တမန်တော်ဝတ္ထု 26:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း11 ဂျူးဝတ်ပြုဆောင်အားလုံးတွင်လည်း သူတို့ကိုမကြာခဏအပြစ်ပေး၍ အယူဝါဒကိုစွန့်လွှတ်ရန် အတင်းအကျပ်စေခိုင်းခဲ့ပါ၏။ ထို့ပြင် သူတို့အပေါ် အလွန်စိတ်ဆိုးမုန်းတီးကာ နိုင်ငံရပ်ခြားမြို့များသို့ပင်လျှင်သွား၍ သူတို့ကို လိုက်လံညှဉ်းဆဲခဲ့ပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible11 တရားဇရပ်များတွင်သူတို့အားကြိမ်ဖန် များစွာအပြစ်ဒဏ်ပေးစေပြီးလျှင် သူတို့ ၏အယူဝါဒကိုစွန့်လွှတ်ကြစေရန်ကြိုး စားဆောင်ရွက်ခဲ့ပါ၏။ သူတို့အပေါ်၌ ဒေါသစိတ်မွှန်၍နေသဖြင့် အကျွန်ုပ်သည် နိုင်ငံရပ်ခြားမြို့များသို့ပင်သွားရောက် ၍သူတို့ကိုညှဉ်းဆဲခဲ့ပါ၏။'' အခန်းကိုကြည့်ပါ။Garrad Bible11 ဓ မ္မာ ရုံ ရှိ သ မျှ တွင် လည်း ကြိမ် ဖန် များ စွာ ဒဏ် ပေး သ ဖြင့် ဘု ရား သ ခင် အား ပုတ် ခတ် ကြ စေ ရန် ခိုင်း ခဲ့ ပါ သည်။ သူ တို့ အ ပေါ် တွင် အ မျက် ဒေါ သ ပြင်း စွာ ထွက် လျက် နိုင် ငံ ခြား မြို့ ရွာ များ တိုင် အောင် လိုက် လံ ညှဉ်း ပန်း ရာ ပ ရော ဟိတ် ကြီး တို့ ထံ မှ အ ခွင့် အာ ဏာ ရ လျက်၊ အခန်းကိုကြည့်ပါ။Judson Bible11 ထိုသူတို့သည် ဘုရားသခင်ကို နှုတ်ဖြင့် ပြစ်မှားစေခြင်းငှာ၊ အကျွန်ုပ်သည် အနိုင်အထက်ပြု၍၊ ခပ်သိမ်းသောတရားဇရပ်တို့၌ ကြိမ်ဖန်များစွာ ဒဏ်ပေးပါ၏။ ပြင်းစွာသော အမျက်ဒေါသနှင့် ယစ်မူးသဖြင့်၊ တစ်ကျွန်းတစ်နိုင်ငံတိုင်အောင် သူတို့ကို ညှဉ်းဆဲနှိပ်စက်ပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ဝတ်ပြုစည်းဝေးကျောင်းတိုင်းတွင်လည်း သူတို့ကို မကြာခဏပြစ်ဒဏ်ပေးလျက် ဘုရားသခင်ကိုစော်ကားပြောဆိုကြရန် အတင်းအကျပ်စေခိုင်းခဲ့ပါသည်။ ထိုမျှမက သူတို့အပေါ် အလွန်ဒေါသထွက်၍ တိုင်းတစ်ပါးမြို့များသို့တိုင်အောင် သူတို့ကို လိုက်လံညှဉ်းဆဲခဲ့ပါသည်။ အခန်းကိုကြည့်ပါ။ |
ဤအရာများစတင် ဖြစ်ပွားလျှင် သတိရှိကြလော့။ လူတို့သည် သင်တို့ကို တရားရုံးများသို့ အပ်ကြလိမ့်မည်။ ဂျူးဝတ်ပြုဆောင်များတွင်လည်း ရိုက်နှက်ကြလိမ့်မည်။ ငါ၏နောက်လိုက်များဖြစ်သောကြောင့် သင်တို့ကို ရှင်ဘုရင်များနှင့် အစိုးရအာဏာပိုင်များရှေ့သို့ ခေါ်ဆောင်သွားကြလိမ့်မည်။ ဤအရာသည် သင်တို့ကို ငါ့အကြောင်းသက်သေခံရသောအခွင့် ဖြစ်စေလိမ့်မည်။
သို့သော် ဤအရာများမဖြစ်ပွားမီ လူတို့သည် သင်တို့ကို ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်။ သင်တို့ကို ဂျူးဝတ်ပြုဆောင်များသို့ တရားစီရင်ရန် အပ်ကြလိမ့်မည်။ ထောင်များတွင်လည်း အကျဉ်းချထားကြလိမ့်မည်။ ငါ၏နောက်လိုက်များဖြစ်သောကြောင့် သင်တို့ကို ရှင်ဘုရင်များနှင့် အစိုးရအာဏာပိုင်များရှေ့သို့ ခေါ်ဆောင်သွားကြလိမ့်မည်။
ယဇ်ပုရောဟိတ်မင်းနှင့် တရားလွှတ်တော်အကြီးအကဲအားလုံးက ဤအကြောင်းအရာများ မှန်ကန်ကြောင်း သက်သေခံပေးနိုင်ကြ၏။ ကျွန်ုပ်သည် ဒမတ်စကပ်မြို့တွင် ရှိသောဂျူးညီအစ်ကိုများထံသို့ ရေးပေးလိုက်သောစာများကိုလည်း သူတို့ထံမှ ရယူ၏။ ထိုမြို့၌ ရှိသောသူတို့ကိုလည်း ဖမ်းဆီး၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာကာ အပြစ်ဒဏ်ပေးရန်အတွက် ဒမတ်စကပ်မြို့သို့ ထွက်သွားခဲ့၏။