွန်ုပ်တို့ဟောပြောချက်များကို အပြင်းအထန်ဆန့်ကျင်သူဖြစ်၏။
အချို့မှာမူ လှောင်ပြောင်ခြင်း၊ ရိုက်ပုတ်ခြင်းကို ခံရပြီး သံကြိုးနှင့် ချည်နှောင်ခံရကာ ထောင်ချခံကြရ၏။