Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 10:17 - မြန်မာ

17 လူ​တို့​ကို သ​တိ​ပြု​ကြ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို လွှတ်​ရုံး​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​တို့၌ ရိုက်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 သ​တိ​နှင့်​နေ​ကြ​လော့။ လူ​တို့​သည်​သင်​တို့​အား တ​ရား​ခုံ​ရုံး​သို့​ပို့​အပ်​ကြ​လိမ့်​မည်။ တ​ရား ဇ​ရပ်​များ​တွင်​ရိုက်​နှက်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 လူ တို့ ကို လည်း သ တိ မူ ကြ လော့၊ လွှတ် ရုံး များ သို့ ပို့ အပ် ခြင်း၊ ဓ မ္မာ ရုံ များ တွင် ရိုက် နှက် ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 လူ​တို့​ကို သ​တိ​ပြု​ကြ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို လွှတ်​ရုံး​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​တို့၌ ရိုက်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 လူ​တို့​ကို သတိထား​ကြ​လော့။ အကြောင်းမူကား သူ​တို့​သည် သင်​တို့​ကို တရားရုံး​သို့​အပ်နှံ​လျက် သူ​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ သင်​တို့​ကို ဒဏ်ခတ်​ရိုက်နှက်​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 လူတို့​ကို သတိပြုကြလော့။ သူတို့​သည် သင်တို့​ကို တရားရုံးများ​သို့ အပ်ကြ​လိမ့်မည်။ ဂျူးဝတ်ပြုဆောင်များ​တွင်လည်း ကြိမ်ဒဏ်ပေးကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 10:17
26 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​မှ​စ၍ တစ်​ပါး​အ​မျိုး​သား​တို့​အား သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ၊ မြို့​ဝန်​မင်း၊ ရှင်​ဘု​ရင်​ထံ​သို့ ငါ့​ကြောင့် သင်​တို့​ကို ပို့​ဆောင်​ကြ​လိမ့်​မည်။-


လူ​သား​အား ပြက်​ရယ်​ပြု​ခြင်း၊ ရိုက်​ပုတ်​ခြင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ပြု​စေ​ခြင်း​ငှာ တစ်​ပါး​အ​မျိုး​သား​တို့ လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။


ထို​ကြောင့် ဗျာ​ဒိတ်​တော်​အ​ချက် ဟူ​မူ​ကား ပ​ရော​ဖက်​ပ​ညာ​ရှိ ကျမ်း​ပြု​ဆ​ရာ​တို့​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်၏။ ထို​သူ​အ​ချို့​တို့​ကို ကွပ်​မျက်၍ လက်​ဝါး​ကပ်​တိုင်၌ သတ်​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကို တ​ရား​ဇ​ရပ်၌ ရိုက်၍ တစ်​မြို့​မှ တစ်​မြို့​သို့ ညှဉ်း​ဆဲ​နှင်​ထုတ်​ကြ​လိမ့်​မည်။-


ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ၊ လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် ယေ​ရှု​ကို​သတ်​ရ​မည်​အ​ကြောင်း မ​မှန်​သော​သက်​သေ​ကို ရှာ​သော်​လည်း မ​တွေ့​ကြ။-


ငါ​ပ​ညတ်​သည်​ကား၊ ညီ​အစ်​ကို​ကို အ​ထောက်​မ​တန် အ​မျက်​ထွက်​သော​သူ​သည် ရုံး၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏။ ညီ​အစ်​ကို​ကို ကဲ့​ရဲ့​သော​သူ​သည် လွှတ်​တော်၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏။ ညီ​အစ်​ကို​ကို ကျိန်​ဆဲ​သော​သူ​သည် ဂေ​ဟင်္နာ​အ​ရပ် ၌ မီး​ရှို့ ခြင်း​ကို ခံ​ထိုက်​ပေ၏။-


ထို​ကာ​လ၌ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သေ​စေ​ခြင်း​ငှာ အပ်​လိမ့်​မည်။ အ​ဘ​သည်​လည်း သား​ကို​အပ်​လိမ့်​မည်။ သား​သ​မီး​တို့​သည်​လည်း မိ​ဘ​ကို​ရန်​ဘက်​ပြု၍ သေ​စေ​ကြ​လိမ့်​မည်။-


သင်​တို့​သည် ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို လွှတ်​ရုံး​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​တို့၌ ရိုက်​ကြ​လိမ့်​မည်။ ထို​သူ​တို့​အား သက်​သေ​ဖြစ်​မည်​အ​ကြောင်း၊ သင်​တို့​သည် ဝန်​မင်း၊ ရှင်​ဘု​ရင်​ထံ​သို့ ငါ့​ကြောင့် ရောက်​ကြ​လိမ့်​မည်။-


သင်​တို့​ကို တ​ရား​ဇ​ရပ်​သို့​လည်း​ကောင်း၊ အ​ကဲ​အ​မှူး၊ မင်း​များ​ရှေ့​သို့​လည်း​ကောင်း၊ ပို့​ဆောင်​ကြ​သော​အ​ခါ အ​ဘယ်​သို့ ပြန်​ပြော​ရ​မည်​ကို မ​စိုး​ရိမ်​ကြ​နှင့်။-


ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် ဖာ​ရိ​ရှဲ​များ​သည် လွှတ်​အ​ရာ​ရှိ​တို့​ကို စည်း​ဝေး​စေ​ပြီး​လျှင်၊ ငါ​တို့​သည် အ​ဘယ်​သို့​ပြု​လျက် နေ​ကြ​သ​နည်း။ ထို​သူ​သည် များ​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​ကို​ပြ၏။-


လော​ကီ​သား​တို့​သည် သင်​တို့​ကို တ​ရား​ဇ​ရပ်​မှ နှင်​ထုတ်​လိမ့်​မည်။ သင်​တို့​ကို သတ်​သော​သူ​မည်​သည်​ကား၊ ဘု​ရား​ဝတ်​ကို ငါ​ပြု​ပြီ​ဟု မိ​မိ​ထင်​မှတ်​သော​အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ